#Local_News
Published_21 January 2023
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ ဇန်နဝါရီလ ၁၃ ရက်အထိကို မြန်မာ- ထိုင်းနယ်စပ်ကုန်သွယ်ရေးကနေ အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရရှိထားတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။
#Yangon_Media_Group
#Asia_News
Published 21 January 2023
တရုတ်သမ္မတ'ရှီကျင့်ဖင်'က တရုတ်နှစ်သစ်ကူးမတိုင်မီမှာ လက်နက်ကိုင်တပ်များကို ရုပ်သံမှကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့ကိုကာကွယ်ရန် တိုက်ပွဲဝင်အသင့်ပြင်ဆင်ထားဖို့ ဗုဒ္ဓဟူးနေ့က တိုက်တွန်းပြောကြား လိုက်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 21 Jan 2023
- ရေရှည်မှာ ပြည်သူ့ကျန်းမာရေးကို နိုင်ငံရေးအသုံးချအဖြစ်အစဉ်အလာတစ်ခုဖြစ်သွားရင် ဘာတွေဆက်ဖြစ်မလဲ။ ပိုပြီးစိုးရိမ်စရာကောင်းလာမလား??
#Yangon_Media_Group
#Local_News
Published_21 January 2023
ဒီဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကိုပဲမျိုးစုံတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိထားတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 21 Jan 2023
- ကပ်ရောဂါတိုက်ဖျက်နှိမ်နှင်းမှု ထိရောက်သင့်သလောက် မထိရောက်ရတာ ကိုဗစ်ကပ်ရောဂါကို နိုင်ငံရေးထဲဆွဲထည့်နေကြတာနှင့်ဆိုင်မလား??
#Yangon_Media_Group
#DailyNews
Published_ 21 January 2023
၁။ ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိထား
၂။ ကိုးလကျော်ကာလအတွင်း မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ ၄ ဘီလီယံကျော်ရရှိထား
၃။ ရွှေတိဂုံစေတီတွင် ထမနဲပွဲတော်ပြန်လည်ကျင်းပမည်
၄။ လက်နက်ကိုင်တပ်များ တိုက်ပွဲဝင်အသင့်ပြင်ဆင်ထားဖို့ တရုတ်သမ္မတရှီကျင့်ဖျင်ကပြောကြား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 21 Jan 2023
- အခုကမ္ဘာ့အင်အားကြီးနိုင်ငံအချို့ ကိုဗစ်ကို နိုင်ငံရေးထဲဆွဲသွင်းနေကြတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဘာကြောင့် အဲသလိုသုံးသပ်ကြတာလဲ??
#Yangon_Media_Group
#Local_News
Published_ 21 January 2023
ကိုဗစ်ကာလအတွင်း ရပ်နားထားသည့် ရန်ကုန်-ပုဂံ ရထားကို လာမည့်ရက်ပိုင်းအတွင်း ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ရန်ကုန်-ပုဂံ အမှတ်(၆၁)အဆန်၊ (၆၂)အစုန် အမြန်ရထားကို လာမည့် ဇန်နဝါရီ ၂၃ ရက်မှစပြီး နေ့စဉ်ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ပုဂံပြေးဆွဲသည့် အမှတ်(၆၁)အဆန်နှင့် (၆၂)အစုန်ရထားတွေသည် ရန်ကုန်ဘူတာကြီးနှင့် ပုဂံဘူတာတွေကနေ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရထားလမ်းပိုင်းတွင် ကြားဘူတာ၂၃ ဘူတာ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး ရထားတွဲဆိုင်းတွေအနေဖြင့် ရိုးရိုးတန်း ၅ တွဲ၊ အထက်တန်းထိုင်ခုံ ၁ တွဲ၊ အထက်တန်းအိပ်စင်တစ်တွဲနှင့် ဘရိတ်တွဲ ၁ တွဲ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 21 January 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချမ်းမြေ့သုခကုန်စုံဆိုင်ကို ဇန်နဝါရီလ၂၀ ရက် ည ၇နာရီ ၁၅ မိနစ်ခန့်က ဓားပြတိုက်ခဲ့ရာ ဆိုင်ရှင်အမျိုးသားမှာ ဓားဖြင့် ခုတ်ခံရ၍ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း မေတ္တာစေရာ လူမှုကူညီရေးအသင်း-မုံရွာမြို့က သိရသည်။
ဓားပြတိုက်ခံရသော ကုန်စုံဆိုင်မှာ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဗဟိုလမ်းတွင်တည်ရှိပြီး အဆိုပါ ကုန်စုံဆိုင်သို့ လူ ၄ ဦး ဆိုင်ကယ် ၄ စီးဖြင့် ဓားများကို ကိုင်ကာ ဆိုင်အတွင်းသို့ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ ယင်းနောက် ငွေညှစ်ရာမပေးသည့်အတွက် ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အဲ့ဒီအချိန်က မီးပျက်နေတာ။ ည ၇ နာရီကျော်လောက်ပါပဲ။ ဆိုင်ပိတ်နေတဲ့အချိန် ဆိုင်ကိုဝင်ပြီးငွေညှစ်တာ။ ကိုစိုးရာဇာကပြန်ခုခံတော့ ဓားနဲ့ခုတ်တာ။ ကျွန်တော်တို့ရောက်သွားတော့ ကိုစိုးရာဇာက သွေးတွေအိုင်နေပြီ။ ပတ်ဝန်းကျင်ကို လှမ်းပြီးအကူအညီတောင်းတော့ ပစ္စည်းတွေ၊ ဘာတွေမပါသွားပါဘူး”ဟု မေတ္တာစေ ရာလူမှုကူညီရေးအသင်း-မုံရွာမြို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဓားခုတ်ခံရမှုကြောင့် ကုန်စုံဆိုင်ပိုင်ရှင် ကိုစိုးရာဇာမှာ အသက် ၃၃နှစ် အရွယ်ရှိသူဖြစ်ပြီး ညာဘက်လက် မောင်းပြတ်ရှဒဏ်ရာတစ်ချက်၊ နောက်ကျောပြတ်ရှဒဏ်ရာ နှစ်ချက်၊ ရင်ဘတ်ပြတ်ရှဒဏ်ရာတစ်ချက်( စိုးရိမ်ရ) နှင့် ဇနီးဖြစ်သူ အသက် ၃၁ နှစ်အရွယ် မခင်ချမ်းမြေ့တွင် ဘယ်ဘက်ပါးနှင့် ဘယ်ဘက်လက်ချောင်းတို့၌ ပြတ်ရှဒဏ်ရာတစ်ချက်စီရရှိခဲ့ကြောင်း သိရသည်။
ဓားဖြင့်ခုတ်ခံရသူ ၂ ဦးအား မေတ္တာစေရာလူမှုကူညီရေးအသင်း-မုံရွာမှ အရေးပေါ်ပြု စုကုသမှုများပြုလုပ်ပေး၍ မုံရွာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့စဉ် ကိုစိုးရာဇာလင်းမှာ ရရှိထားကြောင့်ဒဏ်ရာများကြောင့် ဆေးရုံ၌ သေဆုံးခဲ့ကြောင်း၊ လက်ရှိတွင် မခင်ချမ်းမြေ့သိန်း မှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ၊ အဆိုပါဇနီးမောင်နှံတွင် ၃နှစ်အရွယ်ကလေးငယ်တစ်ဦးရှိကြောင်းလည်း သိရသည်။


#ymg/mt
#Yangon_Media_Group
#Local_News
