#Local_News
Published_ 19 November 2022
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၌ နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပခဲ့သည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင် “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့် အရေး အခြေအနေ” ဟု ခေါင်းစဉ်တပ်ထားတဲ့ ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံမှ တရားဝင်ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခြင်းမရှိဘဲ အတည်ပြု ချမှတ်ခဲ့ခြင်းကို ကန့်ကွက်ပယ်ချကြောင်း နစက နိုင်ငံခြားရေးက သတင်းထုတ်ပြန်လိုက်ပါတယ်။
အီးယူနှင့် အိုအိုင်စီတို့က နှစ်စဉ် ကမကထပြု တင်သွင်းသည့် ရှည်လျားလှသော ဆုံးဖြတ်ချက်အဆို တွင် အခြေအမြစ်မရှိသော ထပ်တလဲလဲ စွပ်စွဲချက်များ ပါဝင်သည်။ ဆုံးဖြတ်ချက်အဆိုတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ပေးအပ်သည့် လက်တွေ့မကျသော လုပ်ငန်းတာဝန်များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ယခုဆုံးဖြတ်ချက်အဆိုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်၏ နောက်ဆက်တွဲအနေဖြင့် ပေါ်ပေါက်လာခြင်း ဖြစ်သော်လည်း ယင်းဆုံးဖြတ်ချက်အဆိုတွင် ဖြစ်စဉ်၏ မူလဇာစ်မြစ်နှင့် မြေပြင်အခြေ အနေမှန်ကို ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် တည်ဆဲဥပဒေနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံအစီအစဉ်များ နှင့်အညီ ရခိုင်ပြည်နယ်မှ အမှန်တကယ် နေရပ်စွန့်ခွာသူများအဖြစ် အတည်ပြုနိုင်သူများကို စိစစ် လက်ခံရန် အဆင်သင့်ရှိကြောင်း ဖော်ပြထားပါတယ်။
လက်ရှိကျင်းပလျက် ရှိသော (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီတွင် အတည်ပြုခဲ့ သည့် ဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံက ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ပြဿနာ၏ ရှုပ်ထွေးမှုများကို လျစ်လျူရှုလျက် နိုင်ငံရေးသွတ်သွင်းတဲ့ အဆိုသာဖြစ်ပြီး၊ မျှတမှု၊ ဓမ္မဓိဋ္ဌာန်ကျမှုနှင့် လက်တွေ့ကျမှု မရှိဘူးလို့ ဆိုပါတယ်။
အဆိုတွင် အကြမ်းဖက်မှုနှင့် ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့် ရေး တောင်းဆိုထားသော်လည်း ကလေးသူငယ် ၁၀၀ ဦး ကျော်အပါအဝင် လက်နက်မဲ့ အရပ်သား ၄,၀၀၀ ကျော်တို့ကို သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် NUG နှင့် PDF ဆိုသူတို့၏ အကြမ်းဖက်လုပ်ရပ် များကို ရှုတ်ချရန် ပျက်ကွက်ခဲ့ကြောင်း ထောက်ပြထားပါတယ်။
ထို့အပြင် လက်ရှိတွင် “NUG” ဆို သည့် အကြမ်းဖက်အဖွဲ့ကို ကိုယ်စားပြု လျက်ရှိ သော ကျော်မိုးထွန်း၏ ပါဝင်တက်ရောက်ခြင်း၊ မိန့်ခွန်းပြောကြားခြင်းနှင့် အခြားလုပ်ရပ် များကိုလည်း ခြွင်းချက်မရှိ ကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
