#Local_News
Published_ 12 January 2023
ကိုဗစ်-၁၉ ရောဂါကြောင့် ၃ နှစ်ခန့်ကြာပိတ်ထားခဲ့ရသော ထိုင်း-မြန်မာ နယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ်(၁) တံတားကို ယနေ့ ဇန်နဝါရီလ ၁၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
"မဲဆောက် - မြဝတီ ချစ်ကြည်ရေးအမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ထိုင်းနဲ့ မြန်မာတာဝန်ရှိသူတွေပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကပဲ ဆွေးနွေးခဲ့တာ။ ဟိုနေ့ဖွင့်မယ်၊ ဒီနေ့ဖွင့်မယ်နဲ့ တော်တော့ကို ကြာခဲ့ပါတယ်။ ဒီနေ့ကတော့ ဖွင့်ပါပြီ။ မဲဆောက်ကို သွားမယ့်သူတွေ အနေနဲ့ ကတ်လုပ်ပြီးတာနဲ့ သွားလို့ရပါပြီ"ဟု တံတားဖွင့်လှစ်ရေး တာဝန်ရှိသူကပြောသည်။
မြန်မာ - ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားသည် မြန်မာနိုင်ငံ မြဝတီမြို့နှင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကို ဆက်သွယ်ရန် သောင်ရင်းမြစ်ပေါ်၌ ဆောက်လုပ်ထားသော တံတားဖြစ်သည်။ ၁၉၉၇ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၄၂၀မီတာ (၁,၃၈၀ ပေ) ရှည်လျားကာ ၁၃မီတာ (၄၂ပေ ၈လက်မ) ကျယ်ဝန်းပြီး အရေးပါသော တံတားတစ်စင်းဖြစ်သည်။လွန်ခဲ့သော ၂၀၁၉ခုနှစ်က အမှတ် (၂)တံတားကို ဖွင့်လှစ်ခဲ့ပြီးနောက် အမှတ် (၁)တံတားမှ လူနှင့် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပေးတော့ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 12 January 2023
လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူတွေအနေနဲ့ နေ့စဉ်ဗာဒံစေ့စားသုံးခြင်းဖြင့် သွေးထဲမှာ အကျိုးပြုအဆီတွေများစေပြီး ကြွက်သားပြေလျော့ခြင်းကို ဖြစ်စေပါတယ်။
စမ်းသပ်ခံတဲ့သူတွေကို တစ်လမျှကြာအောင် နေ့စဉ်ဗာဒံစေ့ ၅၇ ဂရမ်စားသုံးစေခဲ့ရာ DiHOME အက်ဆစ်ပိုများလာတာတွေ့ရပါတယ်။
မြောက်ကယ်ရိုလိုင်းနားသုတေသနမှ ပရော်ဖက်ဆာ'ဒေးဗစ်နီမန်'ရဲ့ ပြောကြားချက်အရ ဗာဒံစေ့စားသူတွေမှာ လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် အကျိုးပြုအဆီများပိုများလာကြောင်း၊ နွမ်းနွယ်ခြင်းနဲ့ တင်းမာမှုများလျော့ကျစေကြောင်း၊ ကြွက်သားထိခိုက်ခြင်းလျော့ကျစေကြောင်း ပြောပြခဲ့ပါတယ်။
ဗာဒံစေ့စမ်းသပ်ပြီး ၄ ပတ်မြောက်မှာ သုတေသီတွေက သွေးနဲ့ဆီးတို့ကို ရယူခဲ့ပါတယ်။
ထို့နောက် လေ့ကျင့်ခန်းများပြုလုပ်ပြီး သွေးနဲ့ဆီးများထပ်ယူခဲ့ကြပါတယ်။
အဲဒီနောက် လေ့ကျင့်ခန်းပြုလုပ်ပြီး ကြွက်သားနာကျင်ရောင်ရမ်းမှု ခံစားရခြင်းအကြောင်းကို မေးမြန်းခဲ့ကြပါတယ်။
