#Daily_News
Published_ 17 October 2023
၁။ သီတင်းကျွတ်ပိတ်ရက်များတွင် ပြည်ပခရီးသွားမည့်သူ မြင့်တက်၊ ငွေလဲနှုန်းကြောင့် မနှစ်ကထက်တော့ မပိုနိုင်ဟုဆို
၂။ ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးတိုင်း အတွင်းရှိ ငါးကန်ဧက ၂၂၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ဟုဆို
၃။ ဧရာဝတီတိုင်းက ပြည်သူလူထုအခြေပြု ကျန်းမာရေးပညာပေး လုပ်ငန်းပိုင်းလော့ ပရောဂျက်ကာလအတွင်း ကျန်းမာရေးအသိများ တိုးတက်လာ
၄။ တရုတ်နိုင်ငံ၏ အကူအညီဖြင့်ဆောက်လုပ်သည့် ဘင်္ဂလားဒေ့ရှ်မှ လေအားလျှပ်စစ်စီမံကိန်း စတင်ဖွင့်လှစ်ကြောင်း အခမ်းအနားကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
နွေရာသီမှာထွက်ရှိတဲ့ စပျစ်တွေကတော့ အရည်အသွေးအကောင်းဆုံးဖြစ်တယ်လို့သိရ
ရမည်းသင်းမြို့နယ်မှာဈေးကွက် ဝယ်လိုအားများတဲ့ စပျစ်မျိုးတွေကို ပြောင်းလဲစိုက်ပျိုးလာတယ်လို့ စပျစ်စိုက်ပျိုးသူတွေဆီက သိရပါတယ်။ လတ်တလောမှာ အရည်အသွေးကောင်းစပျစ်တွေ ထွက်ရှိမယ့် ဧပြီလအတွက် အသီးဖမ်းကာလဖြစ်ပြီးစပျစ်အကိုင်းဖြတ်ချိန်ဖြစ်ပြီးပြည်တွင်း စိုက်စပျစ်တွေဟာ ရာသီမရွေးထွက်ရှိပေမယ့်လည်း မိုးရာသီမှာထွက်တဲ့စပျစ်တွေက အရည်အသွေးပိုင်းဆိုင်ရာအားနည်းချက်များရှိပါတယ် ။
Yangon_Times/NN
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
ရေလိုအပ်နေသည့် ပဲခူးသို့ ရေဘောက်ဆာကားများဖြင့် ရေဂါလံသောင်းချီလှူဒါန်းပေးနေရ
‘ပြည့်စုံတဲ့သူတွေမှာ ရေသန့်ဝယ်ပြီး ချက်ပြုတ်ဖို့အဆင်ပြေပေမယ့် အခြေခံလူတန်းစားတွေအတွက်တော့ သောက်သုံးရေတွေ လိုအပ်နေတဲ့အတွက် သွားရောက်လှူဒါန်းပေးနေတာဖြစ်တယ်။ ဂါလံ၃၂၀၀ဆံ့တဲ့ ရေဘောက်ဆာကား(၃)စီးနဲ့ တစ်ရက်ကို ခုနှစ်ခေါက်စီ နေ့စဉ်သွားရောက်လှူဒါန်းပေးနေပြီး တစ်ရက်ကို ဂါလံ(၅၀၀၀၀)မှ(၆၀၀၀၀)ခန့်အထိလှူဒါန်းပေးနေတယ်’ ရှင်သန်ရေးကူညီမှုအသင်းမှတာဝန်ရှိသူတစ်ဦး
Yangon_Times/tthl
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
ဧရာဝတီတိုင်းက ပြည်သူလူထုအခြေပြု ကျန်းမာရေးပညာပေးလုပ်ငန်းပိုင်းလော့ ပရောဂျက်ကာလအတွင်း ကျန်းမာရေးအသိများတိုးတက်လာ
'အရန်သားဖွားဆရာမ သင်တန်းပေးပြီးသား အမျိုးသမီးတွေကို ကျေးရွာခေါင်းဆောင်အနေနဲ့ရွေးချယ်ပြီး စေတနာ့ဝန်ထမ်း ငါးယောက်ကို ကျန်းမာဖွံဖြိုးမှုလုပ်သားတွေအဖြစ် ရွေးချယ်တယ် 'ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဦးသန်းစိန်
Yangon_Times/NN
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
ရေကြီးနစ်မြုပ်မှုကြောင့် ပဲခူးတိုင်းအတွင်းရှိ ငါးကန်ဧက ၂၂၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ဟုဆို
ပဲခူးမြိုနယ်အတွင်း စံချိန်တင် ရေကြီနစ်မြုပ်ခဲ့တာကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးငါးကန် ဧက ပေါင်း ၂၂၀၀ကျော် ပျက်စီး ဆုံးရှုံးခဲ့တယ် ငါးလုပ်ငန်းဦးစီးဌာနထံက သိရပါတယ်။
Yangon_Times/LW
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
သီတင်းကျွတ်တွင် ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ဗုဒ္ဓဂါယာသွားမည့်သူ များလာ
‘ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့စင်ကာပူကို အသွားများပြီး လာမယ့်သီတင်းကျွတ်ပိတ်ရက်မှာတော့ ထိုင်း၊စင်ကာပူ အပြင် ကမ္ဘောဒီးယား၊ဗီယက်နမ်တို့ကို ဆက်သွားမယ့်သူတွေရှိနေတယ်။သီတင်းကျွတ်ပိတ်ရက်မှာ ပြည်ပကိုခရီးသွားမယ့်သူတွေ မြင့်တက်လာပေမယ့် ငွေလဲနှုန်းကြောင့် ခရီးသွားတွေ မနှစ်ကထက်မပိုနိုင်ဘူး’ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ဥက္ကဌဦးနောင်းနောင်းဟန်
Yangon_Times/tthl
#Local_News
#Published_ 17 October 2023
#YMG #Yangon_Times
‘လှည်းကူးမြို့နယ်ထဲက သွားလာရေးခက်ခဲတဲ့ ကျေးရွာ(၃၀)ကျော်ကရေဘေးသင့်ပြည်သူနှစ်သောင်းခန့်ကို နေ့စဉ်မနက်၊ ညပုံမှန်စားသောက်နိုင်ရန်ရှင်သန်ရေးကူညီမှုအသင်း၊ ရန်ကုန်တိုင်းလူမှုကူညီရေးအဖွဲ့ဝင်တွေနဲ့ အလှူရှင်တွေက ဆောင်ရွက်ပေးလျက်ရှိတယ်’ ရန်ကုန်တိုင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့(YRO)မှဦးထွန်းထွန်းဦး
Published_ 15 October 2023
#Local_News
#လှည်းကူးမြို့နယ် #ရေဘေးသင့်ပြည်သူများ
#tthl #Yangon_Times
Page 475 of 1079