#Local_News
Published_ 19 January 2023
ယနေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၂၀၀ ကျော်လာပြီး ကျန်စက်သုံးဆီဈေးနှုန်းများသည်လည်း ဆက်တိုက်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
နှစ်ဆန်းပိုင်းတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာကျဆင်းလာသော်လည်း ဇန်နဝါရီ ၁၂ ရက်နောက်ပိုင်းတွင် ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။
ယနေ့(ဇန်နဝါရီလ ၁၉ ရက်)တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၂၃၀ ကျပ်၊ ၉၅ တစ်လီတာ ၂၃၁၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၅၀၀ ကျပ်ထိမြင့်တက်လာပြီး ယမန်နေ့တွင် ၉၂ တစ်လီတာ ၂၁၅၅ ကျပ်၊ ၉၅ တစ်လီတာ ၂၂၁၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၄၃၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၅၁၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာသည့်အတွက် သယ်ယူပို့ဆောင်စရိတ်များကြီးမြင့်လာပြီး ကုန်ဈေးနှုန်းအချို့ အနည်းငယ်ဈေးမြင့်တက်လာကြောင်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် အခြားတိုင်းနှင့်ပြည်နယ် အသီးသီးတွင် ရောင်းချရမည့် စက်သုံးဆီအခြေခံရည်ညွှန်းဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးနေခြင်း ဖြစ်သည်။
ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို ဈေးကစားခြင်း၊ သိုလှောင်ထားရှိခြင်းများ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို့ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက အသိပေး ကြေညာထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_19 January 2023
မြန်မာ့ပင်လယ်ပြင်ရေပိုင်နက်အတွင်း ခွင့်ပြုချက်မဲ့ အပျော်တမ်းငါးမျှားလှေဖြင့် ဝင်လာသူ နိုင်ငံခြားသား ၇ ဦးအား ဇန်နဝါရီလ ၁၇ ရက်က ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံခြားသား ၇ ဦးမှာ ထိုင်းနိုင်ငံသား ၃ ဦး၊ ဗြိတိန်နိုင်ငံသား ၃ ဦးနှင့်ဆွစ်ဇာလန်နိုင်ငံသား ၁ ဦးတို့ဖြစ်ကြောင်း၊ ယင်းတို့က အပျော်တမ်းငါးမျှားလှေဖြင့် မြန်မာ့ပင်လယ်ပိုင်နက်အတွင်းသို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်က ခွင့်ပြုချက်မဲ့ ဝင်ရောက်လာခဲ့သည့်အတွက် မြန်မာအာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁) ဖြင့်တရားစွဲဆို ၍ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ် ရေး(လတ်တလောဥပဒေများ)အက်ဥပဒေပုဒ်မ ၇(၁)ဖြင့် ပြည်နှင်ဒဏ်အမိန့်ချမှတ်ခဲ့ကာ ကော့သောင်းခရိုင်တာဝန်ရှိသူများမှ ထိုင်းနိုင်ငံ၊ရနောင်းမြို့တာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံ၍ ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။


#ymg/mt
#Yangon_Media_Group
#World_Health
Published 19 January 2023
နှာယိုနှာစေးခြင်းက စိတ်ရှုပ်စရာဖြစ်ပြီး ထွက်လာတဲ့နှာရည်ရဲ့ အရောင်နဲ့ပုံစံတွေက အဓိပ္ပာယ်အမျိုးမျိုးဖော်ဆောင်နေပါတယ်။
(၁) နှာရည်အကြည်ရောင်
ချွဲသလိပ်ကြည်လင်နေပါက နှာခေါင်းကနေ ပုံမှန်ထွက်တဲ့နှာရည်ဖြစ်ပါတယ်။
ရာသီအကူးအပြောင်းမှာ ဓာတ်မည့်ခြင်းကြောင့် နှာရည်ယိုခြင်း၊ နှာချေခြင်း၊ မျက်ရည်၊ ကျိန်းစပ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
(၂) အဖြူရောင်
တုပ်ကွေး၊ အသက်ရှူလမ်းကြောင်းအထက်ပိုင်း ရောဂါကူးစက်ခြင်း၊ ဆောင်းတွင်းတို့မှာ အဖြူရောင်သလိပ်များ ဖြစ်တတ်ပါတယ်။
သဘာဝဖြစ်စဉ်ဖြစ်တာကြောင့် စိတ်ပူစရာတော့ မဟုတ်ပါဘူး။
(၃) စိမ်းဝါရောင်
နှာရည်က စိမ်းဝါရောင်ပြောင်းသွားတဲ့အခါ ရောင်ရမ်းကူးစက်ခြင်းဖြစ်တဲ့ သဘောဖြစ်ပါတယ်။
နှာရည်ယိုပြီး အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းတို့ ဖြစ်တတ်ပါတယ်။
(၄) ပန်းရောင်မှ အနီရောင်
နှာရည်က ပန်းရောင် ဒါမှမဟုတ် အနီရောင်ပြောင်းတဲ့အခါ သွေးပါတဲ့သဘောဖြစ်ပေမယ့် သွေးအနည်းငယ်ထွက်တဲ့သဘောဖြစ်ကာ သိပ်ပြီးစိတ်ပူစရာမရှိပါဘူး။
ဆောင်းတွင်းမှာ ချမ်းအေးတာကြောင့် နှာခေါင်းအမြှေးပါးများခြောက်သွေ့ကာ သွေးထွက်တာမျိုးဖြစ်တတ်ပါတယ်။
(၅) အညိုရောင်
အညိုရောင်ချွဲတွေက သွေးဟောင်းတွေ ခြောက်သွေ့သွားတဲ့ အနေအထားဖြစ်ပါတယ်။
သွေးတော်တော်များများ ပါလာရင်တော့ ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။
နှာရည်ယိုတာနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အမျိုးအစားတွေကတော့...
