#Local_News
Published 15 March 2025
▪️ ကနဦးယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းရာတွင် PO ၊ ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းကို လတ်တလောတွင် ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။
▪️ ထိုသို့ခေတ္တရပ်နားခြင်းမှာ ၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်တွင် နှစ်ချုပ်စာရင်းများ ဆောင်ရွက်ရန်အတွက်ဖြစ်ပြီး ကနဦးယာဉ်မှတ်ပုံတင်ကြေးအား PO နှင့် ဘဏ်ငွေသွင်းချလန်ဖြင့် ပေးသွင်းခြင်းများကို မတ်လ ၁၆ ရက်မှ ၃၁ ရက်အထိ ယာယီရပ်နားထားမည်ဖြစ်ကြောင်း ၊ လုပ်ငန်းဆောင်ရွက်သူများ အဆင်ပြေမှုရှိစေရန် မတ်လ ၂၆ ရက်မှ မတ်လ ၃၁ ရက် နံနက် ၁၂ နာရီအထိ ငွေသားဖြင့် လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီး လာမည့် ဧပြီလ ၁ ရက်မှစ၍ ကနဦးယာဉ်မှတ်ပုံတင်ခများ ပေးသွင်းခြင်းအား PO နှင့် ဘဏ်ငွေသွင်းချလန်တို့ဖြင့် ပြန်လည်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာ မှတ်ပုံတင်အခငွေများကို POစနစ်ဖြင့်လည်းကောင်း ၊ ဘဏ်ငွေသွင်းချလန်ဖြင့် လည်းကောင်း၊ငွေသားဖြင့်လည်းကောင်း ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (နေပြည်တော်)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ထောက်ကြန့်)၊ ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (ရွာသာကြီး)နှင့် ရုံးချုပ်၊ ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာန (မန္တလေး)တို့တွင် လက်ခံဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
စက်သုံးဆီရည်ညွှန်းဈေးနှုန်းတွေကတော့ ရန်ကုန်ဈေးကွက်ထဲမှာ အမျိုးအစားအားလုံး ဈေးဆက်လက်ကျဆင်းနေပြီး နှစ်ပတ်တာအတွင်း တစ်လီတာကို ၁၅၀ကျပ်ဝန်းကျင်အထိကျဆင်းလာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သိရပါတယ်။
#Local_News
Published 15 March 2025
#စက်သုံးဆီဈေးနှုန်းကျဆင်း #စက်သုံးဆီတင်သွင်းသိုလှောင်
#YMG/NN #Yangon_Times
#Local_News
Published 15 March 2025
▪️ မုန်းဇလဲကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီမီးဘေးရှောင်စခန်းမှာ မီးဘေးသင့်ပြည်သူ ၁၄၄၅ ဦးအား ထောက်ပံ့ငွေနှင့် စားနပ်ရိက္ခာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မုန်းဇလဲကျေးရွာ ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီမီးဘေးရှောင်စခန်းသို့ သွားရောက်၍ မီးဘေးသင့်ပြည်သူ ၁၄၄၅ ဦးအား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားကာ မီးဘေးသင့်ပြည်သူများ၏ တင်ပြချက်များအပေါ် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
