#Local_News
Published_ 23 October 2022
၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို နေပြည်တော် ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်မျက်အတွဲပေါင်း ၅၅ တွဲ ရောင်းချရကြောင်း သိရပါတယ်။
ဒီကနေ့တွင် ကျောက်မျက်အတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၂၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် ၁ နှင့် တင်ဒါ အမှတ် ၂ ထဲသို ထည့်သွင်းပြီး နံနက် ၉ နာရီတွင် ဖွင့်ဖောက်စစ်ဆေးကာ ကျောက်မျက် အတွဲပေါင်း (၅၅) တွဲ ရောင်းချရကြောင်း ကြေညာခဲ့ပါတယ်။
ပြပွဲပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၇၅၀ ကို အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ယခုကျင်းပပြုလုပ်တဲ့ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၁၉ ရက်မှ စတင်၍ ၂၅ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ စုစုပေါင်း ပုလဲအတွဲပေါင်း ၃၆၂ တွဲနှင့် ကျောက်မျက်အတွဲ ၁၂၀ အနက်မှ အတွဲပေါင်း ၅၅ တွဲ ရောင်းချခဲ့ရပြီး ကျောက်စိမ်းအတွဲ ၂၁၅၀ တို့ကို ၂၃ ရက်မှ ၂၅ ရက်နေ့များတွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်းအတွဲများကို ကြမ်းခင်းဈေးယူရိုငွေဖြင့် သက်မှတ်ထားပြီး ရတနာကုန်သည်များအနေဖြင့် ငွေပေးချေရာတွင် အမေရိကန် ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ် နှင့် ကျပ်ငွေများဖြင့် ပေးချေနိုင်ကြောင်း သိရပါတယ်။
ygm_mnn
#Yangon_Media_Group


#World_Health
Published 23 October 2022
ရှားပါးလွန်းလှတဲ့ သွေးအမျိုးအစားတစ်မျိုးဟာ တစ်ကမ္ဘာလုံးမှာမှ ၄၃ ယောက်ပဲရှိပြီး ၉ ယောက်ကသာ သွေးလှူဒါန်းနိုင်ပါတယ်။
အဆိုပါသွေးအမျိုးအစားကို Rhnull လို့ခေါ်ပြီး ရှားပါးတန်ဖိုးမြင့်လွန်းတဲ့အတွက် ရွှေသွေးလို့တောင် တင်စားကြပါတယ်။
ဒီသွေးက ဘာလို့အလွန်ရှားပါးသလဲဆိုတာကို နားလည်နိုင်ရန် သွေးအမျိုးအစားများအကြောင်း အနည်းငယ်သိထားဖို့ လိုပါတယ်။
သွေးအမျိုးအစား ၄ မျိုးထဲမှာ အေ-သွေးက သက်တမ်းအစောဆုံးဖြစ်ပြီး ပထမဦးဆုံးလူသားရယ်လို့ ဖြစ်လာကတည်းက တည်ရှိခဲ့ပါတယ်။
ဘီ-သွေးက လွန်ခဲ့တဲ့နှစ် ၃.၅ သန်းခန့်က သွေးနီဥမျက်နှာပြင်ပေါ်က အချိုဓာတ်တစ်မျိုးကနေ မျိုးရိုးဗီဇပြောင်းလဲဖြစ်ပေါ်လာခဲ့ပါတယ်။
အို-သွေးကတော့ လွန်ခဲ့တဲ့နှစ် ၂.၅ သန်းခန့်က မျိုးဗီဇပြောင်းလဲဖြစ်ပေါ်လာကာ အေ-သွေးနဲ့ ဘီ-သွေးလိုမျိုး အချိုဓာတ်မတွေ့ရပါဘူး။
လွန်ခဲ့တဲ့နှစ်များက အချိုဓာတ် ၂ မျိုးစလုံးပါဝင်တဲ့ အေဘီ-သွေးအမျိုးအစား ပေါ်ပေါက်ခဲ့ပါတယ်။
သွေးအမျိုးအစားတွေကို ဆဲလ်မျက်နှာပြင်ပေါ်က အန်တီဂျင်များနဲ့ခွဲခြားကာ သူတို့နဲ့သဟဇာတမဖြစ်တဲ့ အရာနဲ့တွေ့ရင် တုံ့ပြန်တတ်တဲ့သဘောရှိပါတယ်။
အေ-သွေးမှာ အန်တီဂျင်-အေ၊ ဘီ-သွေးမှာ အန်တီဂျင်-ဘီ၊ အေဘီ-သွေးမှာ အန်တီဂျင်-အေနဲ့ဘီ အသီးသီးပါဝင်ကာ အို-သွေးမှာ နှစ်မျိုးစလုံးမပါဝင်ပါဘူး။