နှာတစ်ဖက်ယိုခြင်း - နှာခေါင်းပေါက်တစ်ဖက်ထဲကနေ နှာရည်ယိုတာဖြစ်ပါတယ်။
နှာရည်ယိုရာတွင်အနံ့ပါခြင်း - ချွဲသလိပ်က ပုံမှန်ဆိုရင် အနံ့မရှိတာကြောင့် အနံ့ပါလာပြီဆိုရင် ရောဂါကူးစက်တဲ့သဘောဖြစ်ပါတယ်။
နှာခေါင်းနောက်တွင်နှာရည်ယိုခြင်း - နှာရည်တွေက နှာခေါင်းပေါက်မှထွက်မလာဘဲ အနောက်ဘက်ထဲမှာ ချွဲထတာဖြစ်ပါတယ်။
ခြောက်သွေ့ခြင်း - နှာရည်ယိုတဲ့အချိန်မှာ ဆားရည်ဖြင့်ဆေးခြင်းက သက်သာစေသလို ချွဲသလိပ်ကို ခြောက်သွားစေပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published_ 19 January 2023
ဝန်ထမ်းများ တရားမဝင်ကုန်သွယ်မှုများတွင် ငွေကြေးတောင်းခံခြင်း၊ တံစိုးလက်ဆောင်ရယူခြင်းများမရှိစေရေး အကြိမ်ကြိမ် သတိပေးထိန်း ကျောင်းနေတဲ့ကြားမှ တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်နေတဲ့ ဝန်ထမ်းများကို စိစစ်တွေ့ရှိပါက စံနမူနာပြအနေဖြင့် ထိထိရောက်ရောက် အရေးယူသွားရမည်ဖြစ်ကြောင်း နစက ဒုတိယ ဥက္ကဌက ပြောကြားခဲ့ပါတယ်။
နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပတဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) မှာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထို့အပြင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် ဖမ်းဆီးတားဆီးရေး လုပ်ငန်းစဉ်များ ဆောင်ရွက် ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန်၊ အများပြည်သူကိုလည်း ဥပဒေကိုလေးစားလိုက်နာရန် တတ်စွမ်းသမျှ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုများသည် အများပြည်သူအမြင်တွင် အထင်အမြင်မမှားစေရေးအတွက် ဆောင်ရွက်ကြဖို့ မှာကြားခဲ့ပါတယ်။
ယခုကဲ့သို့ ပြောကြားရခြင်းသည်လည်း နေ့စဉ်ဖမ်းဆီးရမိသတင်း တင်ပြနိုင်ရေး ဟန်ပြဆောင်ရွက်ခြင်းထက် အမှန်တကယ် ထိထိရောက်ရောက် တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းမျိုးကိုသာ ဖြစ်စေလိုတဲ့အတွက် ပြောကြားရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ယခင်ကကုန်သွယ်မှုလမ်းကြောင်းများ၊ စစ်ဆေးရေးစခန်းများ၌ပင် စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် တရားမဝင်ကုန်ပစ္စည်းများ သိုလှောင်နိုင်တဲ့ သိုလှောင်ရုံနှင့် အဆောက်အဦများကိုပါ သတင်းရယူ ဝင်ရောက်စစ်ဆေးဖော်ထုတ်ဖမ်းဆီးပြီး ဥပဒေနှင့်အညီ အရေးယူခဲ့တဲ့အတွက် ကုန်သွယ်မှုလမ်းကြောင်း မဟုတ်တဲ့နေရာများတွင် ဖမ်းဆီးရမိမှုများ တိုးတက်လာတယ်လို့ ဆိုပါတယ်။
