#Local_News
Published_ 7 April 2023
မဲခေါင်မြစ်ကော်မရှင် ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် စတုတ္ထအကြိမ် မဲခေါင်မြစ်ကော်မရှင် ထိပ်သီးအစည်းအဝေးတို့အား လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ဧပြီ ၄ ရက် နှင့် ၅ ရက် တို့တွင် ကျင်းပခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ဧပြီ ၄ ရက်တွင် ကျင်းပတဲ့ မဲခေါင်မြစ် ကော်မရှင်ဝန်ကြီးများအဆင့် အစည်းအဝေး၌ လာအိုနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Bounkham Vorachit က အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ MRC အဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့မှ သံရုံးယာယီတာဝန်ခံ သံမှူးကြီး ဒေါ်နန်းဖြူစင်သန်းမြင့်နှင့် ဒုတိယအတွင်းဝန် ဒေါ်အေးစုသွယ်တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။
ဧပြီ ၅ ရက်တွင်ကျင်းပတဲ့ စတုတ္ထအကြိမ် မဲခေါင်မြစ်ကော်မရှင် ထိပ်သီးအစည်း အဝေး၌ လာအိုနိုင်ငံ ဝန်ကြီးချုပ် H.E. Sonexay Siphandone မှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် H.E. Samdech Akka Moha Sena Padei Techo Hun Sen ၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Pham Minh Chinh ၊ ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ် ဆိုင်ရာရုံး အတွင်းရေးမှူးချုပ် Dr. Surasri Kidtimonton ၊ တရုတ်နိုင်ငံ ရေအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး H.E. Guoying Li ၊ မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် မဲခေါင်မြစ်ကော်မရှင် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး H.E. Pedro Zwahlen တို့က မဲခေါင်မြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ၎င်းတို့၏ ရပ်တည်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Local_News #မဲခေါင်မြစ် #ကော်မရှင်ထိပ်သီးအစည်းအဝေး #ဝန်ကြီးများအဆင့် #မြန်မာကိုယ်စားလှယ်အဖွဲ့ #YMG #Yangon_Media_Group
Published 6 April 2023
တရုတ်နိုင်ငံက အလယ်ပိုင်းနှင့် မြောက်ပိုင်း ထိုင်ဝမ်ရေလက်ကြားမှာ ပူးတွဲကင်းလှည့်စစ်ဆင်ရေးတစ်ခုကို စတင်နေတယ်လို့ ဖူကျန့် ရေကြောင်းလုံခြုံရေး အာဏာပိုင်က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
ဒီစစ်ဆင်ရေးဟာ အဆိုပါအဖွဲ့ရဲ့ တစ်နှစ်တာ ကင်းလှည့်ဆောင်ရွက်မှုအစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး များစွာသော ရေကြောင်းစစ်ရေယာဉ်တွေပါဝင်ကြပါတယ်လို့ သတင်းထုတ်ပြန်ချက်အကျဉ်းမှာဖော်ပြထားပါတယ်။အဲဒီ ဆောင်ရွက်မှုထဲမှာ ထိုင်ဝမ်ရေလက်ကြား သရုပ်ဖော်မြေပုံတစ်ခုလည်းပါဝင်ပါတယ်။
ဟိုင်ရွှန်း၀၆လို့ခေါ်တဲ့ ပင်လယ်ကင်းလှည့်အမှတ်(၆) လိုကြီးမားတဲ့ ရေကြောင်းကင်းလှည့်ရေယာဉ်တွေကို ထိုင်ဝမ် ရေလက်ကြားမှာ ဖြန့်ကျက်ချထားတာဖြစ်တယ်လို့ တရုတ်မီဒီယာအုပ်စုရဲ့ ယူယွမ်တန်ကျန်း အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
Source CCTV+
#တရုတ်နိုင်ငံရေကြောင်းကင်းလှည့်စစ်ဆင်ရေး
#ထိုင်ဝမ်ရေလက်ကြား_တရုတ်ကင်းလှည့်စစ်ဆင်ရေး
#YangonMediaGroup
#World_Geopolitics
Published_ 4 April 2023
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO)မှာ ပါဝင်ဖို့ကြိုးစားနေတဲ့နိုင်ငံတွေ ပိုများလာပါတယ်။
ဆော်ဒီအာရေးဗီးယားအစိုးရအဖွဲ့က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှာ ဆွေးနွေးမိတ်ဖက်နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ စာတမ်းကိုလည်း ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။
#World_Geopolitics #ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ #YMG#Yangon_Media_Group
Published 3 April 2023
နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H. E. Mr. Wang Ningကို ဧပြီ(၃)ရက် ဒီကနေ့မှာ နေပြည်တော်မှာလက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်တွေနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေတွေအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံရာမှာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများအပြင် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နှစ်ဖက်ဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏လျှပ်စစ်ကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုးတိုတက်ရေးနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားမည်ကိစ္စရပ်များ၊ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံနှင့်ယူနန်ပြည်အကြား တိုက်ရိုက်လေကြောင်းပြေးဆွဲရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစက သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အအတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H. E. Mr. Wang Ning ဟာ မြန်မာနိုင်ငံသို့ ဧပြီ(၁)ရက်က အလုပ်သဘော ရောက်ရှိလာခဲ့ပြီးနောက် ဧပြီ(၂)ရက်နေ့တွင် နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနှင့် တရုတ်နှစ်နိုင်ငံအကြား ဆန်စပါးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ဓာတ်မြေဩဇာ ထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ကျောက်ဖြူ အနာဂတ် ရွေ့လျားဆေးခန်းစီမံကိန်း သဘောတူညီချက်၊ မြန်မာနိုင်ငံမှစိုက်ပျိုးကုန်များ တင်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ တာပိန် (၁) ရေအားလျှပ်စစ်စခန်း သဘောတူညီချက်တွေ လက်မှတ်ရေးထိုးပွဲတက်ရောက်ခဲ့ပါတယ်။
Ymg/knl
#ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး H. E. Mr. Wang Ning
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#YangonMediaGroup
#Local_News
Published_ 3 April 2023
မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘော တူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၅ ခုကို နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
အဆိုပါသဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၅ ခုမှာ ဆန်စပါးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ဓာတ်မြေဩဇာ ထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ကျောက်ဖြူ အနာဂတ် ရွေ့လျားဆေးခန်းစီမံကိန်း သဘောတူညီချက်၊ မြန်မာနိုင်ငံမှစိုက်ပျိုးကုန်များ တင်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ တာပိန် (၁) ရေအားလျှပ်စစ်စခန်း သဘောတူညီချက်တို့ ဖြစ်ပါတယ်။
ဧပြီ ၂ ရက် ညနေပိုင်းတွင် နေပြည်တော် Horizon Lake View ဟိုတယ်၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးတို၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
အဆိုပါ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီး ဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီး ဦးကိုကိုလှိုင်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ ဝမ်နင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီ ၁ ရက်မှ ၃ ရက်အထိ အလုပ်သဘော ခရီးစဉ်လာရောက်ခဲ့တာ ဖြစ်ပါတယ်။
ygm_mnn
#ယူနန်ပြည်နယ် #နားလည်မှုစာချွန်လွှာ #လက်မှတ်ရေးထိုး
#Yangon_Media_Group
Published 2 April 2023
တရုတ်နိုင်ငံတော်ဘဏ် The Bank of China (BOC) ဟာ ငွေလဲလှယ်နှုန်းအန္တရာယ်လျော့ပါးစေဖို့နှင့် ကမ္ဘာလုံးဆိုင်ရာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့်ရင်းနှီးမြှပ်နှံမှုတွေတည်ငြိမ်မှုရှိစေရန်အထောက်အကူဖြစ်စေဖို့ တရုတ်ယွမ်ငွေကို နိုင်ငံတကာငွေကြေးတစ်ခုအဖြစ် တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ဘဏ်ဥက္ကဋ္ဌ လျိုကျင်းကပြောပါတယ်။