Published 18 Nov 2022
အိန္ဒိယနိုင်ငံက နိုင်ငံရဲ့ ပထမဆုံး ပုဂ္ဂလိကထုတ်လုပ်တဲ့ ဒုံးပျံတစ်စီးကို သောကြာနေ့က ကမ္ဘာ့လေထုရဲ့အထက်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြပါတယ်။
ဒါဟာ အိန္ဒိယနိုင်ငံအတွက် လေကြောင်းဆိုင်ရာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်လာဖို့ တွန်းအားပေးဆောင်ရွက်နေမှုမှာ အထင်ကရမှတ်တိုင်တစ်ခုဖြစ်ပါတယ်။
တန်တစ်ဝက်ရှိတဲ့ အဲဒီ Vikram-S ဒုံးပျံဟာ သောကြာနေ့ နေ့လယ်မတိုင်ခင် ပစ်တင်ခဲ့တာဖြစ်ပြီး စက်ဝိုင်းပြတ်ထဲမှာ ရွေ့လျားခဲ့ပါတယ်။
အဲဒီလွှတ်တင်မှုတွေကို အိန္ဒိယအာကာသသုတေသနဌာနရဲ့ တိုက်ရိုက် ဗွီဒီယိုထုတ်လွှင့်မှုမှာ မြင်တွေ့ကြရပါတယ်။
ခြောက်မိနစ်အကြာမှာ အဲဒီဒုံးပျံဟာ ပင်လယ်ထဲကို ဆင်းသက်ခဲ့တယ်လို့ အေဂျင်စီကနေသိရပါတယ်။
ယခုဒုံးပျံကို ပြည်တွင်းက Skyroot Aerospace ကုမ္ပဏီက ဖန်တီးတည်ဆောက်ခဲ့တာဖြစ်ပြီး ၅၅ မိုင်အမြင့်အထိ ရောက်ရှိပါတယ်။ အဲဒီအမြင့်ဟာ ကမ္ဘာမြေကြီးနှင့် ပြင်ပအာကာသတို့ကိုပိုင်းခြားထားတဲ့ ၁၀၀ ကီလိုမီတာ ကာမန်မျဉ်းရဲ့ အောက်ဖြစ်ပါတယ်။
Source: AFP
ရုပ်သံကြည့်ရှုရန်..⏭⏭⏭
✅Facebook >>> https://fb.watch/gTlVii-a23/
#Breaking_News
Published 18 Nov 2022
အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အဖွဲ့ဝင် (၄၁)ဦးကို ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်၇၅/၂၀၂၂ ကို ယနေ့ နိုဝင်ဘာ (၁၈)ရက်ရက်စွဲဖြင့် နစက,က ထုတ်ပြန်ကြေညာပါတယ်။
အဆိုပါအမိန့်စာအရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူတွေက AA လက်နက်ကိုင်အဖွဲ့မှ (၁၇)ဦး၊ KIA မှ (၁၇)ဦး၊ RCSS/SSA. မှ (၅)ဦးနှင့် KNU/KNLA မှ(၂)ဦးတို့ဖြစ်ကြပါတယ်။
ထို့အပြင် တရားရုံးတွေမှာ တရားစွဲဆိုခံထားရတဲ့ AA မှ(၁)ဦးနှင့် KIA မှ(၃)ဦး ပေါင်း(၄)ဦးတို့ရဲ့ အမှုတွေကိုလည်း ပိတ်သိမ်းလိုက်တယ်လို့ သီးခြားအမိန့်၇၆/၂၀၂၂ ဖြင့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
-ymg/knl
#EAO_Amnesty



#Local_News
Published _ 18 November 2022
ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် ၂နှစ်ဆက်တိုက် မကျင်းပဖြစ်ခဲ့တဲ့ ပြင်ဦးလွင်ပန်းပွဲတော်ကို လာမယ့်ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့အထိ တစ်လတိတိ ကျင်းပသွားမှာဖြစ်တယ်လို့ ပွဲတော်ကျင်းပရေးကော်မတီဆီကနေ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_18 November 2022
ပြည်ပနိုင်ငံတွေထံက ချေးငွေရရှိခြင်းမရှိသည့်အတွက် စီမံကိန်းအချို့ရပ်ဆိုင်းထားရကြောင်း နစကပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
