#Local_News
Published_ 10 February 2023
ဒုတိယအကြိမ်အရေးပေါ် သက်တမ်းကာလတွင် ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသဖြင့် အရေးကြီးသည့် မြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်များ တိုးမြှင့်သတ်မှတ်ခဲ့ရပြီး အကြမ်းဖက်မှုများလျော့ပါးအောင် ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဌက ပြောသည်။
ဖေဖော်ဝါရီလ ၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် ထပ်မံသက်တမ်းတိုးထားသည့်ကာလအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်ရှိသည်များကို တာဝန်ရှိသူ အားလုံးစဉ်းစားသုံးသပ်နိုင်ရန်နှင့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးသည့်အစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်အုပ်ချုပ်ရေး သတ်မှတ်ခြင်းမှာ ပြစ်မှုကျူးလွန်သူများ အတွက်သာဖြစ်ပြီး ပြည်သူများကိုကြေညာခြင်းမဟုတ်ကြောင်း၊ ပြည်သူများအနေဖြင့် စည်းကမ်းနှင့်အညီ လွတ်လပ်စွာနေထိုင်သွားလာလှုပ်ရှား နိုင်ကြောင်း၊ လာမည့် ၆ လတာကာလအတွင်း အဆိုပါ ဒေသများ၏ တည်ငြိမ်အေးချမ်းမှုသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာမည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။
“ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်မည်”ဟူသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်အနက် ပထမဆုံးအချက်နှင့် ပတ်သက်၍ ၂၀၂၁ ဖေဖော်ဝါရီမှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံရေးအရအရေးပေါ်ကြေညာခဲ့ပြီး နိုင်ငံတော်၏ တာဝန်များကို စတင်ထမ်းဆောင်ခဲ့ပြီး နောက် ဆူပူဆန္ဒမှုများရှိခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဧပြီလမှစ၍ သိသိသာသာ လျော့နည်းကျဆင်းသွားခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ကူးပြောင်းခါစအစောပိုင်းတွင် အနည်းငယ်ပြန်လည်ဖြစ်ပေါ်လာခဲ့ကြောင်း နစက ဥက္ကဌက ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရှေ့လုပ်ငန်းစဉ်အရ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင် ရန်လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေမှုကို ပျက်ပြားစေရန် အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာ အဆောက်အဦများ၊ စာရွက် စာတမ်းများကို မီးရှို့ဖျက်ဆီးမှုများ၊ မိုင်းထောင်ဖောက်ခွဲမှုများနှင့် နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအပေါ် ခြိမ်းခြောက်သတ်ဖြတ်ခြင်းများကို နစက ဆန့်ကျင်အဖွဲ့များက ဆောင်ရွက်ခဲ့ကြောင်းလည်း ယင်းက ဆိုသည်။
အဖျက်အမှောင့် လုပ်ရပ်များကြောင့် သာမန်ပျက်စီးမှုများ မပါဘဲ ပျက်စီးဆုံးရှုံးမှု ၄၉၀၀ ကျော်ရှိကြောင်း၊ လက်ပစ်ဗုံး၊ မိုင်း၊ လက်လုပ်ဗုံးများဖြင့်ပစ်ခတ်တိုက်ခိုက်မှု ၈၅၀၀ ကျော် တိုက်ခိုက်မှု ၉၇၀၀ ကျော်ခန့်၊ မီးရှို့ဖျက်ဆီးမှုအကြိမ်ပေါင်း ပေါင်း ၁၂၃၀ ကျော်၊ ဖြစ်စဉ်များတွင် ဆန့်ကျင်ဘက်အဖွဲ့များထံမှ ရရှိခဲ့သည့် လက်နက်ပေါင်း ၁၇၆၉၀ ကျော်၊ လက်နက်မိုင်းနှင့် ဗုံး ၂၇၂၀၀ ကျော်အပါအဝင် ခဲယမ်းများ များစွာ ဖမ်း ဆီးရမိခဲ့ကြောင်း၊ အဆိုပါလက်နက်များတွင် EAO အဖွဲ့များမှလက်နက်ခဲယမ်းများနှင့် ပြည်ပနိုင်ငံများမှ လက်နက်ခဲယမ်းများပါဝင်သည်ကိုတွေ့ရှိရကြောင်းလည်း နစက ဥက္ကဌက ပြောကြားခဲ့သည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published_ 9 February 2023
