#World_Health
Published 8 November 2022
ဆောင်းရာသီရောက်လာတာနဲ့အမျှ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်းများ အဖြစ်များလာကြပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့်လည်း ယခုဆောင်းရာသီမှာ တုပ်ကွေးပိုပြီးအဖြစ်များလာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားပါတယ်။
မိမိဆီကထွက်လာတဲ့ ချွဲ သလိပ်အရောင်ကိုကြည့်ပြီး ကျန်းမာရေးအကြောင်း သိရှိနိုင်ပါတယ်။
နှာရည်ယိုခြင်း ချောင်းဆိုးခြင်းတို့ဟာ ခန္ဓာကိုယ်ကနေ ရောဂါပိုးမွှားတွေကို တိုက်ထုတ်တဲ့လက္ခဏာဖြစ်ကြောင်း ဒေါက်တာ'ဆာရာဘရူရာ'က ပြောကြားလိုက်ပါတယ်။
ချွဲသလိပ်ထွက်တာက ပုံမှန်ဖြစ်ပြီး အဆုတ်၊ အသက်ရှူလမ်းကြောင်းတို့မှာ ကာကွယ်ပေးပါတယ်။
ထွက်တဲ့ချွဲသလိပ်အရောင်ပေါ်မူတည်ပြီး ကျန်းမာရေးအခြေအနေကို လေ့လာနိုင်ပါတယ်။
(၁) ချွဲအကြည်ရောင်
အရောင်ကြည်တဲ့ ချွဲသလိပ်က ကောင်းတဲ့လက္ခဏာဖြစ်ပြီး ခန္ဓာကိုယ်ထဲက ခုခံပစ္စည်းတွေ သူ့အလုပ်သူ ကောင်းကောင်းလုပ်နေပါတယ်။
(၂) အဖြူရောင်
အဖြူရောင်ချွဲသလိပ်က ထူပြီးတော့ မကြည်လင်ပါဘူး။
အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ ရောဂါပိုးဝင်ရောက်နေတဲ့ အခြေအနေဖြစ်ပါတယ်။
(၃) အဝါရောင်
ချွဲသလိပ်က ထူထဲပြီး ဝါညစ်ညစ်ဖြစ်နေရင် ဘက်တီးရီးယားပိုး ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုး ဝင်ရောက်တဲ့အခြေအနေဖြစ်ကာ အသက်ရှူလမ်းကြောင်းအောက်ပိုင်းမှာ ဖြစ်တတ်ပါတယ်။
နောက်ရက်အနည်းငယ်အထိ အဲဒီလိုချွဲသလိပ်ဆက်ထွက်နေရင်တော့ ဆရာဝန်နဲ့ပြသင့်ပါပြ။
(၄) ပန်းရောင်
ပန်းရောင်ချွဲသလိပ်ထရင် အဆုတ်မှာရေပြည့်လာတာဖြစ်ပြီး အသက်ရှူကြပ်ခြင်းပါ ဖြစ်တတ်ပါတယ်။
(၅) အနီရောင်
အနီရောင်ချွဲသလိပ်က အစိုးရိမ်ရဆုံးအခြေအနေပါပဲ။
ချောင်းဆိုးခြင်း၊ ရင်ဘတ်ရောဂါပိုးဝင်ခြင်း၊ အဆုတ်အကျိတ်ရောင်ခြင်းတို့ကြောင့် အနီပုပ်ရောင် ဖြစ်နေတတ်ပါတယ်။
(၆) အညိုရောင်
ဆေးလိပ်အလွန်သောက်သူတွေမှာ အညိုရောင်ချွဲသလိပ် ထွက်တတ်ပါတယ်။
မီးခိုငွေ့ရှူရှိုက်ခြင်း၊ လေထုညစ်ညမ်းမှုတို့ကြောင့် အညိုရောင်ထွက်တတ်သလို အဆုတ်ရောင်ခြင်းကြောင့်လည်း ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသသင့်ပါတယ်။
(၇) အနက်ရောင်
ကျေးလက်နယ်တွေဘက်ကို မကြာမကြာသွားတတ်ရင် အနက်ရောင်ချွဲသလိပ်ထွက်လာတတ်ပါတယ်။
အမည်းရောင်ဖုန်မှုန့်တွေရှူမိခြင်းကြောင့်ဖြစ်နိုင်သလို ဆေးလိပ်သောက်ခြင်းကြောင့်လည်း အနက်ရောင်ချွဲထတတ်ပါတယ်။
Source: The Sun
#Yangon_Media_Group
Published 7 Nov 2022
ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကို နိုဝင်ဘာ ၄ရက် ကစပြီး ကျင်းပနေပါတယ်။ အဲဒီပွဲတော်ကို လူထောင်ပေါင်းများစွာ လာရောက်ဆင်နွှဲနေကြပါတယ်။
ဒီပွဲတော်ကို ကိုဗစ်ရောဂါကြောင့်မကျင်းပဖြစ်ခဲ့တာ (၂)နှစ်ရှိပြီး ယခုနှစ်မှာမှ ပြန်လည် ကျင်းပတာဖြစ်ပါတယ်။
တနင်္ဂနွေညမှာ ပြိုင်ဘက်အသင်းတွေက မီးကျည်မီးပန်းတွေတပ်ဆင်ထားတဲ့ မီးပုံပျံတွေကို လွှတ်တင်ခဲ့ကြတာ တွေ့မြင်ရပါတယ်။
ပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ ၈ရက်အထိ (၅)ရက်တိုင် ကျင်းပမှာဖြစ်ပါတယ်။