ဒါ့အပြင် ရီးဆပ်စ်လို့ခေါ်တဲ့ ပရိုတိန်း ရှိခြင်း/မရှိခြင်းအပေါ်မူတည်ပြီး သွေးနီဥတွေကို ခွဲခြားနိုင်ပါတယ်။
ရှိခဲ့ရင် သွေးအမျိုးအစားဘေးမှာ (+) သင်္ကေတထည့်ထားပြီး မရှိရင် (-) သင်္ကေတထည့်ထားပါတယ်။
ပထမဆုံး ရွှေသွေးကို ၁၉၆၁ ခုနှစ်က ဩစတြေးလျမှာမွေးဖွားခဲ့တဲ့ အမျိုးသမီးတစ်ဦးမှာ တွေ့ရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်း လူအချို့မှာလည်းတွေ့ခဲ့ရကာ ကမ္ဘာတဝှမ်းရှိလူပေါင်း ၆ သန်းမှာ တစ်ဦးနှုန်းရှိနိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။
သေချာမသိရှိကြပေမယ့် ၄၃ ဦးရှိမယ်လို့ ဖော်ပြခဲ့ကြပါတယ်။
ထိုသွေးမှာ ခုခံအားကနေ တုံ့ပြန်မယ့် အန်တီဂျင်တွေမပါဝင်တာကြောင့် မည်သူ့ကိုမဆို သွေးလှူနိုင်မှာဖြစ်ပြီး သွေးသွင်းကုသတဲ့နေရာမှာ အလွန်အလားအလာရှိနေပါတယ်။
ရီးယပ်စ်ရောဂါအတွက် အသုံးပြုတဲ့ ဆေးတွေဟာ ကိုယ်ဝန်ဆောင်တွေမှာ သန္ဓေသားရဲ့သွေးဆဲလ်တွေကို တိုက်ခိုက်တဲ့နေရာမျိုးမှာလည်း ထိုသွေးအမျိုးအစားကို အသုံးပြုနိုင်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#World_Science
Published 23 October 2022
ခြင်တွေဟာ အချို့သောလူတွေနောက်သာ လိုက်ကိုက်လေ့ရှိခြင်းက လူတွေရဲ့ ခန္ဓာကိုယ်အနံ့နဲ့ ဆက်စပ်နေနိုင်တယ်လို့ Cell ဂျာနယ်မှာ ဖော်ပြထားကြပါတယ်။
သုတေသီများရဲ့ဖော်ပြချက်အရ လူတစ်ဦးချင်းစီဟာ ခန္ဓာကိုယ်အနံ့များရှိပြီး ပါဝင်တဲ့ ဓာတုဒြပ်ပေါင်းများကြောင့် ခြင်ကိုက်လေ့ရှိ/မရှိ ကွာခြားသွားတာဖြစ်ပါတယ်။ တွေ့ရှိချက်အရ အရေပြားကနေ ကာဘောက်ဆလစ်အက်ဆစ်များပြားစွာ ထွက်ရှိသူတွေကို ခြင်ပိုကိုက်လေ့ရှိပါတယ်။
ခန္ဓာကိုယ်အနံ့ဖြစ်စဉ်ကို သိပ္ပံပညာရှင်များက သုတေသနပြုပြီးဖြစ်ပေမယ့် ခြင်တွေကြိုက်နှစ်သက်တဲ့ အနံ့မျိုးကိုတော့ အတည်မပြုနိုင်သေးပါဘူး။
စာတမ်းပြုစုသူများက ဒီဖြစ်စဉ်ကို စမ်းသပ်မှုပြုလုပ်ဖို့ ပြင်ဆင်ခဲ့ကြကြောင်း Kingdom Supercultures ဇီဝနည်းပညာကုမ္ပဏီမှ သိပ္ပံပညာရှင်'မာရီယာအယ်လီနာဒီအိုဘယ်ဒီယာ'က ပြောပြခဲ့ပါတယ်။
ထို့နောက် စမ်းသပ်ခံသူ ၆၄ ဦးရဲ့လက်တွေမှာ အနည်းဆုံး ၆ နာရီကြာအောင် နိုင်လွန်လက်အိတ်များ ဝတ်ဆင်ခိုင်းကာ တစ်ယောက်ချင်းစီရဲ့အနံ့ကို စုပ်ယူခဲ့ပါတယ်။
နိုင်လွန်အစများကို ပိုင်းဖြတ်ကာ လူနှစ်ယောက်ရဲ့ နမူနာနှစ်ခုကို အေးဒီးစ်ခြင်မများရှိနေတဲ့ပုံးရဲ့ ပိုက်အဝတစ်ဖက်တစ်ချက်မှာ ထားလိုက်ပါတယ်။
အချို့လူတွေက ခြင်တွေပိုကြိုက်တဲ့အနံ့ရှိခဲ့ပြီး ထိုထဲမှ ၃၃ ဦးဟာ အခြားသူတွေထက် ခြင်တွေကို အဆ ၁၀၀ လောက် ပိုမိုဆွဲဆောင်စေပါတယ်။
ဒီလိုကွာခြားချက်ကို လေ့လာသုံးသပ်ခဲ့ရာမှာ ခြင်တွေပိုမိုကြိုက်နှစ်သက်တဲ့ လူတွေမှာ ကာဘောက်ဆလစ်အက်ဆစ်ဓာတ် ပမာဏများပြားစွာ ရှိနေတာကို တွေ့လိုက်ရပါတယ်။
အဆိုပါမော်လီကျူးများက အသားအရည်ကို စိုစွတ်စေပြီး အကာ အကွယ်ပေးပေမယ့် လူတွေက မတူညီတဲ့ပမာဏဖြင့် ထွက်ရှိနေကြပါတယ်။