Published_ 21 January 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးသည် ဇန်နဝါရီ ၁၉ ရက်တွင် မော်စကိုမြို့ရှိ မော်စကိုအစိုးရအဖွဲ့ရုံးသို့ သွားရောက်၍ မော်စကိုမြို့အစိုးရအဖွဲ့၀န်ကြီး၊ ပြည်ပစီးပွားဆက်သွယ်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ Mr. Sergey CHEREMIN နှင့် တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ပြည်ပစီးပွားဆက်သွယ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာန ဒုတိယအကြီးအကဲ Mr. Vyacheslav MANUYLOV ၊ နိုင်ငံတကာ ဆက်ဆံရေးဌာနခွဲ၏ ဒုတိယအကြီးအကဲ Mr. Sergey BARATOV ၊ အကြီးတန်း ကျွမ်းကျင်သူ Mrs. Ekaterina GOLOVATSKAYA ၊ ပြဇာတ်ရုံများနှင့် ဂီတဖျော်ဖြေပွဲများ ကျင်းပရေးဌာနခွဲ၏ ဒုတိယအကြီးအကဲ Mrs. Polina LAPSHINA တို့ တက်ရောက်ခဲ့ကြပြီး၊ မြန်မာသံရုံးမှ တာ၀န်ရှိသူများလည်း တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံရာ၌ မြန်မာနိုင်ငံနှင့် မော်စကိုမြို့အစိုးရတို့အကြား မြို့ပြဖွံ့ဖြိုးမှု၊ နည်းပညာ၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး အလားအလာများဆွေးနွေးခဲ့ကြပါတယ်။
ထို့ပြင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး တည်ထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။

#ygm_mnn
#Yangon_Media_Group
#World_Military
Published 21 January 2023
ယူကရိန်းအနေနဲ့ ဂျာမနီနိုင်ငံထုတ် အဆင့်မြင့်တင့်ကားများ လက်ခံရရှိမလားဆိုတာကို သိရဖို့အတွက် ထပ်မံစောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
ရုရှားကျူးကျော်မှုကို ခုခံနေရတဲ့ ယူကရိန်းအတွက် အနောက်မဟာမိတ်နိုင်ငံများမှ တင့်ကားများပေးပို့ခြင်းအပေါ် အငြင်းပွားနေရတာဟာ လူအများအမြင်မှာရော သီးသန့်အပိုင်းမှာပါ ဖြစ်ပွားနေပါတယ်။
ဂျာမနီမှာပြုလုပ်တဲ့ အစည်းအဝေးမှာ ဂျာမနီကတွန့်ဆုတ်နေတာကြောင့် ကာကွယ်ရေးခေါင်းဆောင် ၅၀ ကျော်ဟာ သဘောတူညီချက် မရရှိခဲ့ပါဘူး။
ယူကရိန်းခေါင်းဆောင်တွေကနေ အရေးတကြီးတောင်းဆိုထားချက်အပေါ် သဘောတူညီမှုမရရှိခြင်းက ဒေါ်လာဘီလီယံချီတန်ဖိုးရှိ လက်နက်နဲ့ကိရိယာတွေပေးပို့ဖို့ ကတိပြုထားတဲ့ အမေရိကန်အပါအဝင် အချို့နိုင်ငံတွေကိုပါ ဖုံးလွှမ်းခဲ့ရပါတယ်။
အမေရိကန်နဲ့နေတိုး(NATO)ခေါင်းဆောင်များက ဂျာမနီနဲ့သီးသန့်ဆွေးနွေးခဲ့ပေမယ့် ဂျာမနီထုတ် Leopard တင့်ကားတွေကို ပေးပို့ဖို့ ဘုံသဘောတူညီချက် မရရှိခဲ့တာ ဖြစ်ပါတယ်။
Leopard တင့်ကားရှိတဲ့ ၁၅ နိုင်ငံက ဆုံးဖြတ်ချက်မချနိုင်ခဲ့ပေမယ့် နောင်အချိန်မှာ ထပ်မံဆွေးနွေးသွားဦးမယ်လို့ ပိုလန်ကာကွယ်ရေးဝန်ကြီးချုပ်'မာရီယပ်ဇ်ဘလက်ဇက်'က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး'လွိုက်အော်စတင်'ကလည်း ဂျာမနီဟာ ယုံကြည်အားထားရတဲ့ မဟာမိတ်နိုင်ငံအဖြစ် ကာလကြာရှည်စွာတည်ရှိလာခဲ့ကြောင်း၊ ရှေ့ဆက်ပြီးလည်း ယုံကြည်ရတဲ့ မဟာမိတ်အဖြစ် ဆက်ရှိနေဦးမယ်လို့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ Stryker တိုက်ခိုက်ရေးယာဉ်တွေနဲ့ Bradley သံချပ်ကာယာဉ်များကို ယူကရိန်းထံပေးပို့ခြင်းဖြင့် စစ်ပွဲမှာတိုက်ခိုက်နိုင်စွမ်းတွေ တိုးချဲ့ရရှိလာမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