ယွမ်ငွေကိုနိုင်ငံတကာသုံးငွေကြေးလုပ်တဲ့အတွက် ငွေကြေးလဲလှယ်နှုန်းအန္တရာယ်တွေကိုလည်း လျော့ပါးစေပါတယ်လို့ သူကပြောပါတယ်။
Source CCTV Plus
#တရုတ်နိုင်ငံတော်ဘဏ်ဥက္ကဋ္ဌ
#ယွမ်ငွေကိုနိုင်ငံတကာငွေကြေးအဖြစ်မြှင့်တင်
#Bank_of_China_President
#YangonMediaGroup
Published 2 April 2023
မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အဆင့်မြင့် ကော်မတီတစ်ခုကို နစက ဥက္ကဋ္ဌဦးဆောင်ပါဝင်၍ ဖွဲ့စည်းခဲ့တယ်လို့ သိရှိရပါတယ်။
အဆိုပါကော်မတီမှာ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီဖြစ်ပြီး ၂၀၂၃ခုနှစ်ဖေဖော်ဝါရီ (၁၇)ရက်နေ့က နစက အမိန့်ကြော်ငြာစာအမှတ် ၄၀/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့ စည်းခဲ့တာဖြစ်ပါတယ်။
မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် မြန်မာ-တရုတ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်တည်ထောင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် ကဏ္ဍအလိုက်သော်လည်းကောင်း၊ သက်ဆိုင်ရာ ြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များအကြားတွင်လုပ်ငန်းတာဝန်များကိုအစဉ်တစိုက် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက်သော်လည်းကောင်း အကောင်အထည်ဖော်ခြင်း၊ ဆန်းစစ်လေ့လာသုံးသပ်ခြင်းနှင့် မူဝါဒချမှတ်ခြင်းတို့ကို ပိုမိုထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်ပြင်ဆင်ဖွဲ့စည်းရတာဖြစ်တယ်လို့ အဆိုပါ အမိန့်ကြော်ငြာစာမှာ ဖော်ပြပါရှိပါတယ်။
အဆိုပါဦးဆောင်ကော်မတီတွင် နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် အတွင်းရေးမှူးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်တို့က ပါဝင်ဆောင်ရွက်ကြပါတယ်။
ဦးစီးကော်မတီ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီး (၂၂)ဦး၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကချင်၊မန္တလေး၊ရခိုင်၊ရန်ကုန်နှင့်ရှမ်းတို့မှ ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် (၅)ဦး၊ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပို့/ဆက် ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီး(၂)ဦးတို့ပါဝင်ကြပါတယ်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” ခေါင်းစဉ်အောက်မှပူးပေါင်းဆောင်ရွက်မှု များပြုလုပ်ရာတွင် ဝန်ကြီးဌာနများ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်မှုပေးခြင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” နှင့်သက်ဆိုင်သည့် ပူးပေါင်းဆောင်ရွက် မှုများပြုလုပ်ရာတွင် မူဝါဒနှင့်သက်ဆိုင်သည့် လမ်းညွှန်မှုများပေးခြင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” နှင့်စပ်လျဉ်း၍ မူဝါဒဆိုင်ရာညှိနှိုင်းရမည့်အကြောင်းအရာများ ပေါ်ပေါက်လာပါက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြလမ်းညွှန်မှုခံယူခြင်း၊“ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း” နှင့်စပ်လျဉ်း၍ သုတေသနလေ့လာနိုင်ရေးအတွက် ကျွမ်းကျင်ပညာရှင်များအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းတို့ကို အဆိုပါဦးစီးကော်မတီက ဆောင်ရွက်မယ်လို့လည်း သိရှိရပါတယ်။
နစကရဲ့ ၁၁-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၂၁နှင့် ၄-၆-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၇၂/၂၀၂၁ တို့ကို ယခု အမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်တယ်လို့လည်း အမိန့်ကြော်ငြာစာမှာဖော်ပြပါရှိပါတယ်။#
-ymg/knl
#ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း (Belt and Road Initiative-BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီ
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#မြန်မာ-တရုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
#YangonMediaGroup
Page 35 of 42