"ကချင်၊ ချင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း) စတဲ့ မြန်မာနိုင်ငံအထက်ပိုင်းမှာ အအေးဓာတ်များရရှိနေပြီဖြစ်ပေမယ့် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီစတဲ့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေကတော့ ခရစ္စမတ်ဒီဇင်ဘာ(၂၅)ရက်ဝန်းကျင်မှ ဇန်နဝါရီလအတွင်း အေးလာတော့မှာဖြစ်တယ်" မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
#Local_News
Published 21 December 2023
#ဒေသအချို့မိုးရွာ #ရန်ကုန်ပါအေးလာ
#tthl #Yangon_Times
ပြည်ပက၀ယ်လိုအားကောင်းလာတဲ့အတွက် ပြောင်းဈေးမြင့်လာပေမယ့် သယ်ယူပို့ဆောင်ရေး စရိတ်တွေက ယခင်ကထက် ပိုများလာတဲ့အတွက် ဈေးမြင့်ပေမယ့် ပြောင်းစိုက်တောင်သူ အကျိုးအမြတ်ရရှိတာ နည်းတယ်လို့ မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းထံက သိရပါတယ်။
#Local_News
Published 21 December 2023
#ပြောင်းဈေးမြင့်လာ #အကျိုးအမြတ်နည်း
#YMG/LW #Yangon_Times
မြစ်ကမ်းဘေးမှာ လုံးချင်းတဲလေးတွလည်း စီစဉ်ပေးထားတယ်၊ အလှဓာတ်ပုံ လေးတွေရိုက်ဖို့ ဆောင်းတွင်းပွင့်လင်းရာသီရောက်လို့နေကြာပန်းလေးတွေပြန်စိုက်နေပြီ၊ ဒီဇင်ဘာလကုန်လောက်ဆို ဧည့်သည်တွေမြစ်ကမ်းဘေးမှာ အမှတ်တရဓာတ်ပုံလေးတွေရိုက်လို့ရအောင် ဒါလေးတွေတော့ တိုးချဲ့လုပ်ဆောင်နေပါတယ်'
#Local_News
Published 21 December 2023
#'ပုဂံ_ညောင်ဦး #နေရာလေးတွေထပ်တိုးချဲ့ထား
#YMG/ NN #Yangon_Times
"ဒီဇင်ဘာလမှာထိုင်းသွားတဲ့သူတွေတိုးလာသော်လည်း ဗုဒ္ဓဂါယာသွားသူတွေကတော့ မနှစ်ကထက်နည်းသွားတယ်။အခုနှစ်မှာ မြန်မာမှထိုင်းသို့သွားရောက်လည်ပတ်တဲ့သူတွေတိုးလာပြီး ကိုဗစ်မတိုင်ခင်က အခြေအနေအထိဖြစ်လာတယ်"မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌဦးနောင်းနောင်းဟန်
#Local_News
Published 21 December 2023
#ဗုဒ္ဓဂါယာ #မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း
#tthl #Yangon_Times
ကင်ညာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ခွဲဝေပေးခြင်းနဲ့ပတ်သက်တဲ့ ပြဿနာလုံးပန်းနေရပြီး မကြာသေးမီက တစ်တိုင်းပြည်လုံး ဓာတ်အားဖြတ်တောက်မှု ၃ ကြိမ်ဖြစ်ပေါ်ခဲ့ကာ စီးပွားရေးနဲ့ စက်မှုလုပ်ငန်းတွေမှာ အခက်အခဲများ တွေ့ကြုံခဲ့ကြပါတယ်။
#World_Crisis
Published 20 December 2023
#စီးပွားရေးနှင့်စက်မှုလုပ်ငန်းများထိခိုက် #လျှပ်စစ်ဓာတ်အားဖြတ်တောက်မှု
#Yangon_Times #YMG_News #Yangon_Media_Group
၂၀ ဒီဇင်ဘာ ၂၀၂၃
တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သက်ဆိုင်တဲ့အဖွဲ့တွေအကြား ထိတွေ့ဆက်ဆံဆွေးနွေးရေးတွေကို ခိုင်မာစွာထောက်ခံတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားလိုက်ပါတယ်။
“ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပါတယ်။ မြန်မာနိုင်ငံက သက်ဆိုင်တဲ့အဖွဲ့တွေထိတွေ့ ဆက်ဆံဆွေးနွေးကြဖို့ ထောက်ခံအားပေးမှုတွေနှင့် ပံ့ပိုးမှုတွေလုပ်ခဲ့ပါတယ်။ ဒီပြဿနာနှင့်ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက် ဟာ တစ်သတ်မတ်တည်းပဲဖြစ်တယ်။ သဘောတူထားခဲ့ကြတာတွေကို သက်ဆိုင်တဲ့အဖွဲ့တွေက အရှိန်မြှင့် လုပ်ဆောင်နိုင်ပြီး အဆုံးစွန်သည်းခံကြကာ မြေပြင်အခြေအနေသက်သာလျော့ပါးလာအောင်တက်ကြွစွာဆောင်ရွက်တာ၊ ပြတ်တောင်းပြတ်တောင်းဖြစ်ပွား နေတဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို မဆိုင်းမတွစီမံထိန်းသိမ်းတာ၊ ပြီးတော့ မြန်မာပြည်မြောက်ပိုင်းအခြေအနေတွေကို အကျသက်သာညှင်သာစေဖို့အတူတကွလုပ်ဆောင်တာတွေကို မျှော်လင့်ပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝေပင်းက ဒီဇင်ဘာ ၁၉ရက်ကပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ကြားဝင်စေ့စပ်မှုနှင့် မြန်မာပြည်မြောက်ပိုင်းမှာ ယာယီအပစ်အခတ်ရပ်စဲဖို့သဘောတူထားသော်လည်း ပဋိပက္ခတွေဆက်ဖြစ်နေတဲ့အပေါ် ဝမ်ဝေပင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
Source CCTV+
-ymg/knl
#Daily_News
Published 20 December 2023
၁။ တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်းကိုဦးဆောင်ခဲ့သည့်နာယကကြီး(၂၅)ဦးကို ပူဇော်ကန်တော့မည်
၂။ နွေစပါးတစ်ဧကလျှင် စက်သုံးဆီ ၄ဂါလံ နှုန်းဖြင့်ရောင်းချမည်ဟု မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်းကြေညာ
၃။ ခရစ္စမတ်နှင့်နှစ်သစ်ကူးပိတ်ရက်အတွက် ဂေါ်ရန်ဂျီကျွန်းသို့ လည်ပတ်ရန်စုံစမ်းမှုများရှိနေသော်လည်း ကြိုတင်ဘိုကင်တင်မှုနည်းပါးနေ
၄။ တစ်တိုင်းပြည်လုံးလျှပ်စစ်ဓာတ်အားဖြတ်တောက်မှုများကြောင့် ကင်ညာတွင် စီးပွားရေးနှင့်စက်မှုလုပ်ငန်းများထိခိုက်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 483 of 1150