ယနေ့ ပြုလုပ်သည့် ၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်ထည့်သွင်းပြောကြားခဲ့သည်။
လက်ရှိ နစကအစိုးရလက်ထက်တွင် နောက်ထပ်ချေးငွေရယူထားခြင်းမရှိကြောင်း၊ ယင်းကြောင့်လက်ရှိအခြေအနေတွငိ အစိုးရအနေဖြင့် ပြည်ပချေးငွေအပါအဝင် ထောက်ပံ့ငွေများ ရယူခဲ့ခြင်းမရှိဘဲနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း ၄င်းကပြောကြားခဲ့သည်။
နစက တာဝန်ယူခဲ့သည့်ကာလအတွင်း NLD အစိုးရလက်ထက်အပါအဝင် ယခင်အစိုးရလက်ထက်တွေက ချေးယူခဲ့သည့် ချေးငွေများထဲက ဒေါ်လာ ၁ ဒသမ ၄၅၉ ဘီလီယံကို ပြည်ပထောက်ပံ့ငွေမရှိဘဲ ပြန်ဆပ်ခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
#ymg/sth
#Yangon_Media_Group
#World_Sports
Published 18 November 2022
ကာတာနိုင်ငံမြောက်ပိုင်း သဲကန္တာရတွေမှာ ကလေးတွေက ဘယ်ဘက်လက်အိတ်ပေါ်မှာ သိမ်းငှက်များတင်ထားရင်း ရိုးရာဓလေ့ဖြစ်တဲ့ အမဲလိုက်ငှက်တွေကို ပြသခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_18 November 2022
လာမယ့်ဒီဇင်ဘာလမှာ မိုင်းတွင်းတွေကနေ ပစ္စည်းအသစ်တွေထွက်ရှိမှာဖြစ်တဲ့အတွက် ရွှေပြတ်လပ်မှုမရှိနိုင်ဘူးလို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ဥက္ကဋ္ဌ ဦးမျိုးမြင့်ရဲ့ ပြောကြားချက်အရ သိရပါတယ်။
#Yangon_Media_Group
Published 18 Nov 2022
ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရက်ဆော့ခွန်ဟာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်အဖြစ် သူဟာ မြန်မာနိုင်ငံကို လာမယ့် အပတ်တွေထဲ တတိယအကြိမ်လာရောက်ဖို့ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီလိုသွားရောက်ခြင်းဟာ မြန်မာနိုင်ငံကို ပုံမှန်အနေအထားနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး အတွက် နောက်ထပ်ကြိုးပမ်းအားထုတ်မှုဖြစ်တယ်လို့လည်းဆိုပါတယ်။
ယနေ့ နိုဝင်ဘာ (၁၈)ရက်မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ မြန်မာနစကရဲ့ အကျဉ်းသားတွေလွှတ်လိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ ဆော့ခွန်ကပြောကြောင်းသိရပါတယ်။ အကျဉ်းသား ခြောက်ထောင်ကျော်ကို မြန်မာနိုင်ငံက လွှတ်ပေးလိုက်တာဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက်နှင့်အညီ လက်ရှိအကျပ်အတည်းတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုတစ်ခု ရှာဖွေဖို့ အခွင့်အလမ်းတွေ လမ်းပွင့်သွားတဲ့ ကောင်းမွန်တဲ့စိတ်ထားတစ်ခုဖြစ်တယ်လို့ သူက ပြောကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ ယခု အကျဉ်းသား အမြောက်အမြားလွှတ်ပေးခြင်းဟာ မြန်မာနိုင်ငံမှ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအကြား ဆွေးနွေးမှု လုပ်ငန်းစဉ်တစ်ခုစတင်ဖို့အတွက် ထောက်ကူပေးမယ့် ဝန်းကျင်တစ်ခုကိုဖန်တီးဖို့ လမ်းကြောင်းမှန်ပေါ်က အရေးကြီးတဲ့ ပြမူမှုတစ်ခုလို့ အထူးသံတမန်က မှတ်ယူပါတယ်”