အထူးသတိပြုရမည်မှာ တရားမဝင်ကုန်သွယ်မှုများတွင် တာဝန်ကျဝန်ထမ်းများ ပါဝင်ပတ်သက်မှုမရှိစေရေးပင်ဖြစ်ကာ လာဘ်ပေး လာဘ်ယူ ကင်းရှင်းရေးကို အစည်းအဝေးတိုင်းတွင် ထပ်ကာထပ်ကာ မှာကြားနေတယ်လို ပြေကြားပါတယ်။
အလားတူ တရားမဝင်ကုန်သွယ်မှု၏ ဆိုးကျိုးများကို အများပြည်သူသိရှိစေရေးတို့အတွက် အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်လုပ်ဆောင်ဖို့ မှာကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
#World_Science
Published 19 January 2023
ရိုမေးနီးယားမှာရှိတဲ့ သက်ရှိကျောက်တုံးတွေကို ထရိုဗန့်လိုခေါ်ကြပြီး ဘူမိဗေဒဖြစ်စဉ်တွေအရ သဘာဝအတိုင်း ပေါ်ပေါက်နေတာဖြစ်ပါတယ်။
ထရိုဗန့်ကျောက်တွေဟာ ကျောက်စရစ်ခဲများအဖြစ် စတင်ဖြစ်ပေါ်လာကာ ထောင်စုနှစ်တစ်ခုအတွင်း ၂ လက်မခန့်ကြီးထွားနေပါတယ်။
အပင်နဲ့ နို့တိုက်သတ္တဝါတွေအတိုင်း ဖွဲ့စည်းထားတာကို တွေ့ရှိရပါတယ်။
အပင်တစ်ရှူးတွေလို ကြီးထွားလာပြီး သက်ရှိသတ္တဝါတွေလို ကျောက်တုံးအသစ်များ ဖြစ်ပေါ်စေပါတယ်။
အဆိုပါ ထရိုဗန့်ကျောက်တုံးတွေကို ရိုမေးနီးယားမြို့တော် ဘူခါရက်စ်အနောက်ဘက် မိုင် ၅၀ ခန့်အကွာရှိ ကို့စ်တက်စ်တီရွာလေးမှာ တွေ့ရှိရပါတယ်။
ကျောက်တုံးနဲ့ဖွဲ့စည်းထားတဲ့ ပူစီဖောင်းတွေလိုပုံသဏ္ဍာန်ရှိကာ အချင်းအတိုင်းအတာအမျိုးမျိုးဖြင့် အရွယ်အစားအမျိုးမျိုးရှိသလို လက်သီးဆုပ်လောက်ရှိတဲ့ ကျောက်တုံးတွေလည်းရှိပါတယ်။
ဒီအတိုင်း မြေပြင်မှာပေါ်လာတာမဟုတ်ဘဲ ခေတ်အဆက်ဆက် ဘူမိဗေဒသဲတွေကနေ စုပြုံလာတာဖြစ်ပါတယ်။
မိုးရေရရှိပြီးတော့ တဖြည်းဖြည်းကြီးထွားလာတဲ့ ထရိုဗန့်ကျောက်တုံးတွေနားမှာ ခရီးသွားဧည့်သည်တွေ လာရောက်ကြည့်ရှုနိုင်ပါတယ်။
မိုးရေမှာပါတဲ့ သတ္တုဓာတ်တွေက ဓာတ်ပြုခြင်းဖြစ်ပေါ်ကာ အထဲမှာ ဖိအားများလာပြီး ကျောက်တုံးတွေ ကြီးထွားပွားများလာတာဖြစ်ပါတယ်။
သိပ္ပံနည်းအရ အသက်ရှင်နေတာမဟုတ်ပေမယ့် ဒေသခံတွေ ခရီးသွားတွေကတော့ သက်ရှိအဖြစ် တင်စားနေကြပါတယ်။
ထရိုဗန့်ကျောက်တုံးတွေဟာ ကို့စ်တက်စ်တီတစ်ရွာတည်းမှာ ရှိနေတာမဟုတ်ဘဲ ရိုမေးနီးယား ကာပါသီယန်ဒေသတဝိုက်အနှံ့ တည်ရှိနေကြပါတယ်။
ဒါပေမဲ့ ကို့စ်တက်စ်စီမှာရှိတဲ့ ကျောက်တုံးတွေက ပိုမိုကြီးမားပြီး လူသိများကြပါတယ်။
ထရိုဗန့်ကျောက်တုံးကြီးတွေမှာမှ ကျောက်တုံးအသေးလေးတွေ ပေါ်ပေါက်နေတတ်ပါတယ်။
Source: Daily Mail
#Yangon_Media_Group
Published 18 Jan 2023
စပိန်နိုင်ငံ မက်ဒရစ်မြို့တော်အနောက်ဘက် ဆန်တာတိုလိုမီဒီ ပင်နာရက်စ် ရွာငယ်ကလေးမှာ နှစ်စဉ်ကျင်းပတဲ့ 'Las Luminarias' မီးပဒေသာ ရိုးရာပွဲတော်ကို ဒီနှစ်မှာလည်းကျင်းပခဲ့ပါတယ်။
