Published 12 March 2023
ရှီယန်အေရိုစပေ့ရှ်ရင်းနှီးမြှပ်နှံမှုကုမ္ပဏီဟာ စွမ်းအင်သစ်လေယာဉ်အမျိုးအစားအစုံရဲ့ အမှာစာတွေရရှိနေတာဟာ ယွမ်ငွေ သန်း၁၀၀ကျော်တန်ဖိုးရှိသွားပြီလို့ အနောက်မြောက်ရှန်ဇီပြည်နယ် ရှီယန်မြို့ကပြောပါတယ်။ အမေရိကန်နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအပါအဝင် ကမ္ဘာတစ်လွှားက ကုမ္ပဏီတွေကမှာယူနေတာဖြစ်ပြီး စွမ်းအင်သစ်လေယာဉ်အစီး ၅၀ ဝယ်ယူဖို့ အမှာရရှိထားပြီလို့လည်း သူတို့ကပြောပါတယ်။
#Local_News
Published_ 1 March 2023
ကရင်ပြည်နယ်မြဝတီမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အောက်တိုဘာလလောက်လကစပြီး လျှပ်စစ်မီးပြတ်တောက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အစိုးရလျှပ်စစ်မီးမရရှိတဲ့အတွက် ဆိုလာပြားတွေ၊ မီးစက်တွေကိုအသုံးပြုနေရတာကြောင့် ကုန်ကျစရိတ်မြင့်မားလာပြီး အခြေခံကုန်ဈေးနှုန်းတွေလည်းမြင့်တက်လာတယ်လို့ဒေသခံတွေက ပြောပါတယ်။
#Local_News #မြဝတီမြို့ #မြို့နေလူထုအခက်အခဲ #လျှပ်စစ်မီးပြတ်တောက် #YMG #Yangon_Media_Group
#Asia_Prices
Published_ 1 March 2023
လုပ်ငန်းလည်ပတ်မှုစရိတ်များ မြင့်တက်လာခြင်းနဲ့ ကုန်ကြမ်းပစ္စည်းအထောက်အပံ့ ပြတ်လတ်လာခြင်းတို့ကြောင့် ဂျပန်နိုင်ငံမှာ ပင်လယ်စာဈေးနှုန်းများ မြင့်တက်နေပါတယ်။
#Asia_Prices #Japan #ပင်လယ်စာ #YMG
#Yangon_Media_Group
#Local_News
Published_ 1 March 2023
မတ်လအတွင်းမှာ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ဒေသအချို့မှာ မြူတွေကျဆင်းဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မတ်လ #လေဖိအားနည်းရပ်ဝန်း #မြူကျဆင်း#YMG
#Yangon_Media_Group
#Local_News
Published_ 1 March 2023
အထပ်မြင့် တိုက်ခန်းနေထိုင်တဲ့သူတွေအနေနဲ့ မီးလောင်ချိန်မှာ အိမ်သော့နဲ့သံပန်းသော့တွေပျောက်နေလို့ တိုက်ခန်းတွင်းပိတ်မိပြီး သေဆုံးမှုတွေများနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်၊၊
#Local_News #အိမ်သော့နှင့်သံပန်းသော့များ #တိုက်ခန်းတွင်း #မီးလောင်သေဆုံးမှု #YMG #Yangon_Media_Group
Page 697 of 1099