မိနစ် ၉၀ ခန့်လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ကြွက်သားရောင်ရမ်းထိခိုက်ခြင်းအပြင် နွမ်းနယ်ခြင်း၊ စိတ်ကျခြင်းတို့ ဖြစ်စေပါတယ်။
နေ့စဉ်ဗာဒံစေ့စားသုံးခြင်းဖြင့် ဇီဝဖြစ်စဉ်ပြောင်းလဲခြင်း၊ ရောင်ရမ်းမှုလျှော့ချခြင်း၊ လျင်မြန်စွာပြေလျော့သက်သာခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
"ဗာဒံစေ့က အဟာရဓာတ်ဖြစ်စေပြီး ဇီဝဖြစ်စဉ်သက်သာခြင်းကို အထောက်အကူဖြစ်စေပါတယ်။ ဗာဒံစေ့မှာ ပရိုတိန်း၊ အကျိုးပြုအဆီများ၊ ဗိုက်တာမင်-အီး၊ သတ္တုဓာတ်၊ အမျှင်ဓာတ်များ ကြွယ်ဝစွာပါဝင်ကာ ရောင်ရမ်းခြင်းနဲ့ ဖိစီးမှုတို့ကို လျှော့ချပေးပါတယ်" လို့ ပြောပြသွားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Science
Published 12 January 2023
တရုတ်နိုင်ငံမှာ သိပ္ပံပညာရှင်တွေက လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၁၂၀ ခန့်က ထူးဆန်းတဲ့သတ္တဝါတစ်ကောင်ရဲ့ ရုပ်ကြွင်းကိုတွေ့ရှိခဲ့ကြပါတယ်။
ထိုရုပ်ကြွင်းဟာ ဒိုင်နိုဆောဦးခေါင်းနဲ့ ငှက်ခန္ဓာကိုယ်တို့ရှိတာကြောင့် ငှက်တွေဟာ ဒိုင်နိုဆောကနေ ဆင်းသက်လာတာလားဆိုတာ အငြင်းပွားစရာဖြစ်လာပါတယ်။
ရုပ်ကြွင်းကို တရုတ်မြောက်ပိုင်းကနေ တူးဖော်ရရှိတာဖြစ်ပြီး ယခုခေတ်ငှက်များ ဆင့်ကဲပြောင်းလဲလာပုံကို သေချာလေ့လာနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
ဒီရုပ်ကြွင်းကို Cratonavis zhui လို့အမည်ပေးထားကာ ရှည်လျားတဲ့ ပခုံးတောင်ပံအသွားတွေနဲ့ လက်သည်းများပါရှိပါတယ်။
ဦးခေါင်းကြီးမားလှပြီး တိုင်ရန်နိုဆောရပ်စ်နဲ့ အတော်ကိုဆင်တူနေပါတယ်။
တရုတ်သိပ္ပံအကယ်ဒမီ(CAS)မှ သုတေသီများက ရုပ်ကြည် CT စကင်ဖြင့် ဦးခေါင်းကိုရိုက်ခဲ့ကြပါတယ်။
အရိုးတွေကိုကြည့်ပြီး အဆိုပါငှက် ရှင်သန်ခဲ့တဲ့အချိန်ကအတိုင်း ဦးခေါင်းရဲ့ ပုံစံနဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်တည်ဆောက်ခဲ့ကြပါတယ်။
Cratonavis ရဲ့ ဦးခေါင်းသဏ္ဍာန်က ငှက်နဲ့သိပ်မတူဘဲ တိုင်ရန်နိုဆောရပ်စ်နဲ့သာ ပိုတူနေကြောင်း အဖြေထွက်လာပါတယ်။
ဒိုင်နိုဆောမျိုးနွယ်ရဲ့ ပျံသန်းနိုင်တဲ့အမျိုးအမည်အရ Cratonavis ဟာ အမြီးရှည် Archaeopteryx မျိုးနွယ်နဲ့ လက်ရှိငှက်မျိုးနွယ်တွေမှာတွေ့ရတဲ့ Ornithothoraces မျိုးနွယ်တို့ကြားမှာ ရှိနေပါတယ်။
ဂေဟစနစ်ကွဲပြားချက်အရ သက်ရှိငှက်များကြား လုပ်ဆောင်ချက်ဖြစ်တဲ့ အပေါ်မေးရိုးနဲ့ ဦးနှောက်၊ အောက်မေးရိုးတို့ လွတ်လပ်စွာရွေ့လျားနိုင်ခြင်းမျိုး Cratonavis မှာ မတွေ့ရကြောင်း CAS မှ ရှေးဟောင်းရုပ်ကြွင်းပညာရှင် 'ကျီဟန်လီ'က ဖော်ပြရေးသားထားပါတယ်။