▪️ ထိုသို့တွေ့ဆုံစဥ် မီးဘေးသင့် အိမ်ထောင်စု ၃၇၂ စု ၊ လူဦးရေ ၁၄၄၅ ဦးတိုအတွက် နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ထောက်ပံ့ငွေ ၊ ဆန် ၊ ဆီ ၊ ကုလားပဲ ၊ အဝတ်အထည်ကယ်ဆယ်ရေးပစ္စည်းများနှင့် သောက်ရေသန့်ဗူးကြီးများကို မီးဘေးသင့် ပြည်သူများထံ ထောက်ပံ့ပေးအပ်ပြီး ကျေးရွာတွင်း မီးလောင်ပျက်စီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ၌ မတ် ၁၂ ရက်နေ့က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၄၅၀၊ အိမ်ထောင်စု ၄၇၀ ရှိသည့်အနက် အိမ်ခြေ ၃၆၀ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၃၇၂ စု၊ လူဦးရေ ၁၄၄၅ ဦး မီးဘေးဒဏ်သင့်ခဲ့ကာ ဌာနဆိုင်ရာတာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းတွင် ယာယီမီးဘေးရှောင်စခန်းဖွင့်လှစ်ထားရှိပြီး လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဒေသတွင်းရှိ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ဝေးရပ်နီးမှ စေတနာအလှူရှင်များက မိမိတို့တတ်အားသရွေ့ အလှူငွေများ၊ အခြေခံစားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို လာရောက်ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 15 March 2025
▪️ ဆော်ဒီအာရေဗျနိုင်ငံတွင် အခက်အခဲကြုံနေသည့် မြန်မာအမျိုးသမီးကို မြန်မာသံရုံးမှ အမိနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ ဆော်ဒီအာရေဗျနိုင်ငံ Tabuk မြို့တွင် အခက်အခဲကြုံတွေ့နေရသည့် မညိမ်းညိမ်းခက်ဆိုသူ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးကို အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့က သက်ဆိုင်ရာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ချိတ်ဆက်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
▪️ ထိုသို့ဆောင်ရွက်ပေးခဲ့မှုကြောင့်ပင် မညိမ်းညိမ်းခက် ဆိုသူမြန်မာနိုင်ငံသားမှာ မတ် ၁၀ ရက်တွင် ရီရတ်ဒ်-နယူးဒေလီ-ဗန်ကောက်-ရန်ကုန် လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာနိုင်ခဲ့ပြီး မတ်လ ၁၃ ရက်၊ မနက်အစောပိုင်းတွင် အမိနိုင်ငံ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရသည့် မြန်မာနိုင်ငံသားများကို မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်းကူညီဆောင်ရွက်မှုဖြင့် အမိနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိသဖြင့် အခက်အခဲကြုံတွေ့နေရသူများအနေဖြင့် ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 15 March 2025
▪️ မြန်မာနိုင်ငံ ပြည်ပနိုင်ငံအသီးသီးရှိ ဆိပ်ကမ်းအသီးသီး၏ သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့နေရသော မြန်မာသင်္ဘောသားများကို မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF) မှ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံရပြီး မိခင်မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲဖြစ်ပေါ်နေခြင်း၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိခြင်း စသည့်ပြဿနာများ ကြုံတွေ့နေရသည့် သင်္ဘောသားများ၏ မိသားစုများအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်ဆိပ်ကမ်း၌ ထိန်းသိမ်းခံထားရသည်ကို အကြောင်းကြားရန် (MSF) က အသိပေးထားသည်။
