#Local_News
Published_ 28 April 2023
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချမယ့်တန်ဖိုးနည်း၊တန်ဖိုးသင့် တိုက်ခန်းတွေကို တိုက်ခန်းအရောင်းဈေးနှုန်းတွေ ပြန်လည်ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်၊၊
#Local_News #တန်ဖိုးနည်းတိုက်ခန်း #ပြင်ဆင်စရိတ်
#YMG #Yangon_Media_Group
#Local_News
Published_ 27 April 2023
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာဘိန်းဖြူဘလောက်တုန်းတွေ မြန်မာငွေသိန်း ၁၃၂၀ ဖိုးလောက်ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
#Local_News #မူဆယ် #ဘိန်းဖြူဘလောက်တုံး #ဖမ်းဆီးရမိ
#YMG #Yangon_Media_Group
#World_Treasure
Published 27 April 2023
လွန်ခဲ့တဲ့နှစ် ၇၀ ခန့်က ဩစတြေးလျနဲ့ နယူးဇီလန်တိုရဲ့ပွဲစဉ်တွေကို ဂုဏ်ပြုရန်ရည်ရွယ်ပြီး အချိန်အတော်ကြာပျောက်ဆုံးနေခဲ့တဲ့ ဆုတံဆိပ်ကို ပြန်လည်တွေ့ရှိခဲ့ကာ သမိုင်းပညာရှင်များအတွက် စဉ်းစားစရာဖြစ်ခဲ့ရတဲ့ဖြစ်ရပ်ကို ဖြေရှင်းနိုင်ခဲ့ပြီလို့ ဘောလုံးတာဝန်ရှိသူများက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_Treasure #ဆုတံဆိပ်ဗူး #ဩစတြေးလျတွေ့ရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 27 April 2023
ပြင်ဦးလွင်မြို့မှာ တရားမဝင် အိမ်ခြံမြေအကျိုးဆောင်ပွဲစားတွေက ဥပဒေအရရောင်းချခွင့်မပြုတဲ့ မြေအမျိုးအစားတွေကို လူပုဂ္ဂိုလ်ချင်းရောင်းချတာ၊ live လွှင့်ရောင်းချတာ၊ Post တင်ရောင်းချနေတာတွေ စိစစ်တွေ့ရတဲ့အတွက် တည်ဆဲဥပဒေတွေအရ ထိရောက်စွာအရေးယူဆောင်ရွက်မှာဖြစ်တယ်လို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထုတ်ပြန်လိုက်ပါတယ်၊၊
#Local_News #ပြင်ဦးလွင် #မြေအမျိုးအစား #တည်ဆဲဥပဒေ #အရေးယူမည်
#YMG #Yangon_Media_Group
#Local_News
Published_ 27 April 2023
အကယ်ဒမီ မီးလင်းရွှေ ပြင်ပပေါက်ဈေးမှာ ဧပြီလ ၂၇ရက်နေ့ မနေ့ ပိုင်းဈေးနှုန်းများအရ ၂၉သိန်း ၉သောင်း ၇ထောင်ကျော်ပေါက်ဈေးရှိနေကြောင်း ရန်ကုန်ရွှေကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။ ရန်ကုန်တိုင်းရွှေအသင်းကတော့ အကယ်ဒမီ မီးလင်းရွှေကို ၂၃သိန်း၅သောင်းကျော်ဈေးနဲ့ ရည်ညွှန်းသတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းရွှေအသင်းက ထုတ်ပြန်ထားပါတယ်။
#Local_News #မီးလင်းရွှေ #အကယ်ဒမီ #ရန်ကုန်ရွှေ
#YMG #Yangon_Media_Group
#Local_News
Published_ 27 April 2023
အခုနှစ်မှာ အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်နှံတာကိုစောပြီး လက်ခံသွားမှာဖြစ်ပြီးမေလ (၂၃)ရက်မှာ ကျောင်းအပ်နှံတာစတင်လက်ခံသွားမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #အခြေခံပညာကျောင်း #ကျောင်းအပ်နှံရေး
#YMG #Yangon_Media_Group
#Daily_News
Published_ 27 April 2023
၁။ ယခုနှစ်တွင်အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးစော၍ လက်ခံမည်၊ မေလ(၂၃)ရက်တွင် စတင်လက်ခံမည်
၂။ အကယ်ဒမီ မီးလင်းရွှေပြင်ပပေါက်ဈေး ၂၉သိန်း ၉ သောင်း၇ထောင် ပေါက်ဈေးရှိနေပြီး ရန်ကုန်ရွှေအသင်းသတ်မှတ်ဈေး ၂၃သိန်း၅သောင်းကျော်ဈေးရှိနေ
၃။ ပြင်ဦးလွင်တွင် ဥပဒေအရရောင်းချခွင့်မပြုသည့် မြေအမျိုးအစားများကို ရောင်းချနေသဖြင့် တည်ဆဲဥပဒေများအရထိရောက်စွာအရေးယူမည်
၄။ (၆၉)နှစ်ကြာပြီးမှ ဘောလုံးသမားများဆေးလိပ်ပြာထည့်ခဲ့သည့် ဆုတံဆိပ်ဗူးကို ဩစတြေးလျတွေ့ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 621 of 1067