#Daily_News
Published_ 20 November 2023
၁။ ဆောင်းကာလ နေ့ပူ၍ ညချမ်းသည့်ဒေသများတွင် နှာစေး၊ ချောင်းဆိုးနှင့် အပြင်းထန်ဆုံး လေဖြတ်ခြင်းများ မဖြစ်အောင် သတိပြုနေထိုင်ရန်လို
၂။ စားနပ်ရိက္ခာအခက်ခဲမဖြစ်စေရန် အခြေခံစားသောက်ကုန်များ ဈေးလျော့ရောင်းပေးသော်လည်း ဈေးတင်ပြီး တစ်ဆင့်ပြန်လည် ရောင်းချသူများကြောင့် အခက်တွေ့
၃။ ရွှေဘိုပေါ်ဆန်းဆန်များအား ကုန်အမှတ်တံဆိပ်လိုဂိုများဖြင့် တစ်နိုင်ငံလုံးသို့ ဖြန့်ချီမည်
၄။ ကမ္ဘောဒီးယားတွင်တရုတ်မှ ရင်းနှီးထောက်ပံ့မှုဖြင့် ဆောက်လုပ်သည့် ဆိုင်ယမ်ရိအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး တရားဝင်ဖွင့်ပွဲကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG News
' ရန်ကုန်အခြေစိုက် တောင်ကိုရီးယားကုမ္ပဏီနှစ်ခုက ပြည်ပက တင်သွင်းလာတဲ့ ရွှေနဲ့လက်ဝတ်ရတနာတွေကို အချောထည်ပြုလုပ်ပြီး ကုန်သွယ်ဖက်နိုင်ငံတွေကို ပြန်လည်တင်ပို့နေတယ်'
#Yangon_Times/NN
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
ရွှေကျင်တွဲဖက်သာသနာပိုင်စည်ရှင်ဆရာတော်ကြီး ဈာပနမန္တလေး၊ဧရာဦးဆိပ်ကမ်းတွင်ကျင်းပမည်၊ ယောဆရာတော်၊ပါမောက္ခချုပ်ဆရာတော်နှင့် သီတဂူဆရာတော်တရားချီးမြှင့်မည်
‘နိုဝင်ဘာလ(၂၃)ရက်မှာတော့ အန္တိမအဂ္ဂိဈာပနပူဇော်ပွဲကို ဧရာဦးဆိပ်ကမ်း ဈာပနကွင်းမှာ ကျင်းပမယ်။ဆရာတော်ကြီးရဲ့ ဆန္ဒအရ သံဃာတော်တွေနဲ့ သီလရှင်တွေထံမှ လှူဒါန်းမှုကို လက်မခံဖို့လည်း သတ်မှတ်ထားတယ်။ နိုဝင်ဘာလ၂၁ရက်မှာ ယောဆရာတော်ကြီး၊ နိုဝင်ဘာလ၂၂ရက်မှာ ပါမောက္ခချုပ် ဆရာတော်ကြီးတို့ တရားတော်ဟောကြားမှာဖြစ်ပြီး သီတဂူဆရာတော်ကြီးမှ ရေစက်ချ သံဝေဂတရားဟောကြားဖို့ရှိပါတယ်’မဟာဝိသုဒ္ဓါရုံတိုက်သစ်၊စည်ရှင်ကျောင်း
#Yangon_Times/tthl
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
ရွှေဘိုပေါ်ဆန်းဆန်များအား စစ်မှန်ကြောင်းကုန်အမှတ်တံဆိပ်လိုဂိုများဖြင့် ဒီရက်ပိုင်းထဲဖြန့်ချီမယ်
' ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်နေတဲ့ GI ဧရိယာအတွင်းမှာ ပါဝင်တဲ့ရွှေဘို၊ ဒီပဲယင်းမြို့နယ်အပါအဝင် မြို့နယ်ခုနှစ်ခုက ထွက်ရှိတဲ့ ရွှေဘိုပေါ်ဆန်းဆန်အိတ်တွေကို စစ်မှန်ကြောင်းကုန်အမှတ်တံဆိပ်လိုဂိုတွေ တပ်ဆင်နိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်
#Yangon_Times/NN
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
အမှန်တကယ် လိုတဲ့အပ်သူကိုသာ ရောင်းချပေးတော့မယ်လို့ဆို
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူများ စားနပ်ရိက္ခာအခက်ခဲ မဖြစ်စေရန် ပရဟိတအသင်းမှ အခြေခံစားသောက်ကုန်တွေကို ဈေးလျော့ရောင်းပေးခဲ့ပေမယ့် အချို့ ပြည်သူတွေက ဈေးတင်ပြီး တစ်ဆင့်ပြန်လည် ရောင်းချတာတွေ ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Times/LW
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
ရန်ကုန်နှင့် နေ့ပူညချမ်းသည့် ဒေသများတွင် နှာစေး၊ ချောင်းဆိုးနှင့် လေမဖြတ်အောင် နေရန်လို
‘ရန်ကုန်အပါအဝင် ဒေသအချို့မှာ ညဦးပိုင်းပူချိန်မှာ ပန်ကာ၊ အဲကွန်းတွေဖွင့်မိပြီး ပြန်မပိတ်မိတဲ့အတွက် ညအပူချိန် ကျဆင်းလာပြီး အေးလာချိန်မှာ အအေးမိတာ၊ နှာစေးတာ၊ ချောင်းဆိုးတာတွေနဲ့ အဆိုးဆုံး လေဖြတ်တာတွေဖြစ်နိုင်တဲ့အတွက် သတိထားဖို့လိုတယ်။နေ့ရောညပါအေးသည့်ဒေသများ နွေးနွေးထွေးထွေးနေဖို့နဲ့ ကိုဗစ်၊ ရာသီတုပ်ကွေးမကူးအောင် နှာခေါင်းစည်းတပ်ဖို့လိုပါတယ်’ ကျန်းမာရေးဝန်ကြီးဌာန၊ မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာနန္ဒဝင်း
#Yangon_Times/tthl
#Local_News
#Published_ 20 November 2023
#YMG #Yangon_Times #Yangon_Media_Group #YMG_News
၁၉ နိုဝင်ဘာ ၂၀၂၃
၁၉-၁၁-၂၀၂၃ ရက်နေ့ နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများအား မြန်မာနိုင်ငံအစိုးရမှ တရားဥပဒေနှင့်အညီ စိစစ်ခြင်းများဆောင်ရွက်၍ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့မှု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားမှုအနေများအား နစက သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ဖော်ပြပေးအပ်ပါတယ်။
-ymg.knl
Page 586 of 1222