Published 3 Nov 2022
နိုင်ငံရေးအကြမ်းဖက်မှုနှင့် မဲပေးသူတွေအပေါ်ခြိမ်းခြောက်မှုတွေကို အမေရိကန်တွေ ညီညွတ်စွာ ဆန့်ကျင်ကြရမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ လာမယ့် အပတ်ထဲကျင်းပမယ့် သက်တမ်းဝက်ရွေးကောက်ပွဲမတိုင်ခင် သူက ရုပ်သံ မိန့်ခွန်းပြောကြားရာမှာ ရီပတ်ဘလီကင် အစွန်းရောက်တွေ ထကြွလာတဲ့အပေါ် သူက သတိပေး ပြောဆိုခဲ့တာဖြစ်ပါ တယ်။
အမေရိကန်နိုင်ငံမှာ မတူခြားနားမှုတွေကို အဓိကရုန်းတစ်ခု၊ဆူဆူပူပူလူအုပ်တစ်စု၊ ဒါမှမဟုတ် ကျည်ဆန်တစ်တောင့်၊ ဒါမှမဟုတ် တူတစ်ချောင်း နှင့် မဖြေရှင်းဘဲ ဒီခြားနားမှုတွေကို မဲပုံးနှင့်ပဲ ငြိမ်းချမ်းစွာဖြေရှင်းရမယ်လို့လည်း ဘိုင်ဒင်က ပြောပါတယ်။
Source AFP
#Joe_Biden
#Mid_term_election_U.S
#Warns_Political_violence
#Local_News
Published _3 November 2022
ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဟာ လက်ရှိအခြေအနေ ပုံမှန် မဖြစ်သေးဘူးလို့ ရခိုင်ပြည်နယ်ကုန်သည်နှင့်စက်မှုအသင်းချုပ်က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _3 November 2022
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက်ကနေ အခု ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်ထိ ထိုင်းနိုင်ငံအတွင်းမှာ အဖမ်းခံရတဲ့ အထောက်အထားမဲ့ မြန်မာအရေအတွက်ဟာ သောင်းနဲ့ချီရှိနေပါပြီ။
#Yangon_Media_Group
#DailyNews
Published _ 3 November 2022
၁။ ပြီးခဲ့နှစ် ဖေဖော်ဝါရီလမှ ယခုနှစ်အောက်တိုဘာလကုန်ထိ ထိုင်းနိုင်ငံအတွင်းအဖမ်းခံရသည့် အထောက်အထားမဲ့မြန်မာ သောင်းနှင့်ချီရှိနေ
၂။ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပုံမှန်မဖြစ်သေးဟုဆို
၃။ ပြည်ပသို့ပဲတန်ချိန် ၈ သိန်း ၇ သောင်းကျော်တင်ပို့ထား
၄။ ကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်း ပီရူးတွင်နွားရိုင်းသတ်ပွဲများပြန်လည်ဖွင့်လှစ်ရာ ဆန့်ကျင်သူများမှ ထပ်မံကန့်ကွက်ဆန္ဒပြ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 3 November 2022
ရန်ကုန်ဘူတာကြီးကနေတဆင့် အနယ်နယ်အရပ်ရပ်ကို ပြေးဆွဲပေးနေတဲ့ မြန်မာ့မီးရထားမှ ရထားလက်မှတ်တွေကို Online စနစ်နဲ့ ရောင်းချဖို့ စီစဉ်နေတယ်လို့ ရုံပိုင်ချုပ်ကြီးထံမှ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published – 2 November 2022
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတင်ပို့မှု့ဟာ မက်ထရစ်တန်ချိန် ၁၆၀၀၀၀ ကျော်တင်ပို့ခဲ့ပြီး စက်တင်ဘာလထက် တင်ပို့မှုဟာပိုခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#World_Culture
Published 2 November 2022
တောင်အာဖရိကရဲ့ ဩဇာအရှိဆုံးရိုးရာဘုရင်စနစ်ရဲ့ အကြီးအကဲအဖြစ် ဇူလူဘုရင်အသစ်ကို စနေနေ့က အခမ်းအနားတစ်ခုမှာ နန်းတင်မြှောက်ခဲ့ကြပြီး လူသောင်းပေါင်းများစွာ လာရောက်ခဲ့ကြပါတယ်။
#Yangon_Media_Group
Page 904 of 1179