#Local_News
Published_ 22 May 2023
ယခုတစ်ပတ်ဈေးကွက်အတွင်း စက်သုံးဆီဈေးမှာ နှုန်းထားအပြောင်းအလဲမရှိတည်ငြိမ်နေပြီး ၉၂ တစ်လီတာလျှင် ၂၀၀၅ ကျပ်ပေါက်ဈေးရှိနေကြောင်း ယနေ့ဈေးနှုန်း ထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီနှုန်းဈေး #တည်ငြိမ်နေ
#YMG #Yangon_Media_Group
#Local_News
Published_ 22 May 2023
မုန်တိုင်းသင့်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်အတွင်း အိမ်ဆောက်ပစ္စည်းများဈေးနှစ်ဆလောက်မြင့်တက်နေတယ်လို့ ဒေသခံတွေက YMG ကို ပြောပါတယ်။
#Local_News #ရခိုင်ပြည်နယ် #မုန်တိုင်းသင့်
#YMG #Yangon_Media_Group
#Daily_News
Published_ 22 May 2023
၁။ မုန်တိုင်းသင့် ရခိုင်ပြည်နယ်တွင် အိမ်ဆောက်ပစ္စည်းများဈေးနှစ်ဆမြင့်တက်
၂။ စက်သုံးဆီနှုန်းဈေး ၂၀၀၀ ဝန်းကျင်ဖြင့် တည်ငြိမ်နေ
၃။ ပင်မဆဲလ်Stem Cell များကို သိမ်းဆည်းလိုသူများ မြန်မာနိုင်ငံ၌ဝန်ဆောင်မှုရယူနိုင်၊ ရောဂါကုသရန်နှင့် အလှအပရေးရာတွင်ပြန်လည်အသုံးပြုနိုင်ဟုဆို
၄။ တရုတ်နိုင်ငံ၏ စိုက်ပျိုးရေလုပ်ငန်းတွင် ဉာဏ်ရည်တု(AI)စနစ်များ တွင်ကျယ်စွာအသုံးပြုအောင်မြင်နေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 22 May 2023
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေနဲ့ မေလ ၂၂ ရက်နေ့ကနေ ၂၈ရက်နေ့အထိ လက္ကားရည်ညွှန်းသတ်မှတ်စျေး တစ်ပိဿာ ၄၁၆၅ကျပ် ဖြစ်ပြီး အရင်အပတ်ထက် ငွေကျပ် ၂၀၀ ကျော် စျေးကျလာပါတယ်။
#Local_News #စားအုန်းဆီအခြေခံလက်ကားဈေး
#YMG #Yangon_Media_Group
#World_Health
Published_ 22 May 2023
နားအပြင်ဘက်နေရာမှာ ဖောက်ခြင်းဖြင့် အစာစားချင်စိတ်ကို လျှော့ချပေးကာ ကိုယ်အလေးချိန်ကျစေပြီး BMI လျော့ကျစေနိုင်ကြောင်း ဂျပန်မှသုတေသီများက ဆိုပါတယ်။
ဒီလေ့လာမှုမှာ နားကိုအပ်ဖြင့်ဖောက်တာမဟုတ်ဘဲ သတ္တုစေ့လေးတွေကို ခွဲစိတ်ရေးတိပ်ဖြင့် နားအပြင်ဘက်မှာ ကပ်ရတာဖြစ်ပါတယ်။
စားချင်စိတ်ကိုထိန်းချုပ်ပေးတဲ့ အာရုံကြောတွေ အင်္ဂါတွေကို လှုံ့ဆော်ပေးတဲ့ နားအပြင်ဘက်ရှိ အမှတ်အသား ၆ နေရာမှာ သတ္တုအစေ့လေးတွေကို ကပ်ရတာဖြစ်ပြီး ထူးထူးခြားခြားကျွမ်းကျင်မှုတွေမလိုအပ်ဘူးလို့ တိုကျိုရှိ Clinic F မှ ဒေါက်တာ'တာကာဟီရိုဖူဂျီမိုတို'က ပြောကြားခဲ့ပါတယ်။
ဂျပန်မှာ ဒီလိုနည်းလမ်းဖြင့် ကိုယ်အလေးချိန်ချလာကြတာ နှစ်ပေါင်း ၃၀ ကျော်လာပြီဖြစ်ပါတယ်။
ကိုယ်အလေးချိန်များလွန်းတဲ့ အမျိုးသား ၈၁ ဦးကို လေ့လာခဲ့ကြရာ နားနှစ်ဖက်စလုံးမှာ သတ္တုအစေ့လေးတွေကပ်ထားရုံမက အစားအသောက်မှတ်တမ်းပြုစုရကာ တဝက်လျှော့ချစားသုံးရပါတယ်။
၃ လကြာပြီးနောက် အမျိုးသားတွေဟာ ခါးအတိုင်း ပျမ်းမျှအားဖြင့် ၄ လက်မလျော့ကျသွားပြီး ခန္ဓာကိုယ်အဆီ ၄ ရာခိုင်နှုန်းလျော့ကျသွားပါတယ်။
ဒါ့အပြင် BMI ကတော့ ပျမ်းမျှအားဖြင့် ၃ မှတ်နီးပါးကျဆင်းသွားခဲ့ပါတယ်။