▪️ ထိုသို့ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား မိသားစုများအနေဖြင့် သင်္ဘောသားအမည် ၊ CDC နံပါတ် ၊ Passport နံပါတ်၊ သင်္ဘောအချက်အလက်များ၊ မြန်မာနိုင်ငံတွင်ရှိသော ဒေသခံကိုယ်စားလှယ်အမည်နှင့် ရုံးလိပ်စာအပြင် နိုင်ငံခြားတွင်ရှိသော သင်္ဘောပိုင်ရှင်အမည်နှင့် ရုံးလိပ်စာများကို MSF သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင်အထိန်းသိမ်းခံရသည့်အကြောင်းအရင်းနှင့် နေရာတို့ကိုလည်း တင်ပြရမည်ဖြစ်သကဲ့သို့ ထိန်းသိမ်းခံရမှုအပေါ် ဒေသခံကိုယ်စား လှယ်က ဆောင်ရွက်ထားခြင်း ရှိမရှိနှင့် ရှိခဲ့လျှင် မည်သို့ဆောင်ရွက်ထားသည်ဆိုသည့် အချက်အလက်များကို အထောက်အထားနှင့်တကွ တင်ပြရမည်ဖြစ် ကြောင်း သိရသည်။
#YMG/NN #Yangon_Times
ဂျပန်နိုင်ငံသို့ သွားရောက်ဖို့အတွက် ဗီဇာလျှောက်ထားရာမှာ အွန်လိုင်းမှ တဆင့် လျှောက်ထားမှုကို ဧပြီလ ၁ရက်မှာ ပြန်လည်လက်ခံသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကထုတ်ပြန်လိုက်ပါတယ်။
#Local_News
Published 15 March 2025
#အွန်လိုင်းမှတဆင့်ဂျပန်ဗီဇာလျှောက်ထား #မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
#YMG/SW #Yangon_Times
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) အနေနဲ့ ရန်ပုံငွေလိုအပ်ချက် အလွန်ကြီးမားမှုကြောင့် ဧပြီလမှ စတင်ကာ မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းကျော်အတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအကူအညီတွေ ရပ်ဆိုင်းရတော့မှာ ဖြစ်တယ်လို့ ယမန်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
#Local_News
Published 15 March 2025
#ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ #အထောက်အပံ့များရပ်ဆိုင်း
#YMG/SW #Yangon_Times
#World_Science
Published 15 March 2025
▪️ နေစကြဝဠာအဖွဲ့အစည်း စတင်မွေးဖွားလာချိန် ကမ္ဘာမြေကြီး မူလဖြစ်ပေါ်မှုအဆင့်များအတွင်း ရေစတင်ထွက်ပေါ်လာတယ်လို့ ယူဆခဲ့ကြပေမယ့် မကြာသေးမီက စာတမ်းတစ်ခုမှာတော့ ဘစ်ဘန်းဖြစ်စဉ်ပြီးနောက် နှစ်ပေါင်းသန်း ၁၀၀-၂၀၀ကြား ရေစတင်ဖြစ်ပေါ်ခဲ့ဟန်ရှိတယ်လို့ ဖော်ပြလာပါတယ်။
▪️ ကမ္ဘာပေါ်က သစ်ပင်ပန်းမန်များနဲ့ သတ္တဝါအားလုံးအတွက် ရေက အလွန်အရေးပါပါတယ်။
▪️ ရေက သတ္တုဓာတ်နည်းပါးတဲ့ ဓာတ်ငွေ့ထဲမှာ ဖြစ်ပေါ်နိုင်တယ်လို့ သုတေသီများ ဖော်ပြထားပါတယ်။
▪️ ကမ္ဘာဂြိုဟ် မူလဖြစ်ပေါ်မှုအဆင့်များအတွင်း မီးတောင်လှုပ်ရှားမှုများ၊ ဥက္ကာခဲသက်ရောက်မှုများကနေ လေထုထဲသို့ ရေငွေ့အများအပြား ထွက်သွားပြီး ဖြည်းဖြည်းချင်းဖွဲ့စည်းသွားကာ သမုဒ္ဒရာ၊ မြစ်၊ ရေကန်များ ဖြစ်ပေါ်လာတယ်လို့ ယူဆထားပါတယ်။
▪️ ရေမော်လီကျူးက ဟိုက်ဒရိုဂျင်အက်တမ် ၂ ခုနဲ့ အောက်ဆီဂျင်အက်တမ်တစ်ခု ပေါင်းစည်းထားတာဖြစ်ပြီး သက်ရှိတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။