နိုင်ငံခြားသင်္ဘောပြန် သင်္ဘောသားတွေနဲ့ ပြည်ပပြန်တွေ ကိုဗစ်စစ်ဆေးနိုင်ဖို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနသို့ အပတ်စဉ်ပို့ဆောင်ပေးနေတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Asia_Business
Published 9 February 2023
၂၀၂၂ ခုနှစ်အတွင်း ဂျပန်နိုင်ငံမှ တက္ကစီဝန်ဆောင်မှုလုပ်ငန်း ၂၉ ခု ဒေဝါလီခံခဲ့ရကာ ၂၀၂၁ ခုနှစ်ကထက် နှစ်ဆပိုများခဲ့ပြီး ၁၀ နှစ်အတွင်းအမြင့်ဆုံးဖြစ်ခဲ့ကြောင်း တိုကျိုရှိကိုသုတေသနက စနေနေ့မှာ စစ်တမ်းကောက်ခံချက်ကို ထုတ်ပြန်လိုက်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 February 2023
ဖေဖော်ဝါရီလအတွင်း ဗုဒ္ဓဂါယာဘုရားဖူးခရီးသွားလိုသူတွေ များပြားလာပြီး တစ်ပတ်ကိုဘုရားဖူး ၅၀၀ မှ ၁၀၀၀ ကြား သွားရောက်ကြတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 9 February 2023
ပြည်တွင်းမှာ ရောင်းချနေတဲ့ စက်သုံးဆီဈေးနှုန်းတွေ ဖေဖော်ဝါရီလ ၈ ရက်နေ့နဲ့ နှိုင်းယှဉ်ပါက အနည်းငယ်ပြန်မြင့်တက်နေပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 February 2023
အခုရက်ပိုင်းအတွင်း ရန်ကုန်မှာစံချိန်တင် မီးလောင်ကျွမ်းမှုတွေများနေပြီး အလုံမီးလောင်မှုမှာ လူ(၅)ဦးဆေးရုံပို့ခဲ့ရပြီး တစ်ဦးမီးခိုးမွှန်ပြီးကွယ်လွန်ခဲ့တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 9 February 2023
၁။ ရန်ကုန်တွင် စံချိန်တင်မီးလောင်ကျွမ်းမှုများ၊ အလုံမီးလောင်မှုတွင်(၅)ဦး ဆေးရုံရောက်(၁)ဦး သေဆုံး
၂။ စက်သုံးဆီဈေးနှုန်းများ အနည်းငယ်မြင့်တက်
၃။ ဗုဒ္ဓဂါယာကို ဘုရားဖူးသွားမည့်သူများ တစ်ပတ်ကို ၅၀၀ မှ ၁၀၀၀ ကြား အထိရှိနေ
၄။ လောင်စာဆီဈေးနှုန်း မြင့်တက်ခြင်းနှင့် ယာဉ်မောင်းအင်အားနည်းပါးခြင်းတို့ကြောင့် (၂၀၂၂) အတွင်း ဂျပန်တက္ကစီဝန်ဆောင်မှု လုပ်ငန်း(၂၉)ခု ဒေဝါလီခံခဲ့ရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 February 2023
ဖေဖော်ဝါရီလ 9 ရက်နေ့ မနက်ပိုင်း ရန်ကုန်ရွှေအဖွင့်ဈေးမှာ အကယ်ဒမီ အခေါက်ရွှေကို ငွေကျပ် ၂၂ သိန်းတစ်သောင်းသုံးထောင်ကျော်အထိ ပေါက်ဈေးရှိနေတာပေမယ့် အရောင်းရော အဝယ်ပါမရှိဘူးလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 February 2023
ဗုဒ္ဓရဲ့တရားတော်များကို အနုပညာလက်ရာဖြင့် ပြန်လည်ပုံဖော်ထားတဲ့ တကိုယ်တော်ပန်းချီပြပွဲကို ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်း (အောက်ဘလောက်) ရှိ Kalasa Art Space တွင် ဖေဖော်ဝါရီ ၉ ရက်မှ ၂၈ ရက်အထိ ပြသနေတာပါ
အဲ့ဒီပန်းချီပြပွဲကို Reflective Art & Faith လို့ အမည်ပေးထားပြီး ပန်းချီကားပေါင်း ၂၉ ကားကို ပြသနေပါတယ်။
ဗဂျီလင်းဝဏ္ဏကို ၁၉၇၃ ခုနှစ်က ရန်ကုန်မြို့မှာမွေးဖွားခဲ့ပြီး ပန်းချီဆရာကြီး ဦးလွန်းကြွယ်၊ ဆရာဦးအောင်ဒင်ဆီမှာ ပညာသင်ယူခဲ့ပြီး အခုပန်းချီပြပွဲအပါအဝင် တစ်ကိုယ်တော်ပန်းချီပြပွဲပေါင်း ၁၁ ပွဲနှင့် အုပ်စုလိုက်ပန်းချီပြပွဲ ၁၀၀ ကျော် ပြသခဲ့ပြီးဖြစ်ပါတယ်။
