ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းလက်ကားဈေးကြီးမှာ မကြာမီ ဖွင့်လှစ်တော့မယ့် ဈေးရုံအမှတ် ၅ ရှိ ဆိုင်ခန်းနေရာများကို ဆိုင်ခန်းလျှောက်ထားသူများအား လာမယ့်မတ်လ ၁ရ ရက်မှာ မဲနှိုက်ရွေးချယ်ပေးမယ်လို့တညင်းကုန်းလက်ကားဈေးကြီး လုပ်ငန်းရေးရာဌာနက သိရပါတယ်။
#Local_News
Published_ 14 March 2024
#တညင်းကုန်းလက်ကားဈေးကြီး #ဧပြီပထမအပတ်တွင်ဖွင့်ရန်ရည်ရွယ်ထား
#YMG/LW #Yangon_Times
စီးပွားရေးကြပ်တည်းနေသော်ငြား မွတ်ဆလင်ဥပုသ်လပွဲတော်အတွက် ရောင်စုံမီးအိမ်များ အီဂျစ်မြို့တော်၌ရိုးရာမပျက်ဝယ်ယူအလှဆင်လျက်ရှိ
တနင်္လာနေ့မှာ စတင်တဲ့ မွတ်ဆလင်တိုရဲ့ ရာမာဒန်ဥပုသ်လကို အောင်ပွဲခံတဲ့အနေနဲ့ အီဂျစ်မြို့တော်ကိုင်ရိုရှိ ဈေးတွေမှာ ရောင်စုံမီးအိမ်များဝယ်ယူကြပြီး နေအိမ်တွေ လူအများနေရာတွေမှာ အလှဆင်ကြပါတယ်။
#World_Event
Published_ 13 March 2024
#အီဂျစ်မြို့တော်၌ရိုးရာမပျက်ဝယ်ယူအလှဆင် #ရောင်စုံမီးအိမ်
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 13 March 2024
၁။ မလေးရှားရှိ မြန်မာသံရုံးတွင် CI လျှောက်ထားမှုကို လာမည့် မတ်လ၁၈ ရက်မှစပြီး အွန်လိုင်းမှ QR code ရက်ချိန်းရယူသည့်စနစ် ပြောင်းလဲဆောင်ရွက်ပေးမည်ဟုဆို
၂။ ယခုနှစ်ကြံကြိတ်ခွဲရာသီအတွက် ကြံကြိတ်ခွဲမှု ၅၀%ခန့်သာပြီးစီး
၃။ YBS ယာဉ်အနုကြမ်းစီးပြီး လုယက်ခံရခြင်းမဟုတ်သလို လုံခြုံရေးလည်းစီမံပေးထား၍ ခရီးသွားပြည်သူများ မစိုးရိမ်ရန်ပြော
၄။ စီးပွားရေးကြပ်တည်းနေသော်ငြား မွတ်ဆလင်ဥပုသ်လပွဲတော်အတွက် ရောင်စုံမီးအိမ်များ အီဂျစ်မြို့တော်၌ရိုးရာမပျက်ဝယ်ယူအလှဆင်လျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ရာသီဥတုအပူချိန်မြင့်လာတဲ့အတွက် ပဲခူးတိုင်းဒေသကြီးပြည်မြို့ရှိ အပန်းဖြေဆင်စခန်းတွေမှာ ဆင်စီးခွင့်ကို မွန်းတည့် ၁၂နာရီမှ ညနေ ၃နာရီအထိ ခေတ္တရပ်နားထားတယ်လို့ ပြည်ဆင်စခန်းရှိ တာဝန်ရှိသူတွေထံက သိရပါတယ်။ အခုလို ရာသီဥတုပူလာတဲ့အတွက် အပူရှိန်ကြောင့် ဆင်များရဲ့ ကျန်းမာရေးထိခိုက်မှာ စိုးရိမ်တဲ့အတွက် အခုလို အချိန်သတ်မှတ်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်
#Local_News
Published_ 13 March 2024
#အပန်းဖြေဆင်စခန်း #ဆင်စီးခွင့်
#YMG/LW #Yangon_Times
ဒေသ(၈)ခုပုံမှန်ထက်ပိုပူမည်။ နေပြည်တော်၊ စစ်ကိုင်း၊မန္တလေး ၊ မကွေး ၊ ပဲခူး (အရှေ့)၊ ကချင်၊ရှမ်း (တောင်ပိုင်း)နဲ့ ကယားတို့မှာ မတ်လပျမ်းမျှအပူချိန်ရဲ့ (၁.၅)ဒီဂရီဆဲလ်စီးယပ်နဲ့ အထက် (သို့မဟုတ်) (၃၅)ဒီဂရီ ဖာရင်ဟိုက်နှင့် အထက်ပိုနိုင်တယ်။ အပူရှပ်တာ၊ အပူကြောင့်သတိလစ်ပြီး အသက်ဆုံးရှုံးတာတွေမဖြစ်အောင် နေပူထဲကို ထီး၊ ဦးထုတ်၊ နေကာမျက်မှန်အစရှိတာတွေမပါဘဲမသွားကြဖို့လိုတယ်။
#Local_News
Published_ 13 March 2024
#နေ့အပူချိန်များတိုး #အပူကြောင့်သတိလစ်
#tthl #Yangon_Times
'ဒီနှစ်ကြံကြိတ်မှုပြီးစီးတာနောက်ကျမယ်၊ ရှမ်းမြောက်တို့ စစ်ကိုင်းတို့က သကြားစက်လည်တာနောက်ကျလည်တယ်၊ကြိတ်ခွဲပြီးစီးတာက ၄၅%ကနေ ၅၀%လောက်ပဲ ပြီးသေးတယ်။ '
#Local_News
Published_ 13 March 2024
#ကြံကြိတ်ခွဲရာသီ #သကြားစက်လည်တာနောက်ကျ
#YMG/NN #Yangon-Times
YBS ယာဉ်တွေပေါ်မှာ ခါးပိုက်နှိုက်မှု၊ လုယက်မှုတွေဖြစ်ပေါ်လာပါက ကားတံခါးကိုပိတ်ပြီး နီးစပ်ရာရဲစခန်းကိုမောင်းပြီး အရေးယူဖမ်းဆီးသွားတာတွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ CCTVနဲ့လည်းတောက်လျောက်စောင့်ကြည့်ပြီးလုံခြုံရေးဆောင်ရွက်ပေးနေပါတယ်။
ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT)
#Local_News
Published_ 13 March 2024
#YBSယာဉ်အနုကြမ်းစီးလုယက်ခံရခြင်းမဟုတ် #ခရီးသွားပြည်သူများမစိုးရိမ်ရန်ပြော
#tthl #Yangon_Times
Page 482 of 1223