အမေရိကန်ရဲ့ ခက်ခဲရှုပ်ထွေးလှတဲ့ နည်းပညာမြင့် M1 Abrams တင့်ကားတွေ ပို့တာထက်စာရင် မဟာမိတ်အများစုမှာရှိပြီးသားဖြစ်ပြီး ယူကရိန်းတပ်သားတွေအတွက် သင်ကြားရလွယ်ကူတဲ့ ဂျာမနီရဲ့ Leopard တွေက ပိုပြီးအကျိုးရှိမယ်လို့ အမေရိကန်က ဆိုပါတယ်။


Source: AP News
#Yangon_Media_Group
#Local_News
Published_ 21 January 2023
အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် အနိမ့်ဆုံးအပူချိန်စံချိန်သစ်တင်သည့်အထိ ရာသီဥတုအေးခဲ့သလို လာနီညာဖြစ်စဉ်ရှိနေသေး၍ စိုစွတ်အေးမြခြင်းများ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်၊၊
မောင်တောတွင် မောင်တောစခန်းဖွင့်ချိန်မှ နှစ်ပေါင်း၅၀အတွင်း အနိမ့်ဆုံးအပူချိန် ၇.၈ ဒီဂရီစင်တီဂရိတ်ရှိခဲ့ရာမှ ၂၀၂၃ ဇန်နဝါရီလ ၂၃ တွင် အနိမ့်ဆုံး အပူချိန်စံချိန်သစ်အဖြစ် ၆.၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့သည်ဟုဌာနမှ ထုတ်ပြန်ထားသည်၊၊
ဇန်နဝါရီလတတိယ(၁၀) ရက်ပတ်တာဖြစ်သော ဇန်နဝါရီလ(၂၀)ရက်မှ(၃၀)ရက်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင်ဆက်လက်တည်ရှိနိုင်သည်ဟု ဆိုသည်၊၊
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတတိယ(၁၀)ရက်ပတ်အတွင်း ဖြစ်ပေါ်နိုင်သည့် လာနီညာ အခြေအနေထုတ်ပြန်ချက်အရ သိရခြင်းဖြစ်သည်၊၊
ထုတ်ပြန်ချက်တွင် နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များခန့်မှန်းချက်အရ ဇန်နဝါရီလ တတိယ (၁၀)ရက်ပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် တည်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း သိရသည်၊၊
အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များလျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမို ဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊
လာနီညာဖြစ်စဉ်ကြောင့် ညအပူချိန်များလျော့နည်းခဲ့ပြီး ညအပူချိန်များမှာချင်းပြည်နယ်တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၄)ဒီဂရီစင်တီဂရိတ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ နေပြည်တော်တွင် ဇန်နဝါရီလ၏ပျမ်းမျှအပူချိန်ထက် (၂)ဒီဂရီစင်တီဂရိတ် ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဇန်နဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်၊၊
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အနေဖြင့် လာနီညာနှင့်ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

#ymg/tthl
#Yangon_Media_Group
Page 1450 of 2053