Video: AFP
#Pyin_Oo_Lwin
#Tazaungdaing_light_festival
#hot-air_balloon_festival
#Local_News
Published_ 7 November 2022
နိုဝင်ဘာလ(၇)ရက် တန်ဆောင်မုန်းလပြည့်နေ့မှာ ပုဂံဒေသရှိ ရွှေစည်းခုံ၊ အာနန္ဒာ၊ ဓမ္မာရံကြီးဘုရားစတဲ့ တန်ခိုးကြီးဘုရားတွေမှာ ဘုရားဖူးတွေနဲ့ပြည့်နေတယ်လို့ ပုဂံဒေသခံခရီးသွားလမ်းညွှန်ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#World_Campaign
Published 7 November 2022
အင်္ဂလိပ်ကျောင်းသူလေး'လောင်ရီမိုး'ဟာ အသက် ၁၃ နှစ်သာရှိသေးပေမယ့် ဘဝမှာ အောင်မြင်မှုများစွာရရှိထားပြီး သူ့လိုပဲမျက်မှန်တပ်ရတဲ့ကလေးတွေကို အားပေးထောက်ခံလျက်ရှိပါတယ်။
#Yangon_Media_Group
Published 7 November 2022
အင်္ဂါနေ့မှာ စတင်ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် ရီပတ်ဗလီကန်တွေကို မဲပေးကြဖို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ မဲဆွယ်စည်းရုံးပွဲကို လက်ထရော့ဘ်မြို့မှာ နိုဝင်ဘာ (၆)ရက်က ကျင်းပခဲ့ပါတယ်။
ကွန်ဂရက်မှာ အနီရောင်းလှိုင်းလွှမ်းသွားရမယ်လို့ သူတို့ကယုံကြည်မျှော်လင့်ထားကြနေတဲ့အလျောက် ထရမ့်ဟာ လာမယ့် သက်တမ်းဝက်ရွေးကောက်ပွဲမှာ မဲပေးရမယ့်သူတွေအထဲ မပါသည့်တိုင် ပင်ဆဲလ်ဗေးနီးယားက ရီပတ်ဗလီကန်တွေအတွက် အဓိကဆွဲဆောင်သူဖြစ်နေပါတယ်။
“ အင်မတန့် အင်မတန် တိုတောင်းတဲ့ကာလကလေးမှာ ခင်ဗျားတို့ပျော်လာလိမ့်မယ်လို့ ကျွန်တော်ကတိပေးတယ်” လို့ ထရမ့်ကပြောပါတယ်။
သမ္မတရွေးပွဲအပြီး(၂)နှစ်အကြာမှာ ပုံမှန်ကျင်းပရတဲ့ သက်တမ်းဝက်ရွေးကောက်ပွဲဟာ လက်ရှိအိမ်ဖြူတော်မှာရှိနေတဲ့ သူတွေအတွက် ပြည်သူ့ဆန္ဒခံယူတဲ့ပွဲတစ်ခုလို အများကမြင်ထားကြပါတယ်။
ဒီရွေးကောက်ပွဲမှာ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေနှင့် အခြားအရာရှိနေရာ တွေကို ဘယ်သူတွေက ထိန်းချုပ်မလဲ ဆိုတာ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
အင်္ဂါနေ့ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်တွေ အနိုင်ရလျှင် ဒါဟာ ထရမ့်ကို ပြန်ပြီး အာဏာရရှိစေဖို့ လမ်းပွင့်သွားမယ်လို့ ထရမ့်ကိုထောက်ခံသူတွေက ယုံကြည်ထားကြပါတယ်။
“ သမ္မတရာထူးနှင့်ထိုက်တန်တာ သူတစ်ဦးတည်းရှိတယ်” လို့ အသက် ၃၉ နှစ်အရွယ် ဘော့စ်ဝဲလ်ကပြောပါတယ်။
Source: AFP
#Trump_Rally
#Save_America
#Republicans_Rally
#Local_News
Published _ 7 November 2022
တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို ပြေးဆွဲပေးနေတဲ့ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းတွေအနေနဲ့ တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလအတွင်း ယာဉ်စီးခတိုးမြှင့်ကောက်ခံတာမျိုးတွေမရှိစေဖို့ ဆောင်ရွက်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_7 November 2022
ရန်ကုန်မြို့ရဲ့ အများပြည်သူစီးနင်းနေတဲ့ ယာဉ်လိုင်းတွေပေါ်မှာ လုယက်မှုတွေဟာ အရင်ထက်ပိုများလာတယ်လို့ ခရီးသွားပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_7 NOVEMBER 2022