ဒါဟာ အဆိုပါကုထုံးကြောင့် ကိုယ်အလေးချိန်ကျသွားတယ်ဆိုတာတော့ အတိအကျသက်သေမပြနိုင်ပါဘူး။
စားသောက်မှု၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းတို့နဲ့ တွဲလုပ်ပါက နားဖောက်ကုသခြင်းက ကိုယ်အလေးချိန်ကျစေဖို့ အကူအညီဖြစ်စေနိုင်ကြောင်း၊ စားချင်စိတ်ထိန်းချုပ်ခြင်း၊ အစာကြေခြင်း၊ ဇီဝဖြစ်စဉ်မှုမြှင့်တင်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း ဖူဂျီမိုတိုကပြောပြခဲ့ပါတယ်။
နားမှာသတ္တုစေ့ကပ်ခြင်းဖြင့် ဟော်မုန်းစနစ်ထိန်းညှိပေးခြင်း၊ စားချင်စိတ်လျှော့ချပေးခြင်း၊ ဇီဝဖြစ်စဉ်ဖြစ်ပျက်မှုနှုန်းထိန်းညှိပေးခြင်းတို့မှာ အကူအညီဖြစ်စေပါတယ်။
အပ်စိုက်ခြင်းနည်းလမ်းကို အာရှမှာ ရာစုနှစ်တွေကြာအောင် အသုံးပြုလာပြီးဖြစ်ကာ အစာခြေရောဂါ၊ လိင်မှုပြဿနာ၊ ဆေးစွဲခြင်း၊ အဆစ်အမြစ်နာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အခြားပြဿနာများအတွက် အသုံးပြုကြပါတယ်။
ထိုနည်းလမ်းဖြင့် လိင်စွမ်းအင်ကုန်ခန်းနေတဲ့အမျိုးသမီးများ၊ ကိုဗစ်ဝေဒနာခံစားနေရသူများကို သက်သာစေကာ ငိုက်မျဉ်းနေသူများအတွက် အမြန်ဆုံးနိုးကြွမှုပေးနိုင်ပါတယ်။
Source: NY Post.
#World_Health ##နားအပြင်ဘက်နေရာ #သတ္တုအစေ့ငယ်ကပ်ခြင်း #ကိုယ်အလေးချိန်လျှော့ချနိုင်ဖွယ်ရှိ
#YMG #Yangon_Media_Group
[ Album ]
#TV Yangon Times Matters အစီအစဉ်
Published_ 21 May 2023
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က (လူရွှင်တော်) ပိန်ပိန်စာရေးဆရာအယ်ဒီတာနှင့်အတူ
ပိန်ပိန်ဆိုတဲ့နာမည်ကို ကျွန်တော့်ဆရာတစ်ယောက်ကပေးခဲ့တာဖြစ်ပြီး ယနေ့အချိန်ထိဒီနာမည်နဲ့ပဲ အနုပညာအလုပ်တွေဆက်လုပ်ဖြစ်နေတာဖြစ်ကြောင်း
တက္ကသိုလ်ကျောင်းသားကျောင်းသူတွေစုစည်းပြီးဖွဲ့ထားဖြစ်တဲ့ "မိုးနတ်သူဇာ"အငြိမ့်အဖွဲ့အကြောင်းယခုအထိလည်းအဆိုပါအငြိမ့်အဖွဲ့ဆက်လက်ရှင်သန်နေဆဲအကြောင်း
ငွေတာရီမဂ္ဂဇင်း၊မိုးသောက်ပန်းဂျာနယ် တို့တွင်တာဝန်ခံအယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့တဲ့အကြောင်း၊ကလောင်နာမည် (၄)ခုဖြင့်စာအုပ်(၄)အုပ်ရေးသားထုတ်ဝေခဲ့တဲ့အကြောင်..."စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#TV Yangon Times Matters #ဆရာဟိန်းလတ် #လူရွှင်တော်ပိန်ပိန်စာရေးဆရာအယ်ဒီတာ
#YMG #Yangon_Media_Group
#Local_News
Published_ 20 May 2023
ကမ္ဘာ့ရွှေပေါက်ဈေးဟာ မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၇၇ ဒေါ်လာပေါက်ဈေးရှိနေပါတယ်။ရန်ကုန်တိုင်းရွှေအသင်းကတော့ အကယ်ဒမီ မီးလင်းရွှေကိုဘတ်၂၃သိန်း၂သောင်းကျော် ရည်ညွှန်းသတ်မှတ်ထားပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ရန်ကုန်ရွှေအသင်း #ရည်ညွှန်းဈေး
#YMG #Yangon_Media_Group
Page 678 of 1149