#LocalNews
Published_ 14 February 2023
ထိုင်းနိုင်ငံတွင်းသို့ ကော့သောင်းမှ လှေဖြင့် ရနောင်းဘက်ခြမ်းကိုဝင်မည့် မြန်မာ ၂၁ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်ညနေတွင် ထိုင်းနိုင်ငံ အမှတ်- ၂၅၂၁ ခြေမြန်တပ်ခွဲက ဖမ်းဆီးခဲ့ပြီးဖေဖော်ဝါရီလ ၁၃ ရက် နံနက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာများမှာ ရေခူလာရောင်းသူများသာဖြစ်ပြီး မှားယွင်းဖမ်းဆီးမိခြင်းကြောင့် ပြန်လည် လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ၊ လှေသားများအား လှေနှင့်အတူ ပြန်နေထိုင်ခွင့်ပြုကာ ကျန်သူများကို ကော့သောင်းမြို့သို့ ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတောင်ပိုင်း မြန်မာ့ပင်လယ်ပြင်တွင် ရေခူပေါသည့်ကာလဖြစ်သောကြောင့် ရေခူလုပ်ငန်း လုပ်ကိုင်နေသော အသေးစားစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထိုင်းနိုင်ငံရနောင်းသို့ ရေခူများကို လှေဖြင့်တင်ကာ ကိုယ်တိုင်သွားရောက် ရောင်းချလေ့ရှိကြောင်းလည်း ဒေသခံများ၏ သတင်းကို ကိုးကား၍ အလုပ်သမားအရေး သတင်းဌာနများတွင် ရေးသားထားကြသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 14 February 2023
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအိမ်ကို သေနတ်သမားများဝင်ပစ်၍ အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၅ ဦးတို့သေဆုံးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၂ နာရီအချိန်က ပုလောမြို့နယ်၊ ပလောက်မြို့၊ အရှေ့ကုန်းကျေးရွာနေ ကျောက်လုံးကြီးကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်အောင်(၆၂)နှစ် (ဘ)ဦးလှမောင်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် နစက ဆန့်ကျင်သေနတ်သမား အင်အား ၂၅ ဦးခန့်က နေအိမ်ရှေ့သို့ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အိမ်အတွင်း ဝင်ရောက်လာကာ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့၍ ဦးမြင့်အောင်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ယင်းနောက် နံနက် ၇ နာရီအချိန်တွင် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်အောင်က ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ရာ အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင်များဖြစ်ကြသည့် အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၅ ဦးတို့ကို ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်းလည်း နစက သတင်းထုန်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 14 February 2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်ဘူတာရုံရှိ အမှတ်(၁)စင်္ကြံပလက်ဖောင်းပေါ်တွင် ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်အချိန် နစက ဆန့်ကျင်အဖွဲ့က မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