“ဒါဟာ လက်ရှိအကျပ်အတည်းအတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုတစ်ခုဆက်လက်ဆောင်ရွက်ရာမှာ အရေးကြီးတဲ့ ပြူမူမှုတစ်ခုနှင့် ၂၀၂၁ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေအစည်းအဝေးမှာ ရရှိခဲ့တဲ့ ဘုံသဘောတူညီချက်(၅)ချက်ရဲ့ အနှစ်သာရနှင့်ကိုက်ညီတဲ့ ကောင်းမွန်တဲ့တိုးတက်မှုတစ်ခုဖြစ်တယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
သတင်းထုတ်ပြန်ချက်ထဲမှာ သတိထားမိစရာ လူပုဂ္ဂိုလ်အချို့လွတ်မြောက်လာတာကို အမည်နှင့်တကွဖော်ပြထားပါတယ်။ အဲဒီအထဲမှာ ယခင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်၊ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားတက်ကြွသူ ကိုမြအေးတို့အမည်တွေပါဝင်ပါတယ်။
လွှတ်ပေးတဲ့အထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်နှင့် ပြောရေးဆိုခွင့်ရသူ ဦးမျိုးညွန့်၊ အလုပ်အမှုဆောင် ဦးသိန်းဦး၊ NLD ဥပဒေအကြံပေး ဦးကျော်ဟိုး၊ ပါမောက္ခ ဦးမောင်သာချို၊ ရွှေညဝါဆရာတော်၊ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုမန်းနှင့် သူ့ခင်ပွန်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပါမောက္ခ ရှောင်တာနယ်၊ ဂျပန်သတင်းထောက်နှင့် ရုပ်ရှင်ထုတ်လုပ်သူ တိုရူကူဘိုတာ၊နှင့် အမေရိကန်နိုင်ငံသား ဦးကျော်ဋ္ဌေးဦး တို့ပါဝင်ကြပါတယ်။
“ အကြမ်းဖက်မှုတွေရပ်တန့်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရေးနှင့် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုအတွက် ယုံကြည်မှုတည်ဆောက်ရေးဆိုသည့် ဘုံသဘောတူညီချက်(၅)ချက်၏ ဦးစားပေးလုပ်ငန်း(၃)ခုရရှိနိုင်စေရေးအတွက် ပိုပြီးတိုးတက်ဖြစ်ထွန်းမှုများရှိလာမည်ဟုယုံကြည်ပါသည်” လို့လည်း ဆော့ခွန်ကပြောပါတယ်။
Source: Phnom Penh Post
#ASEAN_Special_Envoy
#Prak_Sokhonn
#Myanmar_ASEAN
#Local_News
Published _ 18 November 2022
လတ်တလောမှာ မီးစက်သုံးဖို့လိုအပ်ချက်တွေရှိနေကြပေမယ့်လည်း မရှိမဖြစ်လိုတဲ့ သူတွေပဲဝယ်ယူနိုင်တဲ့အတွက် မီးစက်ဈေးကွက်သိသိသာသာရောင်း အားတက်လာတာမရှိသေးဘူးလို့ မီးစက်ရောင်းဝယ်ရေးလုပ်ငန်းတွေထံမှသိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 18 November 2022
ပြည်တွင်းသကြားလက်ကျန် များပြားနေတဲ့အတွက် ကြံရာသီစချိန်မှာ သကြားဈေးကျဆင်းနိုင်တယ်လို့ မြန်မာနိုင်ငံသကြားနဲ့ ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Published 18 Nov 2022