▪️ ဟိုက်ဒရိုဂျင်၊ ဟီလီယံတို့လို ပေါ့ပါးတဲ့ဒြပ်စင်တွေက ဘစ်ဘန်းဖြစ်စဉ်မှာ ထွက်ပေါ်လာပြီး ပိုလေးတဲ့ အောက်ဆီဂျင်လို ဒြပ်စင်တွေကတော့ ကြယ်ပေါက်ကွဲမှုအတွင်း နျူကလီးယား ဓာတ်ပြုမှုတွေကနေ ဖြစ်ပေါ်လာတယ်လို့ ရှင်းပြထားပါတယ်။
▪️ ဒန်နီယယ်ဝယ်လန်နဲ့ သုတေသီအဖွဲ့က နေဂြိုဟ်ထက် အဆပေါင်းများစွာ ထုထည်ကြီးတဲ့ ကြယ်ပေါက်ကွဲမှုကြီး ၂ ခုကို ကွန်ပျူတာမော်ဒယ်ဖြင့် ပြုလုပ်ဖန်တီးခဲ့ပါတယ်။
▪️ အောက်ဆီဂျင်ဓာတ်ငွေ့ အေးမြလာပြီး ဘေးနားက ဟိုက်ဒရိုဂျင်နဲ့ ပေါင်းစည်းပြီး ရေဖြစ်လာတာ သုတေသီများ တွေ့ခဲ့ကြပါတယ်။
▪️ ရေဖြစ်ပေါ်ရာ မူလနေရာတွေက သိပ်သည်းတဲ့ မော်လီကျူးတိမ်တိုက်တွေဖြစ်ကာ ဂြိုဟ်စတင်ဖြစ်ပေါ်မှုအတွက် အရာတွေဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
▪️ ယင်းတို့ သရုပ်ဖော်လေ့လာချက်များအရ ရေက ပထမဆုံးဂလက်ဆီများအတွက် အရေးပါတဲ့ ပါဝင်ဖွဲ့စည်းမှု ဖြစ်နိုင်ခဲ့ဖွယ် ရှိပါတယ်။
#Source: WION
#World_Health
Published 15 March 2025
▪️ ကလေးငယ်ပေါင်း ၂ သန်းကျော်ရဲ့အသက်တွေကို ကယ်တင်နိုင်ခဲ့တဲ့ ဩစတြေးလျမှ အမျိုးသားကြီး ဂျိမ်းစ်ဟာရစ်ဆန်ဟာ အသက် ၈၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။
▪️ ရွှေလက်ပိုင်ရှင်လို့ ခေါ်ကြတဲ့ ဟာရစ်ဆန်ဟာ ဆယ်စုနှစ် ၆ ခုကျော်အတွင်း နှစ်ပတ်တစ်ခါ သွေးရည်ကြည်လှူဒါန်းခဲ့ကာ စုစုပေါင်း အကြိမ်ရေ ၁,၁၀၀ ကျော် သွေးလှူခဲ့တာ ဖြစ်ပါတယ်။
▪️ ထိုလူသွေးလှူတာနဲ့ ပတ်သက်ပြီး အရေးပါတာက သန္ဓေသားတွေ ဝမ်းဗိုက်ထဲရှိနေစဉ် ရီဆပ်စ်ရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့ ရှားပါးပဋိဇီဝပစ္စည်း သူ့မှာပါဝင်နေတာကြောင့် ဖြစ်ပါတယ်။
▪️ သူ့အသက် ၁၄ နှစ်မှာ အဆုတ်ခွဲစိတ်မှုပြုလုပ်ခဲ့ရာမှာ သွေးအများအပြား သွင်းခဲ့ရပါတယ်။
▪️ လိုအပ်တဲ့ သွေးလှူဒါန်းမှု ရရှိခဲ့တဲ့အတွက် ကျေးဇူးတင်ရှိခဲ့ကာ ထိုအချိန်ကစပြီး အသက် ၈၁ နှစ်အထိ သွေးလှူဒါန်းနေခဲ့ပါတယ်။
▪️ ဟာရစ်ဆန်ရဲ့သွေးမှာ ပါဝင်တဲ့ ရှားပါးပဋိဇီဝပစ္စည်း Anti-Dက ရီဆပ်စ်ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ အသုံးပြုနိုင်ပါတယ်။
▪️ ရီဆပ်စ်ရောဂါက မိခင်အတွက် အန္တရာယ်မရှိနိုင်ပေမယ့် ပဋိဇီဝပစ္စည်းတွေက ကလေးရဲ့ သွေးဆဲလ်တွေကိုဖျက်ဆီးပစ်ကာ အသက်အန္တရာယ်အထိ ရှိနိုင်ပါတယ်။
▪️ "ဂျိမ်းစ်ဟာရစ်ဆန်က ထင်ရှားပြီးတော့ ရက်ရောတဲ့လူမျိုးဖြစ်ပြီး တစ်ကမ္ဘာလုံးက လူအများအပြားရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်" လို့ Lifeblood စီအီးအို စတီဖင်ကော်နယ်လီဆန်က ပြောပါတယ်။
▪️ အံ့ဩလောက်စရာ အမွေအနှစ်ကို ထားခဲ့ပြီး တစ်နေ့နေ့မှာ သူသွေးလှူတဲ့စံချိန်ကို ချိုးဖျက်နိုင်သူပေါ်လာဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
▪️ သူ့ဘဝသက်တမ်းတလျှောက် ဆုအများအပြားအပါအဝင် ဩစတြေးလျရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုတံဆိပ်လည်း ရရှိခဲ့ပါတယ်။