နေထိုင်စားသောက်မှုပုံစံ၊ တစ်ကိုယ်ရည်သန့်ရှင်းမှု စတာတွေနဲ့ မသက်ဆိုင်ဘဲ ခြင်ကိုက်ခံရလေ့ရှိတဲ့ အခြေအနေဟာ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အနံ့နဲ့ တသက်လုံးသက်ဆိုင်နေမှာဖြစ်ပါတယ်။
Source: WION
#Yangon_Media_Group
Published 22 Oct 2022
FATF ဥက္ကဋ္ဌက မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များထုတ်ပြန်ခဲ့ရာတွင် အဆိုပါထုတ်ပြန်မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
FATF ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များ ထုတ်ပြန်မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်
၁။ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) ၏ မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် FATF ရုံးစိုက်ရာပြင်သစ်နိုင်ငံ၊ပဲရစ်မြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ် အဖွဲ့ပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာလုံးဆိုင်ရာကွန်ရက်အဖွဲ့ဝင် ၁၀၆ ဦးနှင့် လေ့လာသူအဖွဲ့အစည်းများကို ကိုယ်စားပြုသော ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ INTERPOL နှင့် Egmont Group of Financial Intelligence Units တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များကို FATF ဥက္ကဋ္ဌ T. Raja Kumar က ထုတ်ပြန်ခဲ့သည်။
၂။ မြန်မာနိုင်ငံအား တိုးမြှင့်စောင့်ကြည့်ခွင့်ရှိသည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under increased monitoring) မှ စိစစ်ဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် အန္တရာယ် မြင့်မားမှုရှိသောနိုင်ငံနှင့် ဒေသများစာရင်း(High-Risk Jurisdictions subject to a Call for Action)သို့ ပြောင်းရွှေ့ထည့်သွင်းခြင်းခံရသော်လည်း လက်ရှိ Black List တွင် ရှိပြီးဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံနှင့် အီရန်နိုင်ငံတို့ကဲ့သို့ FATF မှ အဖွဲ့ဝင်နိုင်ငံများနှင့် အခြားနိုင်ငံများမှ တိုးမြှင့်အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့်ဒေသများစာရင်း (Jurisdictions subject to a FATF call on its members and other jurisdictions to apply countermeasures) သို့ထည့်သွင်း၍ တန်းတူအရေးယူဆောင်ရွက်ခြင်းခံရမည့်အဆင့်မျိုး မဟုတ်ပါ ကြောင်းအသိပေးအပ်ပါသည်။
၃။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံနှင့်ဒေသအားလုံးသည် FATF မှ ထုတ်ပြန်သည့် အကြံပြုချက် ၄၀(40 Recommendations) ကို လိုက်နာဆောင်ရွက်ကြရပါသည်။ ယင်းအကြံပြုချက် (၄၀)တွင်ငွေကြေးခဝါချမှုတိုက်ဖျက်ရေး(Anti Money Laundering-AML)၊ အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Financing of Terrorism-CFT) နှင့် လူအများအပြား သေကျေစေနိုင်သော လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရပစ်မှတ် ထားအရေးယူဆောင်ရွက်ရေး (Targeted Financial Sanction of Proliferation) စသည် တို့နှင့် သက်ဆိုင်သည့် လိုက်နာဆောင်ရွက်ရန်အချက်များဖြစ်ပါသည်။ မြန်မာနိုင်ငံသည် FATF တွင် အဖွဲ့ဝင် နိုင်ငံမဟုတ်သော်လည်း FATF ပုံစံဖွဲ့စည်းထားသည့် ဒေသဆိုင်ရာအဖွဲ့တစ်ခု ဖြစ်သည့် အာရှပစိဖိတ် ဒေသငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering-APG) တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လျက်ရှိပါသည်။
၄။ မြန်မာနိုင်ငံအနေဖြင့် FATF ၏ အကြံပြုချက်များကို လိုက်နာဆောင်ရွက်လျက်ရှိရာ မူလ အကဲဖြတ်စဉ်က အကြံပြုချက် (၄၀) တွင် စံနှုန်းသတ်မှတ်ချက် အချက် (၂၀) ကျော်အားသတ်မှတ် ကာလအတွင်း ပြည့်မီမှုမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် စံနှုန်းသတ်မှတ်ချက် (၂၄) ချက်ပြည့်မီ မှုရှိပြီးဖြစ်ပါသည်။
၅။ မြန်မာနိုင်ငံသည် ယခင်ကလည်း အလားတူစာရင်းတွင် ၂၀၁၁ ခုနှစ်၊ ဇွန်လမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိရောက်ရှိခဲ့ပြီးပြန်လည်လွတ်မြောက်အောင်ဆောင်ရွက်ခဲ့သည့်ယခင်အတွေ့အကြုံ များအရ ယင်းစာရင်းမှ အလျင်အမြန်ပြန်လည်လွတ်မြောက်စေရန် စီမံဆောင်ရွက်လျက်ရှိရာ လာမည့် တစ်နှစ်အတွင်း ဆောင်ရွက်မည့် Action Plan များ ချမှတ်ရေးဆွဲ ပြီးဖြစ်ပါသည်။
၆။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပနှင့် ငွေကြေးလွှဲပြောင်းမှု ပြုလုပ်ရာတွင် ပြည်ပအဆက်အသွယ် ဘဏ်များကအလေးထားစိစစ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ခြင်း (Enhance Due Diligence-EDD) ကိုသာ ကြုံတွေ့ကြရမည်ဖြစ်ရာ သက်ဆိုင်ရာဘဏ်များအနေဖြင့် လက်ရှိဆောင်ရွက်နေကျမေးခွန်းများ မေးမြန်းခြင်းနှင့် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ အထောက်အထားအချက်အလက်များ တောင်းခံခြင်း စသည်ဖြင့် ယခင်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအား စိစစ်ဆောင် ရွက်မှုများပြုလုပ်ရန်တောင်းဆိုခြင်းခံရသည့် အန္တရာယ်မြင့်မားမှုရှိသော နိုင်ငံနှင့်ဒေသများစာရင်းတွင်ထည့် သွင်းခံရခြင်းသည် မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာအခြေအနေမဟုတ်သည့်အတွက် ပြည်သူများ စိုးရိမ်မှုလွန်ကဲခြင်းများထားရှိရန်မလိုအပ်ဘဲ ယင်းသို့ထည့်သွင်းခံရမှုကိုအကြောင်းပြု၍ ငွေကြေးဈေး ကွက်အတွင်း မသမာမှုများ မပြုလုပ်ကြပါရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်း များနှင့် မကိုက်ညီသည့် ဆောင်ရွက်မှုများတွေ့ရှိရပါက လိုအပ်သလို အရေးယူဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
#Local_News
Published_ 22 October 2022
