ရန်ကုန်၊ ပဲခူး ၊ဧရာဝတီဒေသများ စက်တင်ဘာ(၂၈)တွင် မုတ်သုန်စတင်ဆုတ်ခွာမည်
‘စက်တင်ဘာလ(၂၂)ရက်မှ(၂၇)ရက်အတွင်း မန္တလေး၊နေပြည်တော် ၊မကွေး ၊မုံရွာစတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေနဲ့ စက်တင်ဘာ(၂၈)ရက်မှ အောက်တိုဘာ(၃)ရက်အတွင်း ရန်ကုန် ၊ပဲခူး ၊ဧရာဝတီစတဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ မုတ်သုန်လေဆုတ်ခွာသွားမှာဖြစ်တယ်’ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
#Yangon_Times/tthl
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ယခုတပတ်အတွင်း ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာကို ကျပ်၁၅၀ခန့် ဈေးပြန်ကျ
ကမ္ဘာ့ရေနံစိမ်းဈေးမြင့်လာတဲ့အတွက် ဈေးမြင့်ခဲ့တဲ့ ပြည်တွင်းစက်သုံးဆီဈေးကွက်ဟာ အခုတပတ်မှာတော့ စက်သုံးဆီ တစ်လီတာကို ကျပ်၁၅၀ခန့် ဈေးပြန်ကျလာတာ တွေ့ရပါတယ်။
#Yangon_Times/LW
#Published_ 22 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ရွှေတိဂုံအမွေအနှစ်များကို နိုင်ငံတကာအဆင့်မီ Digitalစနစ်ဖြင့် ပြသနိုင်အောင်ပြင်ဆင်နေ
‘ရွှေတိဂုံမှာထားရှိမယ့် Pagoda Digital Directoryမှာ ခေါင်းစဉ်အလိုက် ရွှေတိဂုံဘုရားနဲ့ပတ်သက်တဲ့ မြေပုံ၊သမိုင်း၊ ရွှေတိဂုံမှာထူးခြားထင်ရှားတဲ့ ရုပ်ပွားတော်တွေ၊ စေတီတော်တွေတစ်ဆူချင်းစီရဲ့ အချက်အလက်တွေနဲ့ အနီးကပ်ဓာတ်ပုံတွေ၊ ပန်းပု၊ပန်းပဲစတဲ့ မြန်မာမှုလက်ရာတွေ ဘယ်တန်ဆောင်းမှာ ရှိတဲ့ဆိုတဲ့ အချက်အလက်တွေကြည့်နိုင်အောင် စီစဉ်နေတယ်’ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲဝင်ဦးဘိုးသင်း
#Yangon_Times/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group
ပြီးခဲ့တဲ့ အင်္ဂါနေ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ အီရန်သမ္မတ အီဗရာဟင်ရိုင်ဆီက မိန့်ခွန်းပြောကြားနေစဉ် ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဂီးလက်အာဒန်က “အီရန်အမျိုးသမီးတွေ အခု လွတ်လပ်ခွင့်နှင့်ထိုက်တန်ပါတယ်” ဆိုတဲ့ စာတန်းပါတဲ့ စာရွက်ကိုင် ဆန္ဒပြခဲ့ပါတယ်။ အဲဒီအတွက် သူဟာ ခန်းမထဲကနေ ကုလသမဂ္ဂ လုံခြုံရေးတွေရဲ့ ဆွဲထုတ်တာခံရပြီး ခေတ္တထိန်းသိမ်းလည်းခံခဲ့ရပါတယ်။
ဒူဘိုင်းကန္တာရရှိ ကုလားအုတ် နို့ထုတ်လုပ်ရေးစက်ရုံမှ နို့ထွက်ပစ္စည်းများအား နိုင်ငံခြားသို့တင်ပို့ရောင်းချလျက်ရှိ
ဒူဘိုင်းမြို့စွန်ရှိ ကန္တာရတစ်ခုမှာ ယူအေအီးနိုင်ငံမှ ကုလားအုတ်နို့ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုက စီးပွားဖြစ်ထွန်းနေပြီး သူတို့ရဲ့ နာမည်ကျော်ထုတ်ကုန်တွေကို ကမ္ဘာ့ဈေးကွက်များသို့ တင်ပို့နေကြပါတယ်။
#World_Industry
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 21 September 2023
၁။ စားအုန်းဆီများကို လက်လီပြန်ရောင်းသူများ အမြတ်ပိုမတင်အောင် ခံဝန်လက်မှတ်ထိုးခိုင်းပြီးမှရောင်းချပေးနေဟုဆို
၂။ အခြေခံ စားသောက်ကုန်အချို့ ဈေးပြန်ကျပေမယ့် အရောင်းဝယ် အလွန်အေးနေ
၃။ နေပြည်တော်မြို့တွင် လျှပ်စစ်သုံးEVကား(၁၀)စီးဖြင့် တက်စီဝန်ဆောင်မှုများ စပေးနေ
၄။ ဒူဘိုင်းကန္တာရရှိ ကုလားအုတ်နို့ထုတ်လုပ်ရေးစက်ရုံမှ နို့ထွက်ပစ္စည်းများအား နိုင်ငံခြားသို့တင်ပို့ရောင်းချလျက်ရှိး .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ပြည်ပကို သွားရောက် အလုပ်လုပ်ချင်သူများကို အလုပ်ရမည်ဟုဆိုကာ အွန်လိုင်းကနေ တစ်ဆင့် ငွေကြေး လိမ်လည်မှုတွေလုပ်ဆောင်နေ
ပြည်တွင်းမှာ အလုပ်ကိုင်အခွင့်အလမ်းနည်းလာတဲ့အတွက် ပြည်ပကို သွားရောက်လုပ်ကိုင်လိုသူများလာတဲ့ အပေါ်အခွင့်ကောင်းယူပြီး လူမှုကွန်ယက် စာမျက်နှာပေါ်တွေမှာ အကောင့်အမျိုးမျိုးနဲ့ စိတ်ဝင်စားဖွယ်ဖြစ်အောင် အလုပ်အကိုင်များ ရေးတင်ခြင်း၊တရားဝင်အေဂျင်စီတွေရဲ့ ဖေ့ဘုတ်နဲpage အတုများ ပြုလုပ်ပြီး လိမ်လည် ငွေကြေးတောင်းခံတာတွေကြောင့် ပြည်ပကိုသွားရောက် အလုပ်လုပ်လိုသူများ ငွေသိန်းနဲ့ချီ အလိမ်ခံရတာတွေရှိနေတယ်လို့ဆိုပါတယ်။
Yangon_Times/LW
#Local_News
#Published_ 21 September 2023
#YMG #Yangon_Times #Yangon_Media_Group
Page 566 of 1149