မိုင်းပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီးနှင့် ဘူတာရုံအတွင်းရှိ ခရီးသွားပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၇ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူနိုင်ရေး ညောင်လေးပင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ဒဏ်ရာရရှိသူများအနက်မှ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒဏ်ရာ ရရှိသူများအား ပဲခူးမြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနိုင်ရေးအတွက် သက်ဆိုင်ရာက ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#World_Health
Published 14 February 2023
ပေါင်မုန့်မှာ ကာဗိုဟိုက်ဒရိတ်သကြားဓာတ်များစွာ ပါဝင်တာကြောင့် အစားအစာထိန်းသိမ်းစားသုံးသူတွေက ရှောင်ကြဉ်တတ်ကြပါတယ်။
အခုအချိန်မှာတော့ စားလိုက်ခြင်းဖြင့် ဗိုက်ပြည့်တင်းသွားပြီလို့ ခံစားရစေကာ ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်တဲ့ပေါင်မုန့်ကို တီထွင်လိုက်ကြပြီလို့ သုတေသီများ ဆိုလာကြပါတယ်။
ကုလားပဲကရတဲ့ဂျုံဖြင့် ပြုလုပ်ထားတဲ့ပေါင်မုန့်ကို ယိုနဲ့စားသုံးတဲ့အခါ သာမန်စားသောက်တာမျိုးထက် ပိုမိုပြည့်တင်းနေအောင် ခံစားရစေပါတယ်။
ဒါကြောင့် အစားအလွန်အကျွံ မစားမိတော့ဘဲ ကိုယ်အလေးချိန်လျော့ကျစေနိုင်မယ်လို့ သိပ္ပံပညာရှင်များ ယုံကြည်နေကြပါတယ်။
ဒီပေါင်မုန့်တစ်ခုတည်းနဲ့မဟုတ်ဘဲ လှုပ်လှုပ်ရှားရှားနေခြင်း၊ ကျန်းမာရေးညီညွတ်စွာစားခြင်းတို့ ပြုလုပ်ပါမှ ရေရှည်အတွက်လည်း သင့်တော်မှာဖြစ်ကြောင်း သတိပေးထားပါတယ်။
ကင်းစ်ကောလိပ်လန်ဒန်နဲ့ နောဝစ်ချ်ရှိ ကွာဒရမ်တက္ကသိုလ်မှ သုတေသီများက ပုံမှန်ဂျုံများအစား ကုလားပဲဂျုံများကို အသုံးပြုပြီး ပေါင်မုန့်ပြုလုပ်ခဲ့ကြပါတယ်။
ကုလားပဲနဲ့ ပဲအမျိုးမျိုးတို့မှပြုလုပ်တဲ့ ဂျုံမှုန့်တွေကြိတ်ခွဲရာမှ အမျှင်ဓာတ်ဖွဲ့စည်းပုံပြိုကွဲကာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးရရှိစေပါတယ်။
စမ်းသပ်မှုပြုလုပ်ရာမှာ သာမန်ဂျုံဖြင့်ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေ၊ ကုလားပဲဂျုံဖြင့်ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေနဲ့ စားသုံးစေခဲ့ပါတယ်။
ဒီနောက်စမ်းသပ်ခံသူတွေကို ပေါင်မုန့်မစားခင်နဲ့ စားအပြီးမှာ ဆာလောင်စိတ်အခြေအနေကို မေးမြန်းခဲ့ကြပါတယ်။
ကုလားပဲဂျုံဖြင့်ပြုလုပ်တဲ့ ပေါင်မုန့်တွေကို စားသုံးသူတွေမှာ ပြည့်တင်းစိတ်ကိုဖြစ်စေတဲ့ ဟော်မုန်းတွေ သိသိသာသာများလာတာကို တွေ့ရှိခဲ့ကြကြောင်း The American Journal of Clinical Nutrition ဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။
စားစရာထုတ်လုပ်သူတွေအနေနဲ့ ကုလားပဲရောထားတဲ့ ဂျုံတွေဖြင့်ပြောင်းလဲထုတ်လုပ်ခြင်းဖြင့် အစားအလွန်အကျွံစားမိခြင်းကို ရှောင်ရှားစေနိုင်ကာ အဝလွန်နိုင်ချေကို လျှော့ချနိုင်ဖွယ်ရှိတယ်လို့ အကြံပြုခဲ့ပါတယ်။
Source: Daily Mail
#Yangon_Media_Group