ပုဂံဒေသမှာ ပြည်တွင်းခရီးသွားတွေကိုမှီပြီးတော့ လုပ်ကိုင်ကြတဲ့လုပ်ငန်းအချို့ ပြန်လည်လည်ပတ်လာပြီဖြစ်သော်လည်း ဒေသခံဧည့်လမ်းညွှန်လုပ်ငန်းတွေ၊ နိုင်ငံခြားသားခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေတော့ပြန်မစနိုင်သေးဘူးလို့ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 22 october 2022
မြဝတီ-ကော့ကရိတ်သွား အာရှလမ်းမကြီးပေါ်မှာ အခုရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံကို စေလွှတ်ဖို့ သွားရောက်နေတဲ့ မြန်မာ MoU လုပ်သားတွေ ပိတ်မိနေတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
Published 22 Oct 2022
နေပြည်တော် Naypyitaw State Academy ကြီးကိုမကြာမီဖွင့်လှစ်ပေးတော့မည်ဖြစ်ပြီး နေပြည်တော်ကို ပညာရေးမြို့တော်ဖြစ်စေရေး ဝိုင်းဝန်းအားပေးဆောင်ရွက်ကြစေလိုတယ်လို့ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ ယနေ့ အောက်တိုဘာ ၂၂ရက်နေ့မှာ နေပြည်တော်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံရာမှာ ယခုလိုပြေကြားခဲ့ခြင်းဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

“Naypyitaw State Academy ကို ဝန်ထမ်းတွေရဲ့ သားသမီးတွေအပါအဝင် ကျောင်းသူကျောင်းသူတွေ တက်ရောက်နိုင်ဖို့ ဖွင့်လှစ်တာဖြစ်ပါတယ်။ နေပြည်တော်အတွင်းမှာ ပုဂ္ဂလိကပညာရေးကျောင်းတွေကိုလည်း ဖွင့်လှစ်ဖို့ ခွင့်ပြုပေးထားပြီး ပညာရေးမြို့တော်ဖြစ်စေရေး အားလုံးဝိုင်းဝန်းအားပေးဆောင်ရွက်ကြဖို့လိုပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးက ပြောပါတယ်။
ထို့အပြင် ကုန်သွယ်မှုလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံတွေရှိပြီးဖြစ်လို့ ထုတ်ကုန်ပစ္စည်းတွေ အရေအတွက် ပမာဏများများထုတ်လုပ်ကြဖို့ကိုလည်း နစက ဥက္ကဋ္ဌက တိုက်တွန်းခဲ့ပါတယ်။
တက်ရောက်လာတဲ့ လုပ်ငန်းရှင်တွေကလည်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်တွေကို တင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ လုပ်ငန်းရှင်တွေက MSME လုပ်ငန်းတွေအတွက် အသိပညာ၊အတတ်ပညာ၊နည်းပညာများနှင့် အရင်းအနှီးများရရှိရေး၊ဥပဒေအရ အကာအကွယ်ရရှိရေး ဆောင်ရွက်နေမှု အခြေအနေတွေ၊တန်ဖိုးမြှင့်ထုတ်ကုန်တွေဈေးကွက်ပို့ရာတွင် အခက်အခဲတွေဖြစ်ပေါ်နေမှု၊ ကုန်ကြမ်းဈေးနှုန်းတွေမြင့်တက်နေမှု၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေမြင့်တက်နေ၍ ကုန်ထုတ်လုပ်ငန်းတွေမှာ အခက်အခဲတွေဖြစ်ပေါ်နေမှု၊ စက်ပစ္စည်းတွေကို အရစ်ကျဝယ်ယူလိုမှု၊ ချေးငွေပေးဆပ်ရမည့်ကာလ တိုးမြှင့်ပေးစေလိုမှု စတာတွေနှင့်ပတ်သက်ပြီး တင်ပြခဲ့ကြတာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ချေးငွေတွေကို ပြန်လည်ပေးဆပ်ရမည့်ကာလကို သတ်မှတ်ကာလတစ်ခုအထိ တိုးမြှင့်သတ်မှတ်ပေးသွား မယ်လို့ ဗိုလ်ချူပ်မှူးကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။အဲဒီအပြင် MSME လုပ်ငန်းတွေအတွက် ရင်းနှီးမြှပ်နှံငွေတွေကိုလည်း စည်းမျဉ်းစည်းကမ်းတွေနှင့်အညီ ထုတ်ချေးပေးသွားမှာဖြစ်ပြီး နိုင်ငံအတွင် ငွေကြေးလည်ပတ်မှုအားကောင်းဖို့လိုတဲ့အတွက် အားလုံးဝိုင်းကြိုးပမ်းပေးကြဖို့လည်း သူကတိုက်တွန်းခဲ့ပါတယ်။