▪️ ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ သက်ကြီးရွယ်အို စောင့်ရှောက်ဂေဟာမှာ အိပ်နေရင်း ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။
▪️ ဟာရစ်ဆန်ရဲ့ ရက်ရောလှူဒါန်းမှုကြောင့် အသက်ဆက်ရှင်နေရတဲ့ မိသားစုတွေရှိနေတာ ကြားရတဲ့အတွက် ဂုဏ်ယူနေခဲ့တယ်လို့ သမီးဖြစ်သူ ထရေစီမယ်လိုရှစ်က ပြောသွားပါတယ်။
#Source: New York Post
တရုတ်၊ အီရန်၊ ရုရှားတို့ပါဝင်တဲ့ ရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကြီး Security Belt-2025ဟာ အင်္ဂါနေ့မွန်းလွဲက ပြီးဆုံးခဲ့ပြီး အီရန်ချာဘာဟာဆိပ်ကမ်းမှာ သင်္ဘောများဆိုက်ကပ်ခဲ့ပါတယ်။
#World_Military
Published 14 March 2025
#တရုတ်၊အီရန်၊ရုရှား #ရေကြောင်းစစ်ရေးလေ့ကျင့်မှု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 14 March 2025
၁။ ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်စာရင်းဝင် စာဝါကျားငှက် လေးသောင်းခန့် ဧရာဝတီ၌တွေ့ရှိ
၂။ စီးပွါးရေးလုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့နိုင်ရန် Commercial Loan လျှောက်ထားရယူနိုင်
၃။ ဆောက်လုပ်ရေးလောက ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်း ဆောင်ရွက်လိုသူများကို MCEF ဖိတ်ခေါ်နေ
၄။ တရုတ်၊ အီရန်၊ ရုရှားတို့ပါဝင်သော ရေကြောင်းစစ်ရေးလေ့ကျင့်မှုကြီးပြုလုပ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 14 March 2025
▪️ ဂျပန်က မြန်မာနိုင်ငံမှ နည်းပညာ အလုပ်သင်သင်တန်းသားများ ခေါ်ယူရာတွင် Laundry ကို လုပ်ငန်းအမျိုးအစားအသစ်အဖြစ်ထပ်မံဖြည့်စွက်လိုက်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့ထုတ်ပြန်ထားသည်။
▪️ ဂျပန်နိုင်ငံအနေဖြင့် နည်းပညာအလုပ်သင်သင်တန်းအစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ နည်းပညာ အလုပ်သင် သင်တန်းသားများ ခေါ်ယူလျက်ရှိရာ လုပ်ငန်းအမျိုးအစားများနှင့် စပ်လျဉ်း၍ Organization for Technical Intern Training (OTIT) မှ အကြောင်းကြားလာခြင်းကို တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ကြေညာပေးခြင်းဖြစ်သည်။
▪️ ထိုအကြောင်းကြားစာ၌ (က) လုပ်ငန်းနယ်ပယ်အမှတ်စဉ် (၇)၊ Others ၏ အောက်တွင် Code No. 7-14-2 ဖြင့် Laundry ကို လုပ်ငန်းအမျိုးအစားအသစ်အဖြစ် ထပ်မံဖြည့်စွက်ထားပြီး ဆောင်ရွက်ရ မည့် လုပ်ငန်းတာဝန် (Operation) မှာ Laundry Work for General Households ဖြစ်ကြောင်း၊(ခ) Code No. 7-14-1 (Linen Supply) ကို Laundry ဟု အမည်ပြောင်းလဲသတ်မှတ်ထားကြောင်း ဖော်ပြပါရှိသည်။
▪️ ထို့ကြောင့် တိုကျိုမြို့ရှိ မြန်မာသံရုံးက နည်းပညာအလုပ်သင်သင်တန်း အစီအ စဉ်ဖြင့် လာရောက်လုပ်ကိုင်နိုင်သည့် လုပ်ငန်းအမျိုးအစားများ ပြင်ဆင်၊ ဖြည့်စွက် ထားခြင်းအပေါ် သိရှိနိုင်ရန် အသိပေးခြင်းဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 281 of 1860