အဲဒီပွဲတော်မှာ ရွာသားတွေဟာ မီးလျှံတွေကြားထဲကို သူတို့မြင်းတွေနှင့် ဖြတ်ဝင်စီးနင်းပြတာဟာ အင်မတန်ကြည့်လို့လှပပြီး ရင်မသည်းဖိုလည်းဖြစ်ကြရပါတယ်။
ဒီပွဲတော်ကို သူတို့ကိုယ်သန့်ရှင်းစင်ကြယ်စေပြီး သူတော်စင်တွေက သူတို့ကို ကာကွယ်ပေးဖို့ဆိုတဲ့ ယုံကြည်မှုတွေနှင့် ဆင်နွှဲကြတာဖြစ်ပါတယ်။
သူ့အသက် ယခု ၅၄နှစ်ရှိပြီ ငါးနှစ်ခြောက်နှစ်အရွယ်ကတည်းက ဒီပွဲကို နွှဲလာတာ။ ဒီပွဲတော်ဟာ ဘယ်လိုအနှစ်သာရရှိ တယ်ဆိုတာ ပြောမပြတတ်အောင်ပဲလို့ ပွဲတော်လာ အယ်ဒရီဒိုမာတင်ကပြောပါတယ်။
#Las_Luminarias
#Spain_San Bartolome_de_Pinares
#Spain_Culture
#Local_News
Published_ 18 January 2023
လက်ခစား(CMP)အထည်ချုပ်လုပ်ငန်းတွေကနေ ပြည်ပတင်ပို့မှုဟာ လအလိုက် ကျဆင်းနေတယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်တွေက ပြောဆိုနေကြပါတယ်။
#Yangon_Media_Group
#World_Technology
Published 17 January 2023
လူလုပ်အသိဉာဏ်နည်းပညာ AI ဟာ နေ့စဉ်ဘဝမှာ ကြုံတွေ့လာရပြီး အခုဆိုရင် ဖက်ရှင်ကဏ္ဍကိုပါ ဝင်ရောက်နေပြီဖြစ်ကာ ကမ္ဘာတဝှမ်းရှိ ဖက်ရှင်လမ်းလျှောက်ပွဲတွေမှာ အသုံးပြုနေပြီဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_18 January 2023
ပြင်ပဈေးကွက်ထဲမှာ ရွှေဈေးကို ဈေးကစားမှုတွေရှိနေတာကြောင့် သက်ဆိုင်ရာဌာနကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 18 January 2023
လတ်တလောမှာ ဂျပန်စားသောက်ကုန်လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာလူငယ်တွေကိုအလုပ်ခေါ်ယူမှု အများဆုံးဖြစ်နေတယ်လို့ ဂျပန်ဘာသာသင် သင်တန်းကျောင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_18 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ကိုးလကျော်ကာလအတွင်းမှာ ပြည်ပကို တင်ပို့နေတဲ့ ပို့ကုန်ပစ္စည်းအမယ်တွေထဲမှ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုက ဝင်ငွေအများဆုံးရရှိထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 18 January 2023
၁။ ယခုဘဏ္ဍာနှစ်အတွင်း စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှ အများဆုံးဝင်ငွေရရှိထား
၂။ ဂျပန်စားသောက်ကုန်လုပ်ငန်းများမှ မြန်မာလူငယ်များကို အလုပ်ခေါ်ယူမှု အများဆုံးဖြစ်နေ
၃။ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လာတာကြောင့် ပြင်ပဈေးကွက်အတွင်း ရွှေဈေးပြန်ကျလာ
၄။ ဖက်ရှင်နှင့် AI နည်းပညာတို့ ပူးပေါင်းဖန်တီးသည့် ဖက်ရှင်ပြပွဲများကျင်းပလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1454 of 2053