#Local_News
Published _22 November 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မွေးမြူရေးငါးတွေ တင်ပို့ရာမှာ စစ်တွေမြို့နယ်၊ ဘူးသီးတောင်မောင်တော နယ်စပ်ကနေ တင်ပို့ရတာဖြစ်ပြီး လက်ရှိမှာ နယ်စပ်တွင် ထိတွေ့တိုက်ပွဲ တချို့ဖြစ်နေတာကြောင့် လမ်းကြောင်းအခြေအနေ ငြိမ်သက်မှုမရှိဘူးလို့ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_21 November 2022
အသင်းကနေ တစ်ပါတ်တစ်ကြိမ်ထုတ်ပြန်ပေးနေတဲ့ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းဟာ အနည်းငယ်ဈေးတက်လာပေမယ့် ပြင်ပဈေးကွက်ထဲမှာတော့ ၆၀၀၀ အထိဈေးကျနေတာ ဖြစ်ပါတယ်။
#Yangon_Media_Group
#World_Mystery
Published 21 November 2022
ကိုလံဘီယာအမေဇုန်ဒေသက ခေတ်မီလူနေမှုနဲ့ဝေးကွာတဲ့ တိုင်းရင်းသားလူမျိုးစုတွေမှာ မိမိကိုယ်ကိုသတ်သေခြင်းဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
#Yangon_Media_Group
Published 21 Nov 2022
ဂျပန်ဗဟိုဘဏ်က ၂၀၂၄ခုနှစ်မှာ ယန်းငွေစက္ကူအသစ်တွေ ထုတ်လုပ်တော့မှာဖြစ်လို့ အဲဒီငွေစက္ကူအသစ်တွေကို ငွေစက္ကူရေတွက်စက်နှင့်စမ်းသပ်ကြည့်နေပါတယ်။
ငွေစက္ကူအသစ်တွေကို အတုအပလုပ်လို့မရတဲ့ နည်းပညာတွေနှင့် ထုတ်လုပ်မှာဖြစ်ပါတယ်။ အဲဒီအထဲမှာ သုံးဖက်မြင်ရုပ်လုံးကြွ ဟိုလိုဂရမ်နည်းပညာလည်းပါဝင်ပါတယ်။
“ဟိုလိုဂရမ်က အရာဝတ္ထုရဲ့ပုံရိပ်ကို သုံးဖက်မြင်ရုပ်လုံးကြွစေပြီးလှည့်ပတ်ပေးတယ်။ ငွေစက္ကူတွေမှာ ဒီနည်းပညာကို အသုံးပြုတာဟာ ကမ္ဘာပေါ်မှာ ဒါဟာ ပထမဆုံးဖြစ်တယ်” လို့ ဂျပန်ဘဏ်ရဲ့ အရာရှိ ဟီရိုယူကီကန်နို ကပြောပါတယ်။
Source: AFP
#Japan_new_banknotes
#anti-counterfeit_technology_in_banknotes
#Japan_modern_banking
#Local_News
Published_ 21 November 2022
အခုရက်ပိုင်းအတွင်းမှာ မီးထွန်းဖို့လိုအပ်ချက်တွေရှိတဲ့အတွက် အားသွင်းမီးလုံးတွေနဲ့ ဆိုလာမီးလုံးတွေအဝယ်များလာပြီး ရောင်းအားတွေတက်လာတယ်လို့ အီလက်ထရော်နစ်ဆိုင်တွေထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 21 November 2022
လက်ရှိအနေအထားအရ လျှပ်စစ်ဓာတ်အားချို့ယွင်းမှုတွေ ဖြစ်ပေါ်နေသည့်အတွက် အေးခဲပြီးရောင်းချရတဲ့ အအေးခန်းငါးဈေးကွက်ဟာ ပေါက်ဈေးထက်လျှော့ပြီး ရောင်းနေရတဲ့အနေအထားမျိုးတွေနဲ့ ကြုံနေရတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနရဲ့တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_21 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ နိုဝင်ဘာလ ၁၁ ရက်အထိ ခုနှစ်လကျော်ကာလအတွင်း ပြည်ပကို ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၃၉ ဒသမ ၉၄ သန်းရရှိထားပြီး ပြီးခဲ့နှစ်ထက် ၈ သန်းကျော်လျော့ကျထားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
Page 878 of 1174