#World_News
Published 31 October 2025
■ အမေရိကန်အစိုးရရဲ့ ပိတ်သိမ်းမှုတွေ၊ အစိုးရထောက်ပံ့ပေးနေတဲ့ သတင်းဌာနတွေကို ထရမ့်အစိုးရမှ ပိတ်ပင်မှုတွေကြောင့် ဘဏ္ဍာရေးအခက်အခဲေတွ ဖြစ်လာကာ လွတ်လပ်တဲ့အာရှရေဒီယို (RFA)က သတင်းထုတ်လွှင့်တင်ဆက်မှုတွေ ရပ်ဆိုင်းနေပြီလို့ သောကြာနေ့က ကြေညာလိုက်ပါတယ်။
■ RFA ဟာ ၁၉၉၆ ခုနှစ်တည်းက ရုပ်သံနဲ့ အွန်လိုင်းတို့ကနေ လွတ်လပ်စွာတင်ဆက်နေတဲ့ သတင်းဌာနဖြစ်ပါတယ်။
■ အစိုးရအဖွဲ့က ငွေကြေးဆိုင်ရာကိစ္စတွေ ချုပ်ထိန်းလာတာကြောင့် ပြီးခဲ့တဲ့ လများအတွင်း ဝန်ထမ်းအနည်းငယ်ဖြင့်သာ လည်ပတ်ခဲ့ပြီး အွန်လိုင်းကနေ သတင်းအနည်းအကျဉ်းသာ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။
■ RFA ၊ Radio Free Europe / Radio Liberty ၊ VOA တို့လို သတင်းဌာနတွေဟာ ကောင်းစွာမလည်ပတ်နိုင်ဘဲ အစိုးရရင်းမြစ်တွေ ဆုံးရှုံးစေတယ်လို့ ထရမ့်အစိုးရက ပြောထားပါတယ်။
■ ကန့်သတ်ရရှိတဲ့ အထောက်အပံ့တွေနဲ့ ဆက်လက်လည်ပတ်ဖို့ ခက်တာကြောင့် အတတ်နိုင်ဆုံးချုံ့ေနရတယ်လို့ RFA ဥက္ကဌ ဘေဖန်ကပြောပါတယ်။
■ RFA အနေနဲ့ နိုင်ငံရပ်ခြားဌာနတွေမှာ စတင်ပိတ်သိမ်းသွားမှာဖြစ်ကာ ဝန်ထမ်းတွေကို လျော်ကြေးပေးသွားမယ်လို့ ဆိုပါတယ်။
■ RFA ဟာ ၂၀၂၃ မှ ၂၀၂၄ အတွင်း ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုသူ ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
Source: AP News