#Daily_News
Published_ 24 April 2024
၁။ ပူတာအိုရှိ ရေခဲတောင်များ ဇွန်၊ ဇူလိုင်လအထိရှိနေဦးမှာဖြစ်ပြီး ခရီးသွားရာသီမကုန်သေးဟုဆို
၂။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ ဖွင့်လှစ်မည့် EPS TOPIK အတန်းများအတွက်စတင် လျှောက်ထားနိုင်
၃။ ခရမ်းချဉ်သီးဈေးပြန်မြင့်လာသော်လည်း အရည်အသွေးကောင်းမှသာ ဈေးရရှိသဖြင့် ခရမ်းစိုက်တောင်သူများ ဆက်လက်အရှုံးပေါ်နေ
၄။ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ အကူအညီဖြင့် ဂါဇာမှမုန့်ဖုတ်ဆိုင်အများအပြား စတင်လည်ပတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်တွေမှာရှိတဲ့ ပဲနှမ်းစိုက်ပျိုးတဲ့တောင်သူတွေကို ချေးငွေကျပ်သိန်း ၇၀၀၀ ထုတ်ချေးရန် စီစဉ်ဆောင်ရွက်နေတယ်လို့ မကွေးတိုင်းတောင်သူဖွံ့ဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
#Local_News
Published_ 24 April 2024
#ချေးငွေနှစ်ခုစာရ #မြေပဲ နှမ်း နှစ်မျိုးလုံးစိုက်ပျိုး
#YMG/LW #Yangon_Times
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ(၃၂) ကြိမ်မြောက်ရွှေပညာဒါန(အခမဲ့)သင်တန်းနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်တန်းအမှတ်စဉ်(၁၃)
ကို မေလအတွင်း ဖွင့်လှစ်သွားမယ်လို့ ယင်းအသင်းက သိရပါတယ်။
#Local_News
Published_ 24 April 2024
#ရွှေပညာဒါန(အခမဲ့)သင်တန်း #ငွေကြေးခဝါချမှု
#YMG/ NN #Yangon-Times
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကြာရှည်အထားခံတဲ့ အရည်အသွေးကောင်းတဲ့ ခရမ်းချဉ်သီးတွေသာ တစ်ပိဿာကို ကျပ် ၁၀၀၀ ကျော်ရရှိပေမယ့် အခြားအရည်သွေးသိပ်မကောင်းတဲ့ ခရမ်းချဉ်သီးတွေကတော့ ဈေးရရှိမှုအလွန်နည်းသေးတယ်လို့ အောင်ပန်းရှိကုန်စိမ်းပွဲရုံမှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
#Local_News
Published_ 24 April 2024
#ခရမ်းချဉ်စိုက်တောင်သူ #အောင်ပန်းရှိကုန်စိမ်းပွဲရုံ
#YMG/LW #Yangon_Times
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL)တွင် ကိုရီးယား EPS-TOPIK အတန်းကို ယခုလ ဧပြီ (၂၉) ရက်ကစတင်ပြီး လျှောက်ထားနိုင်ပြီလို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက သိရပါတယ်။
#Local_News
Published_ 24 April 2024
#EPS_Topikအတန်းများ #ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
#YMG/ NN #Yangon_Times
ရေခဲတောင်တွေက ဇွန်လနဲ့ဇူလိုင်လအထိရှိနေဦးမှာဖြစ်တယ်။ ရေခဲတောင်ခရီးသွားရာသီမကုန်သေးလို့ ရေခဲတောင်တွေကို သွားချင်တဲ့သူတွေ ကျန်ရှိနေသေးပေမယ့်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် သွားလာတဲ့သူတွေနည်းပါးနေတယ်။
(ပူတာအိုဒေသခံခရီးသွားလမ်းညွှန်တစ်ဦး)
#Local_News
Published_ 24 April 2024
#ပူတာအိုရှိရေခဲတောင် #လမ်းပန်းဆက်သွယ်ရေးအခက်အခဲ
#tthl #Yangon_Times
ဗြိတိန်ဆိုင်ခန်းငှားရမ်းခများမြင့်တက်လာကာ ဇိမ်ခံပစ္စည်းဝယ်လိုအား ကျဆင်းလာသဖြင့် ဖက်ရှင်ဆိုင်များပိတ်သိမ်းလာရ
ဗြိတိန်မှ ဇိမ်ခံအသုံးအဆောင်ပစ္စည်း ဝယ်သူများဟာ ယခင်ကလောက် မသုံးစွဲကြတော့ဘဲ ဝယ်လိုအားကျဆင်းသွားကာ ဗြိတိန်ပြည်ထောင်စုမှ ဇိမ်ခံပစ္စည်းဆိုင်တွေ ရုန်းကန်နေရပြီး တိုင်းပြည်မှာ လတ်တလော နည်းပညာပိုင်း ဆုတ်ယုတ်လာသဖြင့် အခြေအနေ ပိုဆိုးရွားလာပါတယ်။
#World_Economy
Published 23 April 2024
#ဗြိတိန်ဆိုင်ခန်းငှားရမ်းခများမြင့်တက် #ဇိမ်ခံပစ္စည်းဝယ်လိုအားကျဆင်း
#YMG_News #Yangon_Times #Yangon_Media_Group
Page 452 of 1223