☑️ အမေရိကန်တစ်နိုင်ငံလုံးကို ရောက်ရှိတိုက်ခိုက်နိုင်တဲ့ တိုက်အချင်းချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားက သောကြာနေ့မှာ စမ်းသပ်ခဲ့ပြီး အဲဒီဒုံးကျည်ဟာ ဂျပန်ရေပိုင်နက်အနီးဆင်းသက်ခဲ့
☑️ အမေရိကန်ပြည်ထောင်စုက အဲဒီစမ်းသပ်မှုကို မြန်မြန်ဆန်ဆန်ပဲ ပြစ်တင်ရှုတ်ချခဲ့ပြီး သူ့ပိုင်နက်နှင့် သူ့ရဲ့ မဟာမိတ် တောင်ကိုးရီးယားနှင့်ဂျပန်တို့ရဲ့ပိုက်နက်တွေရဲ့ လုံခြုံရေး အာမခံချက်ရှိဖို့ လိုအပ်တဲ့ တုန့်ပြန်အရေးယူမှာတွေအားလုံး ဆောင်ရွက်သွားမယ်လို့ ပြော
☑️ အမေရိကန်ဒုသမ္မတ ကမ်မလာ ဟာရစ်ဟာ အဲဒီမဟာမိတ်နှစ်နိုင်ငံ၊ဩစတြေလျ၊ကနေဒါနှင့် နယူးဇီလန်က ခေါင်းဆောင်တွေနှင့်အတူ ဘန်ကောက်မှာ ဒေသဆိုင်ရာဖိုရမ်တစ်ခုတက်နေပြီး ယခုကိစ္စကို ထိုခေါင်းဆောင်များနှင့် ဆွေးနွေးမည်ဟုပြော
☑️“ တရားဥပဒေမဲပြီး မတည်မငြိမ်ဖြစ်စေတဲ့ ဒီလိုအလုပ်တွေ နောက်ထပ်မလုပ်ဘဲ ရပ်တန်ဖို့ ကျွန်မတို့ မြောက်ကိုးရီးယားကို တောင်းဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုကိုယ်စားပြောရရင် ကျွန်မတို့ရဲ့ အင်ဒိုပစိဖိတ် မဟာမိတ်တွေနှင့် ကျွန်မတို့ ဆက်ဆံရေးခိုင်မာတောင့်တင်းဖို့ ထပ်မံကတိပေးတယ်” လို့ သူမကပြော
☑️ ဒီကနေ့ မနက် ၁၀နာရီ ၁၅မိနစ်ခန့်မှာ ဒီဒုံးကျည်ကို တောင်ကိုးရီးယားရဲ့ မြို့တော်ဒေသအနီးမှာ ထောက်လှမ်း သိရှိခဲ့တယ်လို့ တောင်ကိုးရီးယား Joint Chiefs of Staff ကပြော
☑️ မြောက်ကိုးရီးယားဟာ နျူကလီးယားလက်နက်တွေ ခေတ်မီတိုးတက်ရေးနှင့် အနာဂတ်သံတမန်ရေးရာမှာ အကြီးအကျယ်လိုက်လျောမှုတွေရရှိဖို့ရည်ရွယ်ပြီး လက်နက်စမ်းသပ်မှုတွေ ဆက်တိုက်လုပ်နေတာဖြစ်
☑️ ဒီဒုံးကျည်ဟာ အမြင့်ဆုံး ၆၂၀မိုင်ကနေပြီး ခရီး ကီလိုမီတာ ၆၀၀၀မှ ၆၁၀၀ အကြား ပျံသန်းခဲ့တာဖြစ်တယ်လို့ တောင်ကိုးရီးယားနှင့် ဂျပန် တို့က ခန့်မှန်းခဲ့
☑️ ဒုံးကျည်ထိပ်ဖူးရဲ့ အလေးချိန်ပေါ်မူတည်ပြီး ဒုံးကျည်ဟာ မိုင်ပေါင်း ၉၃၂၀ မိုင်အကွာအထိပစ်နိုင်စွမ်းရှိလို့ ဒါဟာ အမေရိကန်ကုန်းမြေတစ်ခုလုံးကို ခြုံငုံရောက်ရှိနိုင်တာဖြစ်တယ် လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ယာဆူကာဇူ ဟာမာဒါကပြောကြား
Source AP
#North_Korea_Missile_test
#intercontinental_ballistic _missile_test
#North_Korea_US



#DailyNews
Published _ 18 November 2022
၁။ ပြည်တွင်းသကြားလက်ကျန်များနေ၍ ကြံရာသီစတင်ချိန် သကြားဈေးကျဆင်းနိုင်
၂။ မရှိမဖြစ်လိုသူများသာဝယ်ယူနိုင်သဖြင့် မီးစက်ဈေးကွက်အနည်းငယ်သာတက်
၃။ ဒီဇင်ဘာလတွင် မိုင်းများမှ ပစ္စည်းအသစ်များထွက်မည်ဖြစ်သည့်အတွက် ရွှေပြတ်လပ်မှုမရှိဟုဆို
၄။ ကမ္ဘာ့ဖလားပြိုင်ပွဲမှတဆင့် ကာတာတို့၏ ရိုးရာအမဲလိုက်ငှက်အားကစားထွန်းကားစေရန်မျှော်မှန်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1449 of 1949