နိုဝင်ဘာလအစမှာတော့ ပြည်ပခရီးသွားဧည့်သည်တွေဟာ စတင်ဝင်ရောက်လာပြီဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 7 November 2022
၁။ နိုဝင်ဘာလအစတွင် ပြည်ပခရီးသွားဧည့်သည်များ စတင်ဝင်ရောက်လာဟု UMTA ဥက္ကဋ္ဌပြော
၂။ အများပြည်သူယာဉ်လိုင်းများပေါ်တွင် လုယက်မှုတွေပိုမိုများပြားလာ
၃။ အခါကြီးရက်ကြီးတွေမှာ အဝေးပြေးယာဉ် လက်မှတ်ခတွေ ပိုမရောင်းရန်ညွှန်ကြားထား
၄။ အီမိုဂျီရုပ်ပုံများကို မျက်မှန်တပ်ပေးလို့ရအောင် ဖန်တီးပေးရန် အင်္ဂလန်ဆယ်ကျော်သက်မိန်းကလေးတိုက်တွန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_7 November 2022
ယခုဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၂၈ ရက်အထိ ခုနှစ်လတာနီးပါးကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၀၇ ဒသမ ၄၆ သန်းရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _7 November 2022
လေယာဉ်တစ်စီး စစ်တွေလေဆိပ်သို့ဆင်းသက်ပြီးချိန် အင်ဂျင်ကို ငှက်ဝင်တိုက်မှုဖြစ်၍ လေယာဉ်အပြောင်းအလဲလုပ်ခဲ့ရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
အဆိုပါအပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း၊ လေယာဉ်အမျိုးအစား E-190၊ လေယာဉ် အမှတ် XY-ALO သည် ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက် ၉ နာရီခန့်တွင် ရန်ကုန်မှ စစ်တွေလေဆိပ်သို့ဆင်းသက်ခဲ့ပြီး ခရီးသည်များဆင်းနေစဉ် လေယာဉ်အင်ဂျင်ကို ငှက်ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။
ခရီးသည်များ အားလုံးဆင်းပြီးနောက် လေယာဉ်ကို ကြည့်ရှုစစ်ဆေးခဲ့ရာ လေယာဉ်၏ယာဘက်အင်ဂျင်အတွင်း ငှက်တိုက်မိထားသည်ကိုတွေ့ရှိရသဖြင့် ရန်ကုန်ရုံးချုပ်မှ ငှက်တိုက်ခံထားရသော လေယာဉ်ပြုပြင်ပေးမည့် အင်ဂျင်နီယာများနှင့် နောက်ထပ်လေယာဉ်(၁)စီး ကို စေလွှတ်ပေးခဲ့ကြောင်း၊ ယင်းလေယာဉ်ဖြင့်ပင် ရန်ကုန်သို့ ပြန်လည်လိုက်ပါမည့်ခရီးသည်များအား ပြန်လည်သယ်ဆောင်လာခဲ့ရကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published _ 7 november 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊တန့်ယန်းမြို့နယ်ရှိ ဟုန်ပန်းခြံလမ်းတွင် ယနေ့ နိုဝင်ဘာလ ၇ ရက် မွန်းတည့်ပိုင်းတွင် ကိုယ်ပိုင်ကားနှင့် ဆိုင်ကယ်တိုက်မိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းထံမှ သိရသည်။
ယနေ့ မွန်းတည့်ချိန် ၁၂ နာရီခန့်က ဟုန်ပန်းခြံလမ်းရှိ လိမ္မော်ခြံအနီးတွင် TOYOTA Wish ကားနှင့် ဆိုင်ကယ်တိုက်မိ၍ ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း သတင်းရရှိသဖြင့် တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် လူ၄ဦး ဒဏ်ရာရရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၃ ဦး(စုစုပေါင်း ၄ ဦး)အား လူ နာတင်ကားများဖြင့် တန့်ယန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ဒဏ်ရာရရှိသူများမှာ စိုးရိမ်ရမှု အခြေအနေမရှိကြောင်းလည်း ၎င်းတို့ထံမှ သိရှိရသည်။
#ymg/NN
#Yangon_Media_Group
Page 1467 of 1948