#ymg/ynzw
#Yangon_Media_group
#Local_News
Published_ 9 February 2023
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD ) က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီလ ၈ ရက်တွင်လည်းကောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ တည်ထောင်လိုသော ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီက ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ဖေဖော်ဝါရီလ ၇ ရက်တွင်လည်းကောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ဖေဖော်ဝါရီလ ၁ ရက်တွင်လည်းကောင်း လာရောက်လျှောက်ထားကြကြောင်း UEC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီလ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့် လည်းကောင်း ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် တည်ထောင်ခွင့်ပြုနိုင်ရေးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 9 February 2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် ၃ရပ်ကွက်၊ မင်းဓမ္မလမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်အနီးတွင် အန်စာတုံးကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှယာဉ်တစ်စီး ထွက်ခွာငြိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၄ မိနစ်တွင် မီးငြိမ်းခဲ့ ကြောင်းသိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ပေ။

#ymg/mt
#Yangon_Media_Group
#Local_News
Published_ 9 February 2023
မိမိတို့စတင်တာဝန်ယူစဉ်ကာလက နိုင်ငံစီးပွားရေးဟာ ကျဆင်းလျက်ရှိပေမယ့် အခက်အခဲတွေကြားက ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် လက်ရှိအချိန် နိုင်ငံ့စီးပွားရေးမှာ အတိုင်းတာတစ်ခုအထိ တိုးတက်လာတယ်လို့ နစကဥက္ကဌ ကပြောပါတယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်ကို ရောက်နေရှိစဉ်ကပြောကြာခဲ့တာပါ။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အစိုးရ ပြည်သူနဲ့တပ်မတော်တို့ ပူးပေါင်းဆောင်ဖို့ လိုအပ်ပြီး နိုင်ငံတော် ရှေ့ဆက်သွားမယ့်မူဝါဒလမ်းစဉ်
များအတိုင်း ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေရဲ့လူမူဘဝအကျိုးစီးပွားကိုဖော်ဆောင်ပေးရမှာဖြစ်ပြီး မိမိတို့အစိုးရဟာနိုင်ငံရေး အစိုးရမဟုတ်ဘဲနိုင်ငံရဲ့အမျိုးသား အကျိုးစီးပွားကိုဖော်ဆောင်ပေးတဲ့ အစိုးရဖြစ်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၂ _၂၀၂၃ ဘဏ္ဏာနှစ်တွင် စင်ကာပူ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတို့က အများဆုံးရင်းနှီးမြှုပ်နှံထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘီလီဇ်၊ ဘဂ်လားဒေ့ရှ်၊ အန္ဒိယ၊ ဂျပန်၊ ထိုင်း စတဲ့နိုင်ငံပေါင်း ၅၂ နိုင်ငံတို့က မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၃ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ၁ ဒဿမ ၆ ဘီလီယံဝန်းကျင်ရရှိခဲ့ပြီး
စင်ကာပူနိုင်ငံက ၂၀၂၂ _၂၀၂၃ ပထမ ၁၀ လတာကာလအတွင်း ၁ဒဿမ ၁၅၇ ဘီလီယံနဲ့ အများဆုံးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

#ymg/ynzw
#Yangon_myanmar_group
Page 1462 of 2093