#Local_News
Published_ 13 February 2023
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၅ နာရီခွဲအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ကို ဗဟိုပြုပြီး အင်အား ၄ ဒသမ ၁ အဆင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမူဦးဌာနက သိရပါတယ်။
#Yangon_Media_Group
#World_Transportation
Published 13 February 2023
ပြင်သစ်နိုင်ငံ အယ်စ်တမ်မှထုတ်လုပ်တဲ့ TGV နှစ်ထပ်ရထားသစ်ကြီးဟာ ဗုဒ္ဓဟူးနေ့က ချက်သမ္မတနိုင်ငံသို့ အစမ်းသပ်ခံရန် ရောက်ရှိလာပါတယ်။
#Yangon_Media_Group
#Local_News
Published_ 13 February 2023
စပါးပေါ်ချိန်ဖြစ်တဲ့အတွက် ရန်ကုန်ရွှေဈေးကွက်အတွင်းမှာ အရောင်းအနည်းငယ်ပြန်လိုက်လာပြီး အဝယ်မရှိတဲ့အခြေအနေမှာ ဖြစ်နေတယ်လို့ ရွှေအရောင်းအဝယ်လုပ်ငန်းရှင်တွေကို မေးမြန်းချက်အရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 13 February 2023
ဖေဖော်ဝါရီ ၆ ရက်က ငလျင်ဒဏ်ခံစားခဲ့ရသော အရှေ့အလယ်ပိုင်းရှိ ဆီးရီးယားနိုင်ငံသို့ လိုအပ်သောအကူအညီများ အဟန့်အတားမရှိ ပို့ဆောင်ပေးနိုင်ရေးအတွက် နိုင်ငံအသီးသီးမှ အစိုးရများကို ကာတာစင်တာက တောင်းဆိုခဲ့ကြောင်း သိရသည်။
လက်ရှိကာလအထိ ဆီးရီးယားနိုင်ငံသည် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံအချို့၏ပိတ်ဆို့ဒဏ်ခတ်မှုအောက် ကျရောက်နေသဖြင့် ယခုကဲ့သို့ ကာတာစင်တာက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“တူရကီနှင့်ဆီးရီးယားတို့တွင် ငလျင်ဒဏ်ကြောင့် သေကြေပျက်စီးခဲ့ရ၍ မိမိတို့ ကာတာစင်တာအနေဖြင့် အလွန်ဝမ်းနည်းကြေကွဲရကြောင်း၊ အဆိုပါသဘာဝဘေးကြောင့် ဆီးရီးယားရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း” အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်သည့် ကာတာစင်တာ၏ ဖေဖော်ဝါရီ ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
ငလျင်ဒဏ်ခံစားခဲ့ရသော ဒေသများသို့ ကယ်ဆယ်ရေးအကူအညီများ ရရှိရန် လတ်တလောအရေးကြီးကြောင်း အဆိုပါစင်တာက မှတ်ချက်ချခဲ့သည်။
အကူအညီများ မြန်မြန်ဆန်ဆန်ပေးနိုင်ရန်နှင့် ဒေသဆိုင်ရာအာဏာပိုင်များ လိုအပ်သလို အာမခံချက်ပေးနိုင်ရန် ဆီးရီးယားနိုင်ငံကို ပိတ်ဆို့အရေးယူထားသော နိုင်ငံများမှ အစိုးရများကို လူသားချင်းစာနာမှု ချွင်းချက်ထားရှိကြဖို့ ကာတာစင်တာက မေတ္တာရပ်ခံပန်ကြားခဲ့သည်။
“လိုအပ်နေတဲ့သူတွေဆီကို အကူအညီတွေ မြန်မြန်ဆန်ဆန် စီးဆင်းသွားနိုင်ဖို့ အဲဒီအဆင့်နှစ်ခုစလုံးက အရေးကြီးနေပါတယ်” ဟု ကြေညာချက်ထဲတွင် ဆက်လက်ဖော်ပြထားသည်။
အကျပ်အတည်းမျိုးစုံရှိနေသည့် ဆီးရီးယားနိုင်ငံ၏အနောက်မြောက်ပိုင်းသို့ တူရကီ-ဆီးရီးယားနယ်စပ်တလျှောက် ဖြတ်ကျော်ဝင်ရောက်ကြမည့် ထောက်ပံ့ပို့ဆောင်ရေးယာဉ်ကြီးများ အတားအဆီးခံနေရကြောင်း ကုလသမဂ္ဂ ဒေသတွင်းလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူး မိုဟာနက်ဟာဒီက ပြောကြားခဲ့သည်ဟု အေပီသတင်းတွင် ရေးသားထားသည်။