Cratonavis ဟာ ပျံသန်းနိုင်တဲ့စွမ်းရည် နည်းပါးပေမယ့် ပခုံးရိုးသဘာဝကတော့ အတောင်ပံကိုကောင်းစွာလှည့်နိုင်ကြောင်း စာတမ်းပြုစုသူ'ဝမ်မင်'က ပြောပြခဲ့ပါတယ်။
Source: WION
#Yangon_Media_Group
#Local_News
Published _12 January 2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပြည်လမ်းမပေါ် အေဝမ်းကားမှတ်တိုင်အနီးတွင် ဇန်နဝါရီဘ ၁၁ ရက် ည ၁၀နာရီ မိနစ် ၄၀ခန့်ကယာဉ်တစ်စီးအရှိန်တိမ်းမှောက်၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း"ရွှေရောင်သမိုင်း"အသင်းလူမှုရေးအသင်းက ထုတ်ပြန်ထားသည်။
အဆိုပါ အမျိုးသမီးအား လိုအပ်သည့်ကနဦး ပြုစုမှုများဆောင်ရွက်ပေးကာယင်းအသင်း၏ယာဉ်ဖြင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းလည်း ထုတ်ပြန်ထားသည်။
အဆိုပါယာဉ်မှာ အရှိန်လွန်၍ ဓာတ်တိုင်ကိုတိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးမှာ အသက် ၄၀ခန့်အရွယ်ဖြစ်ပြီး ဒဏ်ရာမှာ မစိုးရိမ်ရကြောင်းလည်း သိရသည်။

#ymg/mt
#Yangon _Media_Group
#Local_News
Published_11 January 2023
တရုတ်နိုင်ငံဘက်မှာ ကိုဗစ်ရောဂါပိုးတွေ့နှုန်းများနေတာကြောင့် မြန်မာဘက်က နယ်စပ်ဂိတ်တွေကို ဖွင့်မသေးနိုင်သေးဖြစ်နေပါတယ်။
#Yangon_Media_Group
#World_Industry
Published 11 January 2023
ဆာမူရိုင်းဓားများသွန်းလုပ်ခြင်းဖြင့် နာမည်ကြီးခဲ့တဲ့ ဂျပန်မြို့တစ်မြို့မှာ ပန်းတိမ်သမားတွေက မီးဖိုချောင်သုံးဓားကို ထက်မြက်တောက်ပြောင်အောင် ကြိုးစားပြုလုပ်နေကြပေမယ့် တစ်ကမ္ဘာလုံးရဲ့လိုအပ်ချက်ကိုတော့ ဒီစက်ရုံလေးက လိုက်မီအောင် မဖြည့်ဆည်းနိုင်သေးပါဘူး။
#Yangon_Media_Group
Published 11 Jan 2023
အမေရိကန်နိုင်ငံ ဖက်ဒရယ်လေကြောင်းအာဏာပိုင်အဖွဲ့က ဇန်နဝါရီ(၁၁)ရက် ယနေ့မှာ ကွန်ပျူတာစနစ်အကြီးအကျယ်ချို့ယွင်းမှုကြောင့် အန္တရာယ်သတိပေးမှုတွေကို လေယာဉ်မှုးတွေနှင့် အခြားသော လေကြောင်းပျံသန်းရေးဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားတဲ့အတွက် နိုင်ငံတစ်လွှားမှာရှိတဲ့ လေကြောင်းပျံသန်းမှုတွေကို ရပ်တန့်လိုက်ကြရပါတယ်။
ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ သတိပေးမှုတွေထုတ်ပြန်တဲ့အထဲမှာ ဖက်ဒရယ်လေကြောင်းအာဏာပိုင်(အက်ဖ်အေအေ)က NOTAM လို့ခေါ်တဲ့ လေကြောင်းမစ်ရှင်သို့ သတိပေးစနစ် ချို့ယွင်းသွားတယ်လို့ပြောခဲ့ပြီး ဘယ်တော့ပြန်ကောင်းမယ်ဆိုတဲ့ အချိန်ကိုလည်း ပြောမသွားခဲ့ပါဘူး။
