#World_Mystery
Published 19 September 2022
မကောင်းဆိုးဝါးဝိဉာဉ်တွေ နှောင့်ယှက်တာခံနေရတဲ့ မိသားစုတွေက အသက်ကြီးကြီးဘင်္ဂလားဒေ့ရှ်နတ်ဆရာထံမှ ကောင်းချီးရယူလေ့ရှိပါတယ်။
#Yangon_Media_Group
#Local_News
Published- 19 September 2022
ပြည်တွင်းမှာ ကိုဗစ်ကူးစက်သူဦးရေ နေ့စဉ်တိုးလာပေမဲ့ လတ်တလောမှာတော့ စာသင်ကျောင်းတွေမှာ ကိုဗစ်-၁၉ စည်းကမ်းချက်နဲ့ ပတ်သက်ပြီး သီးသန့်ညွှန်ကြားချက် ထုတ်ပြန်ထားတာမရှိဘူးလို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 19 September 2022
လာမယ့်အောက်တိုဘာလထဲမှာ မြန်မာနိုင်ငံဘက် မုန်တိုင်းဝင်ရောက်နိုင်ခြေရှိတဲ့အတွက် စောင့်ကြည့်ရမယ့်သဘောရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးဦးလှထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 19 September 2022
ပြီးခဲ့တဲ့အောက်တိုဘာလလောက်ကနေစပြီး ဒလလယ်ယာမြေဈေးကွက်အနေအထားမှာ အတက်ဖက်ကို ပြန်ဦးတည်နေလျှက်ရှိပါတယ်။ ဒေါ်လာဈေးနဲ့ ရွှေဈေးပေါ်မူတည်ပြီး အိမ်နဲ့ခြံဈေးကွက်တွေကလည်း အထိုက်အလျှောက် အပြောင်းအလဲတွေ ရှိနေပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 19 September 2022
၁။ ကျပ်ငွေတန်ဖိုးကျဆင်းလာ၍ လယ်ယာမြေများထံ ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာ
၂။ လာမည့်အောက်တိုဘာလတွင် မြန်မာနိုင်ငံဘက် မုန်တိုင်းဝင်နိုင်ခြေရှိ
၃။ စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်ပတ်သက်၍ သီးသန့်ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းမရှိဟုဆိုာ
၄။ ဘင်္ဂလားဒေ့ရှ်မှ ဘာသာရေးခေါင်းဆောင်က မကောင်းဆိုးဝါးစွဲကပ်သည်ဟုခံယူထားသူများကို စိတ်ရောဂါကုပညာဖြင့် ကူညီလျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published-19 Setember 2022
မြန်မာ- ထိုင်း နယ်စပ်ကုန်သွယ်ရေးကနေ ကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံခန့် ကုန်သွယ်မှုပြုလုပ်ထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Published 19 Sept 2022
တနင်္ဂနွေနေ့က ပြင်းထန်တဲ့ငလျင်တစ်ခု ထိုင်ဝမ်တွင် လှုပ်ရှားခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အဆောက်အဦအနည်းငယ် ပြိုကျခဲ့ပါတယ်။ တနင်္ဂနွေနေ့ မွန်းလွ ၂နာရီ ၄၄ မိနစ်မှာ ပြင်းအား ၆.၉ အဆင့်ရှိငလျင်ဟာ ထိုင်ဝမ်မြောက်ပိုင်း တိုင်တွန်းမှာ မြေအောက် ၁၀ကီလိုမီတာအနက်ကနေ လှုပ်ရှားခဲ့တာပါ။ စနေနေ့ညတုန်းကလည်း ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်ကြီးတစ်ခု အဆိုပါနေရာမှာပဲ လှုပ်ရှားခဲ့ပါသေးတယ်။
ဟောလျန်စီရင်စု ရဲဌာနကက ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာ ယုလီမြို့က ပြိုကျနေတဲ့ အဆောက်အအုံတစ်ခုထဲကနေ အသက် ၅နှစ်အရွယ် သမီးငယ်လေးနှင့် မိခင်ဖြစ်သူတို့ကို ကယ်ဆယ်နေတဲ့ပုံတွေ ဖော်ပြထားပါတယ်။
Source AFP
#Taiwan_earthquakes
#Taiwan_ Hualien
#Earthquakes
Page 860 of 1083