#World_News
Published 06 November 2025
▪️ ဖက်ဒရယ်အစိုးရယန္ထယားများ ရပ်တန့်နေမှု အဆုံးသတ်ဖို့ သဘောတူညီမှုမရပါက သောကြာနေ့ကစပြီး အမေရိကန် အဓိကလေဆိပ်ကြီး ၄၀ မှာ ခရီးစဉ် ၁၀ ရာခိုင်နှုန်း လျှော့ချသွားဖို့ အမေရိကန် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ရှောင်ဒပ်ဖီက ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။
▪️ ရပ်တန့်နေမှုက အခုဆိုရင် ၃၆ ရက်မြောက်နေ့ ရောက်လာကာ အမေရိကန်သမိုင်းမှာ အကြာရှည်ဆုံးဖြစ်လာပြီး လေကြောင်းထိန်းချုပ်ရေးမှူး ၁၃,၀၀၀ နဲ့ ပို့ဆောင်မှုလုံခြုံရေးစီမံအေးဂျင့် ၅၀,၀၀၀ ခန့်ဟာ လုပ်အားခမရဘဲ အလုပ်လုပ်နေရပါတယ်။
▪️ ဒါကြောင့် ဝန်ထမ်းအင်အားနည်းပါးမှု ပိုမိုဆိုးရွားလာကာ လေကြောင်းခရီးစဉ်နောက်ကျခြင်း၊ လေဆိပ်လုံခြုံရေးစစ်ဆေးဂိတ်တွေမှာ လူတန်းစီများလာခြင်းတို့ ဖြစ်လာစေပါတယ်။
▪️ အစိုးရက လေဆိပ် ၄၀ ကို အမည်မဖော်ပြသွားပေမယ့် နယူးယော့ခ်စီးတီး၊ ဝါရှင်တန်ဒီစီ၊ ချီကာဂို၊ အတ္တလန်တာ၊ လော့စ်အိန်ဂျလိစ်နဲ့ ဒဲလက်စ်အပါအဝင် အသွားအလာအများဆုံး လေဆိပ် ၃၀ ပါဝင်နိုင်ပါတယ်။
▪️ ထိုကနေ ခရီးစဉ် ၁,၈၀၀ နဲ့ ထိုင်ခုံနေရာပေါင်း ၂၆၈,၀၀၀ ကျော် လျော့နည်းသွားနိုင်တယ်လို့ Cirium လေကြောင်းဆန်းစစ်ရေးက ခန့်မှန်းထားပါတယ်။
▪️ လေကြောင်းပြဿနာတွေ ထပ်ပြီးထွက်ပေါ်ပါက သောကြာနေ့နောက်ပိုင်း ပျံသန်းရေးထိန်းချုပ်ကန့်သတ်ချက်တွေ ပိုပြီးချမှတ်သွားနိုင်တယ်လို့လည်း အမေရိကန်ဖက်ဒရယ်လေကြောင်းစီမံကွပ်ကဲရေးက သတိပေးထားပါတယ်။
▪️ အမေရိကန်လေယာဉ်ကုမ္ပဏီတွေကို ကိုယ်စားပြုတဲ့ Airlines for America အဖွဲ့က ယခုလိုလျှော့ချရခြင်း အသေးစိတ်တွေကို နားလည်ဖို့နဲ့ ခရီးသည်တွေ ကုန်တင်ပို့သူတွေကို အနည်းဆုံးသာသက်ရောက်စေဖို့ အစိုးရနဲ့အတူ လုပ်ဆောင်နေကြောင်း ပြောထားပါတယ်။
▪️ ဒီလိုရပ်တန့်နေရခြင်းက ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တွေကြား နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေကနေ အခြေခံတာ ဖြစ်ပါတယ်။
▪️ ဒီလိုရပ်တန့်မှုတွေကြောင်း လေကြောင်းစတော့တွေ ၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားကာ ခရီးသည်ပေါင်း ၃.၂ သန်းကျော် ခရီးစဉ်နှောင့်နှေးဖျက်သိမ်းထားရပါတယ်။
Source: Reuters