ဒေသစံတော်ချိန် မနက်၈နာရီအထိ အမေရိကန်နိုင်ငံအတွင်း နှင့်နိုင်ငံပြင်ပ ပျံသန်းမယ့် ခရီးစဉ်ပေါင်း ၂၅၀၀ကျော်ဟာ နှောင့်နှေးခဲ့ကြရတယ်လို့ လေယာဉ်ခရီးစဉ်နောက်ယောက်ခံဝက်ဘ်ဆိုက် FlightAware ကပြောပါါတယ်။ ခရီးစဉ် ၁၅၀ကျော်ကိုလည်းဖျက်သိမ်းလိုက်ပြီး အရေအတွက်ဟာ ထပ်မံတိုးလာဖို့ရှိနေပါတယ်။ ခရီးစဉ်နှောင့်နှေးခဲ့ရတာ တွေအများစုဟာ အရှေ့ဖက်ကမ်းခြေတစ်ဝိုက်ကဖြစ်ပါတယ်။
ဒါဟာဆိုက်ဘာတိုက်ခိုက်မှုလားဆိုတာကိုတော့ အိမ်ဖြူတော်က ငြင်းဆိုလိုက်ပါတယ်။ဒါပေမယ့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကို ဒီလိုပြတ်တောက်မှုဘာကြောင့်ဖြစ်ရတယ်ဆိုတာ စုံစမ်းဖော်ထုတ်ဖို့ သမ္မတ ဘိုင်ဒင်က တိုက်ရိုက်ညွှန်ကြားလိုက်ပါတယ်။
(မှတ်ချက်။နောက်ဆုံးရသတင်းအရ အချို့ခရီးစဉ်များပြန်လည်ပျံသန်းနိုင်ပြီဟုသိရပါတယ်)
Source: WION
#US_Flights_cancelled_due_to_computer_outage
#Federal_Aviation_Administration
#US_Aviation


#Local_News
Published_11 January 2023
ယခုရက်ပိုင်းအတွင်းမှာ နယ်စပ်ကုန်သည်တွေရဲ့ ဝယ်လက်နည်းပါးလာတာကြောင့် ကြက်သွန်နီဈေးနှုန်းဟာ ကျဆင်းလာတယ်လို့ ကြက်သွန်ပွဲရုံတွေကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_11 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ကိုးလတာကာလအတွင်းမှာ ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပိုမှုကနေ အမေရိကန်ဒေါ်လာ ၅၄၈ ဒသမ ၇၃ သန်းရရှိထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 11 January 2023
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မြေအရောင်းအဝယ်တွေလုပ်တဲ့အခါ ပိုင်ဆိုင်မှုစာရွက်တွေဖြစ်တဲ့ စလစ်တွေ၊ ပါမစ်တွေကိုပွားပြီး အတုလုပ်ရောင်းချနေတာတွေ ရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်တင်မိုးမက ပြောပြပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 11 January 2023
၁။ ရန်ကုန်တွင် မြေပိုင်ဆိုင်မှုစာရွက်များ အတုလုပ်၍ ရောင်းချမှုရှိနေဟုဆို
၂။ ကိုးလတာကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု အမေရိကန်ဒေါ်လာ ၅၄၈ ဒသမ ၇၃ သန်းရရှိထား
၃။ နယ်စပ်ကုန်သည်များ၏ ဝယ်လက်နည်းပါးခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းကျဆင်းလာ
၄။ ကပ်ရောဂါကြောင့် အိမ်၌ပင်ချက်ပြုတ်စားသောက်လာကြရာ ဂျပန်နိုင်ငံထုတ်မီးဖိုချောင်သုံးဓားများ ဝယ်လိုအားမြင့်တက်
#Yangon_Media_Group
#Local_News
Published_11 January 2023
ပြင်ပရွှေဈေးကွက်ထဲက ဈေးကစားနေသူတွေကြောင့် ပြည်တွင်းရွေဈေးနှုန်းတက်လာတာဖြစ်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 1464 of 2052