အရင်နှစ်တွေက လှိုင်ချိန်ဆိုဈေးကျတတ်တယ်၊ ဒီနှစ်မကျတာကတစ်ခြားထွက်နေလို ၊ဖိလစ်ပိုင်၊ ဗီယက်နမ်စတဲ့နိုင်ငံတွေကဝယ်ယူနေတာကြောင့်ဈေးကောင်းရနေတယ်
#Local_News
Published 28 December 2023
#ကြက်သွန်နီဈေးကောင်း #သယ်ယူစရိတ်များပြား
#YMG/NN #Yangon_Times
‘၂၀၂၃ခုနှစ်အတွက်ရွှေကြိုရွေးချယ်ပွဲနောက်ဆုံးအဆင့်ဆက်လက်ကျင်းပနေပြီး ရုပ်ရှင်ထူးချွန်ဆု ရွှေကြို အမျိုးသား(၁၀)ဦး၊ အမျိုးသမီး ၁၀ ဦးအပြင် သရုပ်ဆောင်ဖြစ်နိုင်သူတွေကိုပါ ရွေးချယ်သွားမှာဖြစ်တယ်’
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ဒုဥက္ကဌဦးအေးကြူလေး
#Local_News
Published 28 December 2023
#ရွှေကြိုမောင်မယ် #ရုပ်ရှင်ထူးချွန်ဆု
#tthl #Yangon_Times
"ရောဂါဖြစ်တဲ့ ဆိတ်ကိုဝယ်မိမှာစိုးတဲ့အတွက် ဆိတ်မွေးမြူသူတွေဟာ ထပ်တိုးမွေးမြူတာမျိုး မလုပ်တာရယ် ဆောင်းတွင်ကာလမှာ အအေးဒဏ်ကြောင့် ပိုဂရုစိုက်ရတဲ့အတွက် ဆိတ်မွေးမြူရေးဈေးကွက်ကတော့အေးနေအုံးမှာပါ"လို့ ဝမ်းတွင်းမြို့နယ်က ဆိတ်မွေးမြူရေးပြုလုပ်သူ ကိုထူးကပြောပါတယ်။
#Local_News
Published 28 December 2023
#ဆိတ်မွေးမြူရေးဈေးကွက် #အရောင်းဝယ်အေးနေ
#YMG/LW #Yangon_Times
လက်ရှိပို့ကုန်ရငွေ မူဝါဒအရ ဆန်၊ ပဲ၊ ပြောင်းကရရှိတဲ့ ပို့ကုန်ရငွေကို စက်သုံးဆီနဲ့ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေကို ရောင်းချရင် ၇၀ ရာခိုင်နှုန်းကို အရင်သတ်မှတ်ထားတဲ့ တစ်ဒေါ်လာ ၂၁၀၀ ကျပ် မဟုတ်ဘဲ နေ့စဉ်ပေါက်ဈေး တစ်ဒေါ်လာ ၃၀၀၀ ကျော်နဲ့ရမယ်၊ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းထဲကမှ ၃၅ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ် နှုန်းနဲ့ ရာခိုင်နှုန်း ၆၅ နှုန်းကိုတော့ နေ့စဉ်ပေါက်ဈေးနဲ့ ရောင်းချရမှာဖြစ်လို့ နိုင်ငံခြားငွေ ၉၀ရာခိုင်နှုန်း
လောက်ပြင်ပပေါက်ဈေးနဲ့ ရတယ်
#Local_News
Published 28 December 2023
#နိုင်ငံခြားငွေလဲလှယ်နှုန်း #ပို့ကုန်မူဝါဒအပြောင်းအလဲ
#YMG/NN #Yangon_Times
"အိမ်နီးချင်းအိန္ဒိယနဲ့အရှေ့တောင်အာရှနိုင်ငံတွေမှာ ကိုဗစ်ဖြစ်ပွားမှုတွေရှိနေတဲ့အတွက် အိန္ဒိယကနေပြန်လာတဲ့ မြန်မာတွေမှာ ကိုဗစ်ပိုးကူးစက်မှုတွေခံခဲ့ရတယ်။ ဒီဇင်ဘာလ(၄)ရက်မှ(၂၆)ရက် အထိ ကိုဗစ်ပိုးတွေ့သူ (၈၅)ဦးအထိရှိလာတာဖြစ်ပါတယ်။ ကိုဗစ်မျိုးကွဲတွေကို ကာကွယ်မှု စွမ်းရည်မြင့်မားတဲ့ ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးကို COVAX အစီအစဉ်နဲ့ မြန်မာနိုင်ငံ အတွက်ရရှိတော့မယ်" မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း
#Local_News
Published 28 December 2023
#ကိုဗစ်ပိုးတွေ့သူ(၈၅)ဦး #ဖိုင်ဇာကာကွယ်ဆေး
#tthl #Yangon_Times
ပြီးခဲ့တဲ့ စနေနေ့အထိ အမေရိကန်မှာ ယခုနှစ်အတွင်း လူအစုလိုက်သေစေခဲ့တဲ့ သေနတ်ပစ်ခတ်မှုပေါင်း ၆၄၅ ကြိမ်ရှိခဲ့ကာ ဖြစ်ရပ်တိုင်းမှာ အနည်းဆုံးလူ ၄ ဦးနဲ့ သေနတ်သမားတို့ ဒဏ်ရာရ သေဆုံးမှုဖြစ်ခဲ့ကြောင်း သေနတ်အကြမ်းဖက်မှတ်တမ်းများ(GVA)အရ သိရှိရပါတယ်။
၂၀၂၃ ခုနှစ်အတွင်း သေနတ်ပစ်ခတ်မှုများကြောင့် လူပေါင်း ၄၂,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ GVA အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
Published 27 December 2023
#World_Crime
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published 27 December 2023
၁။ ယခုနှစ်အတွင်း ပြည်ပခရီးသွား ၁.၁သန်းကျော် ဝင်ရောက်ထား ပြီးတရုတ်နှင့် ထိုင်းအများဆုံးဝင်ရောက်
၂။ ကုန်အဝင် အလွန်နည်းလာသဖြင့် ထန်းလျက်ဈေး မြင့်တတ်လာ
၃။ တစ်ပတ်တာအတွင်း စက်သုံးဆီ တစ်လီတာကို ကျပ် ၃၀၀ကျော် အထိ မြင့်တက်လာ
၄။ အမေရိကန်တွင် တစ်နှစ်အတွင်း သေနတ်ပစ်ခတ်မှု ၆၄၅ ကြိမ်ရှိခဲ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 664 of 1338