'အရင်ကတရုတ်ကိုတင်တာ အခုနောက်ပိုင်းကတော့ ဒီလမ်းကြောင်းအနေအထားအရ ဈေးလည်းသိပ်အဆင်မပြေဘူး၊ တစ်လုံးတစ်ထောင်၊ ၈၀၀လောက်ပဲရတယ်၊ စိုက်သမားတွေကမြေဩဇာဈေးနဲ့ဆိုတော့ အလုပ်မရှိလို့သာလုပ်နေရတာ၊ သိပ်အဆင်မပြေဘူး၊ ဖြန့်တာကလမ်းမှာ ထိုင်ရောင်း၊ မြိတ်မြို့ပေါ်တက်ရောင်းအဲ့လောက်ပဲရတယ်'
#Local_News
Published_5 January 2024
#တနင်္သာရီဒေသထွက်ဖရဲ #ဈေးရရှိမှုနည်းပါး
#YMG/NN #Yangon Times
‘(၃၇)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲနှင့်အသံမစဲပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ၆ရက် မှာ ပဌာန်းဖွင့်ပွဲနေ့ဖြစ်တယ်။ ဇန်နဝါရီလ၇ရက်၊၈ရက်၊၉ရက်တိုမှာ ပဌာန်းပူဇော်ပွဲနေ့ဖြစ်ပြီး ဇန်နဝါရီလ ၁၀ရက်မှာ ပဌာန်းသိမ်းပွဲနေ့နှင့် ဇန်နဝါရီလ၁၁ရက်တွင် ဆွမ်းဆန်စိမ်းနှင့် သပိတ်ဆွမ်းလောင်းလှူပွဲနေ့ကျင်းပသွား မှာဖြစ်ပါတယ်’ ဂေါပကအဖွဲမှတာဝန်ရှိသူတစ်ဦး
#Local_News
Published_5 January 2024
#ဗုဒ္ဓပူဇနိယပွဲနှင့်အသံမစဲပဌာန်းရွတ်ဖတ် #သပိတ်ဆွမ်းလောင်းလှူပွဲ
#tthl #Yangon_Times
'ဝါးလက်မှုဈေးကွက်ကအရမ်းကိုကောင်းပါတယ်၊တစ်လသိန်း၅၀၀လောက်ဖြုန်းအားရှိပါတယ်၊ ပြည်တွင်းစားသောက်ဆိုင်တွေနဲ့ ထိုင်း၊ စင်ကာပူ၊ ဂျပန်နိုင်ငံတွေကယူတယ်၊ အလွယ်တကူသယ်ယူလိုရတဲ့ ဝါးလက်မှုပစ္စည်းလေးတွေဝယ်ကြတာပါ'
#Local_News
Published_5 January 2024
#မြန်မာ့ဝါးလက်မှုထည် #ရောင်းအားကောင်းနေ
#YMG/NN #Yangon_Times
စိုက်ပျိုးရေးလုပ်ငန်းများမှာ အဓိကထား အသုံးပြုနေရတဲ့ ဓါတ်မြေဩဇာဟာ ဈေးနှုန်းကြီးမြင့်လာတဲ့ အတွက် သဘာဝဇီဝမြေဩဇာကိုပါ တွဲဖက်အသုံးပြုနိုင်ရန် တောင်သူများကို သင်တန်းတွေပို့ချပေးနေတယ်လို့ တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published_5 January 2024
#သင်တန်းတွေပို့ချပေး #တိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့
#YMG/LW #Yangon_Times
‘ဆောင်းတွင်းမှာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာနဲ့ လေဖြတ်တာတွေဖြစ်နိုင်သလို အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်မျိုးခွဲ XBB- 10 မြန်မာနိုင်ငံတွင်း ကူးစက်နိုင်ခြေရှိတဲ့အတွက် ကြိုတင်ကာကွယ်ထားကြဖို့ လိုအပ်ပါတယ်’ မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ဒေါက်တာနန္ဒဝင်း
#Local_News
Published_5 January 2024
#ချောင်းဆိုး၊ဖျားနာသူများ #Maskများပြန်တပ်
#tthl #Yangon_Times
အီရန်အနေဖြင့် စက်မှုနဲ့ စွမ်းအင်ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ကာ BRICS အဖွဲ့ဝင်အဖြစ်မှ စီးပွားရေးအခွင့်အလမ်းများ ကနဦးအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ဖို့က ဦးစားပေးအခြေအနေတစ်ခု ဖြစ်ကြောင်း နိုင်ငံတကာဆက်ဆံရေး ပညာရှင်တစ်ဦးက ပြောကြားလိုက်ပါတယ်။
#World_News
#Published_04 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News
#Daily_News
Published_4 January 2024
၁။ မိုးနှမ်း ရာသီကုန်ချိန်ရောက်မှ တရုတ်၀ယ်လိုအားကြောင့် နှမ်းဈေးပြန်မြင့်လာ
၂။ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အပြည်ပြည်ဆိုင်ရာ မြင်းစီးတန်းခုန်ပြိုင်ပွဲ ကျင်းပ
၃။ ကျိုက်သလ္လံစေတီတော်ရှိ ဆွေးမြေ့ပျက်စီးနေသော စောင်းတန်းအမိုးများကို ပြုပြင်မွမ်းမံမည်
၄။ အီရန်အပါအဝင် နိုင်ငံ(၅)နိုင်ငံ BRICS စီးပွားရေးပူးပေါင်းအဖွဲ့အစည်း၏ တရားဝင်အဖွဲ့ဝင်များဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 657 of 1338