အမေရိကန်နှင့် အနောက်နိုင်ငံအချို့သည် ဆီးရီးယားပြည်တွင်းစစ်ကို အကြောင်းပြု၍ ဆီးရီးယားအစိုးရနှင့် သမ္မတဘတ်ရှာအာဆတ်တို့ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားဆဲဖြစ်သည်။
တူရကီနှင့်ဆီးရီးယား နှစ်နိုင်ငံမှာ ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်း၌ ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် လူပေါင်း ၂ သောင်းကျော်သေဆုံးခဲ့ပြီး ရာနဲ့ချီတဲ့ အဆောက်အဦတွေ ပြိုကျခဲ့ပြီး အများအပြား ပျက်စီးခဲ့ရသည်။ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးသမားများက အပျက်အစီးများ တူးဖော်ဖယ်ရှားနိုင်ရေး ကြိုးစားနေကြဆဲရှိသည်။
Source, thehill.com
#Yangon_Media_Group
#Local_News
Published_ 13 February 2023
အခုရက်ပိုင်းတွေမှာ မနက်ခင်းပိုင်းရာသီဥတုအေးလာတဲ့အတွက် အအေးမိ၊ နှာစေး၊ ချောင်းဆိုးသူတွေ၊ တုပ်ကွေးရောဂါဖြစ်သူတွေများနေတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_12 October 2022
ပဲခူးတိုင်းဒေသကြီး ၊ ညောင်လေးပင်မြို့ရှိ ညောင်လေးပင်ဘူတာရုံမိုင်းခွဲခံရသောကြောင့် ညောင်လေးပင်ဘူတာရုံမိုင်းခွဲခံရသည့်အတွက် ပွဲချင်းပြီးသေဆုံးသူ ၃ ဦးနှင့် ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းသိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်အချိန်က ညောင်လေးပင်မြို့၊ မြို့မ(၃)ရပ်ကွက်ရှိ ယင်း ဘူတာရုံရှေ့တည့်တည့် ပလက်ဖောင်းပေါ်တွင် ပေါက်ကွဲခဲ့ခြင်းကြောင့် အခင်းဖြစ်နေရာတွင် ရထားစီးရန်စောင့်ဆိုင်းနေကြသော ပြည်သူများထဲမှ ၃ ဦးမှာ ပွဲချင်းပြီး ဆုံးပါးသွားကြောင်း သိရသည်။
"၃ ယောက်က ပွဲချင်းပြီး ဆုံးသွားပါတယ်။ဆေးရုံမှာလည်း ထပ်ပြီးဆုံးတယ်လို့ သိရတယ်။ကျွန်တော်သိရသလောက်ကတော့ သေတဲ့သူ ၅ ယောက်လောက် ရှိမယ်တဲ့၊ဘူတာရုံပိုင်ကြီး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်"ဟု အဆိုပါ ဖြစ်စဉ်ကို သိရှိခဲ့သူတစ်ဦးက ပြောသည်။
ယခုအခါ ဒဏ်ရာရသူများအား ညောင်လေးပင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group

#Local_News
Published_ 13 February 2023
ဖေဖော်ဝါရီလ မနက် ၆နာရီ အချိန်ကစပြီး ရန်ကုန်မြစ်မှာ မြူတွေပိတ်ဆိုင်းနေတဲ့အတွက် ဒလပန်းဆိုးတန်း ကူးတို့ဆိပ်ခေတ္တပိတ်ထားတာဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published_ 13 February 2023
၁။ မြူတွေပိတ်နေတဲ့အတွက် ဒလပန်းဆိုးတန်း လူကူးကူးတို့ဆိပ် အချိန်ပိုင်းခေတ္တပိတ်ထား
၂။ မနက်ခင်းပိုင်းအေးလာ၍ အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းနှင့် တုပ်ကွေးများအဖြစ်များနေ
၃။ ရန်ကုန်ရွှေဈေးကွက်မှာ အရောင်းသာရှိပြီးအဝယ်မရှိ
၄။ ပြင်သစ်နိုင်ငံထုတ် TGV နှစ်ထပ်ရထားသစ်ကြီး စမ်းသပ်မောင်းနှင်ရန် ချက်သမ္မတနိုင်ငံသို့ ရောက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1455 of 2093