နစက ဥက္ကဋ္ဌဟာ MSME လုပ်ငန်းရှင်တွေကို ဒေသအလိုက် တွေ့ဆုံဆွေးနွေးမှုတွေ ယခုရက်သတ္တပတ်များအတွင်း ပြုလုပ်လာခဲ့ရာ မကြာသေးမီက ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွေကို သွားရောက်ပြီး အလားတူတွေ့ဆုံပွဲတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ymg/knl
#Yangon_Media_Group
#MSME_Myanmar
#SG_Min_Aung_Hlaing


#World_Archaeology
Published 22 October 2022
၂၀၁၆ ခုနှစ်တုန်းက အီရတ်မြို့မိုဆူလ်ရှိ ရှေးဟောင်းအုတ်မြစ် မက်ရှ်ကီဂိတ်ဝကို IS အစွန်းရောက်သမားများက မြေလှန်ဖျက်ဆီးခဲ့ပြီး ဒါဟာ ယဉ်ကျေးမှုအမွေအနှစ်ကို ဖျက်ဆီးခြင်းရဲ့ လုပ်ငန်းတစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ပါတယ်။
#Yangon_Media_Group
Published 22 Oct 2022
တရုတ် ကွန်မြူနစ်ပါတီရဲ့ အကြိမ်(၂၀)မြောက် အမျိုးသားကွန်ဂရက် ပိတ်ပွဲကို စနေနေ့က ကျင်းပပြုလုပ်ရာမှာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းကို ပြင်ဆင်မှုတစ်ခုနှင့်ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ခဲ့ကြပါတယ်။
ဘေဂျင်းမြို့တော် မဟာခန်းမဆောင်မှာကျင်းပတဲ့ အဲဒီအမျိုးသားကွန်ဂရက်ပိတ်ပွဲမှာ ရှီကျင့်ဖျင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။
ပိတ်ပွဲအတွင်း ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့အစီရင်ခံစာနှင့် ၁၉ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မရှင်ရဲ့ စည်းကမ်းထိန်းသိမ်းစစ်ဆေးရေးအစီရင်ခံစာတွေကိုလည်း အတည်ပြုခဲ့ကြပါတယ်။
ဗဟိုကော်မတီရဲ့ အစီရင်ခံစာဟာ အပိုင်း (၁၅)ပိုင်းပါဝင်ပြီး ခေတ်မီဆိုရှယ်လစ်တရုတ်နိုင်ငံကို တည်ထောင်ရာမှာ လာမယ့်ငါးနှစ်နှင့်နောက်ပိုင်းမှာအတွက် ကဏ္ဍစုံပါဝင်တဲ့ ပါတီရဲ့ အသေးစိတ်ပုံစံတစ်ခုဖြစ်တယ်လို့သိရပါတယ်။
ငါးနှစ်တစ်ကြိမ်ကျင်းပတဲ့ အဆိုပါ ပါတီကွန်ဂရက်ကို အောက်တိုဘာ ၁၆ရက်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ နှစ်၁၀၀ပြည့်ပွဲ ၂၀၂၁ခုနှစ်မှာကျင်းပအပြီး ပထမဆုံးအကြိမ်ကျင်းပတဲ့ ကွန်ဂရက်လည်း ဖြစ်ပါတယ်။
Source CCTV+
#20th_National_Congress
#Communist_Party_of_China
#Amendment_CPC_Constitution
#Health_Matters
Published - 22 Oct 2022
- ဆင်ရေယုံမဖြစ်အောင် ရှောင်ရှားနိုင်တဲ့ နည်းလမ်း
#Yangon_Media_Group
#Local_News
Published_22 October 2022
ပြည်တွင်းကို လာရောက်လည်ပတ်မယ့် ပြည်ပခရီးသွားဧည့်သည်တွေဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှသာ ဝင်ရောက်လာနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 22 Oct 2022
- ဆင်ရေယုံဟာ ကြောက်စရာကောင်းပါသလား??
#Yangon_Media_Group
Page 1459 of 1912