#Daily_News
Published_ 28 September 2023
၁။ လေဖိအားနည်းဆဲလ်ကြောင့် ရန်ကုန်နှင့်ဒေသအချို့တွင် မိုး(၆)ရက်သည်းနိုင်
၂။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ဝင်ကြေး အောက်တိုဘာ ၁ ရက်မှစတင် တိုးကောက်မည်၊လည်ပတ်ချိန် ၃ ရက်အတွက်သာဖြစ်ဟုဆို
၃။ ဘင်္ဂလားဒေ့ရှ်မှ ဂျင်းဝယ်လိုအား လာမယ့်အောက်တိုဘာလကုန်မှသာ ပြန်ရှိနိုင်မည်
၄။ ဗီယက်နမ်မှ(၁၉)ကြိမ်မြောက် ဆောင်းဦးလယ်အလှပြယာဥ်စီတန်းလှည့်လည်ပွဲကြီး စနေနေ့ကစတင်ကျင်းပ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
‘ငမိုးရိပ်တမံမှာ ရေပြည့်နေပြီး ရေပိုလွှဲမှရေ ၂.၅၀ ပေကျော်နေသလို မဟူရာတမံမှာလည်း ရေပြည့်ကာ ရေပိုလွှဲမှရေ ဝ.၉၀ ပေကျော်နေပြီး ပေါင်းလင်းတမံမှာတော့ ရေပြည့်မှတ်ရောက်ဖို့ ဝ.၂၀ပေလိုသေးတယ်’ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
Published_ 28 September 2023
#Local_News
#ရေလှောင်ကန်နှင့်တမံများ #ငမိုးရိပ်တမံ
#tthl #Yangon_Times
တောင်သူတွေ လက်ထဲရောင်းချရမယ့် နှမ်းတင်းပေါင်းများစွာကျန်နေသေးပေမယ့် ဈေးဆက်တိုက် ကျလာတာကြောင့် နှမ်းစုပေါင်းရောင်းချပွဲကို သတ်မှတ်ကာလအတွင်းမှာပဲ ပိတ်သိမ်းတော့မှာ ဖြစ်တယ် လို မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
Published_ 28 September 2023
#Local_News
#ဈေးဆက်တိုက်ကျ #နှမ်းစုပေါင်းရောင်းချပွဲ
#YMG/LW #Yangon_Times
ဂျင်းတပင်ကို တစ်နှစ်လျှင် နှစ်ကြိမ် ဂျင်းတက်ခူးဆွပ်နိုင်ပြီး လာမယ့် အောက်တိုဘာလကုန်ပိုင်းမှ ဒီဇင်ဘာလအထိ ထွက်ရှိမယ့် ဂျင်းဟာ ပြည်ပကဝယ်ယူတာများတဲ့ ဂျင်းအခက်ကြီးများဖြစ်တာကြောင့် ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူမှု ပြန်ရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
Published_ 28 September 2023
#ဂျင်းဝယ်လိုအား #ဘင်္ဂလားဒေ့ရှ်မှဝယ်ယူမှု
#YMG/LW
#Yangon_Times
"အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး ပြည်ပနိုင်ငံခြားသားတစ်ဦးကို ဇုန်ဝင်ကြေး (၃၀၀၀၀)ကျပ်သို တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်ပါတယ်။နေထိုင်လည်ပတ်ခွင့်သက်တမ်း(၃)ရက် နာရီအားဖြင့် (၇၂)နာရီလည်ပတ်ခွင့်ရမှာဖြစ်ကာ (၃)ရက် ထက်ကျော်လွန်ပါက ဇုန်ဝင်ကြေးထပ်မံကောက်ခံသွားမှာဖြစ်တယ်"
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)
Published_ 28 September 2023
#Local_News
#ပုဂံဇုန်ဝင်ကြေးတိုးကောက် #ယဉ်ကျေးမှုဝန်ကြီးဌာန
#tthl #Yangon_Times
"မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ဒေသအလိုက်မိုးကြီးတာနဲ့ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်" မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
Published_ 28 September 2023
#Local_News
#လေဖိအားနည်းဆဲလ် #မိုးသည်းပြီးသဘာဝဘေးကြုံနိုင်
#tthl #Yangon_Times
တရုတ်နိုင်ငံရဲ့ ၁၃ ကြိမ်မြောက် သိပ္ပံစူးစမ်းလေ့လာရေးအဖွဲ့က အာတိတ်သမုဒ္ဒရာသို့ သွားရောက်ကာ ဂက်ကယ်လ်ရစ်ဂျ် မီးတောင်ကွင်းပြင်သို့ ခေတ်မီဆန်းပြားတဲ့ လေ့လာမှုများပြုလုပ်ဖို့အတွက် ပင်လယ်ကြမ်းပြင်မှာ ရေငုပ်သံလိုက်ဓာတ်ကိရိယာ ၇ ခုကို နေရာချထားခဲ့ပါတယ်။
Published_ 27 September 2023
#သိပ္ပံစူးစမ်းလေ့လာရေးခရီးစဉ် #ရေငုပ်သံလိုက်ဓာတ်ကိရိယာ
#Asia_Expedition
Page 632 of 1221