#Daily_News
Published_ 9 August 2023
၁။ သထုံ-ရန်ကုန်အဝေးပြေးလမ်းတွင် ရေကြီးနေသဖြင့် ယခုရက်ပိုင်းအတွင်း ဖြတ်သန်းမသွားသင့်ဟု သတိပေး
၂။ အာဆီယံနှင့်ပူးပေါင်းပြီး မြန်မာအမျိုးသားဥယျာဉ်များတွင် Smartနည်းပညာဖြင့် တောတွင်းကင်းလှည့်ခြင်းများ ဆောင်ရွက်နေ
၃။ ဆော်လမွန်ကျွန်းစုအသင်းကို မြန်မာအသင်း က ၆ဂိုး ၂ဂိုး ဖြင့် အနိုင်ရရှိ
၄။ ရိုးရာလက်ရာများအတိုင်း စက္ကူရုပ်ပုံများ ဖြတ်တောက်ဖန်တီးလျက်ရှိသည့် ဆွစ်ဇာလန်စက္ကူဖြတ်အနုပညာရှင် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ဩဂုတ်လအတွင်း တောင်ပြုံးပွဲတော်ကြီး ကျင်းပမည်
‘ကိုဗစ်ကာလအချိန်ကနေစပြီး တောင်ပြုံးပွဲတော်ဟာ စည်ကားသိုက်မြိုက်မှုမရှိတော့တဲ့အတွက် အခုနှစ်မှာ ပြန်လည်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ဖို့ဆောင်ရွက်နေတယ်။ဆိုင်ခန်းငှားခတွေ ကိုလည်းလျှော့ပေးထားပါတယ်။ပွဲတော်လုံခြုံရေးနဲ့ကျန်းမာရေးကိစ္စတွေလည်းဆောင်ရွက်ထားပါတယ်’’ပွဲတော်ကျင်းပရေးကော်မတီ၊တောင်ပြုံးစေတီဂေါပကဥက္ကဌ
Yangon_Time/tthl
#Local_News
#Published_ 9 August 2023
#YMG #Yangon_Times
ရေကြီးရေလျှံဖြစ်ပွားနေသည့် ကရင်ပြည်နယ်အတွင်းရှိ ကျောင်းအချို့ ယာယီပိတ်ထား
ကော့ကရိတ်မြို့ပေါ်က စာသင် ကျောင်း (၄) ကျောင်း၊ ကျုံဒိုးမြို့ပေါ်က စာသင်ကျောင်း (၄)ကျောင်းနဲ့ ကျေးရွာတွေက စာသင်ကျောင်း (၃၃)ကျောင်းတို့ဖြစ်ဟုသိရ
Yangon_Time/my
#Local_News
#Published_ 9 August 2023
#YMG #Yangon_Times
ဆော်လမွန်ကျွန်းစုအသင်းကို မြန်မာအသင်း က ၆ဂိုး ၂ဂိုး ဖြင့် အနိုင်ရရှိ
မြန်မာအသင်းနဲ့ ဆော်လမွန်အသင်းတိုဟာ အုပ်စု(က)မှာ ဒုတိယပွဲစဉ်အနေနဲ့ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်
Yangon_Time/my
#Local_News
#Published_ 9 August 2023
#YMG #Yangon_Times
Smartနည်းပညာဖြင့် တောတွင်းကင်းလှည့်ခြင်းများ ဆောင်ရွက်နေ
‘ရေခဲဖုံးလွှမ်းနေတဲ့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊လန်ပိကျွန်းအမျိုးသားဥယျာဉ်၊ အင်းတော်ကြီးကန် စတဲ့ဒေသတွေမှာ တောရိုင်းတိရစ္ဆာန်တွေ၊မုဆိုးတွေနဲ့ တောတွင်းအချက်အလက်ဒေတာတွေကို Smartနည်းပညာ နဲ့ ကင်းလှည့်ထိန်းသိမ်းမှုလမ်းကြောင်းဒေတာအတွက် ဗားရှင်းအမြင့်ကိုအသုံးပြုထိန်းသိမ်းနေပါတယ်’ ဦးကြည်ဦး၊ လန်ပိကျွန်းအမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး
Yangon_Time/tthl
#Local_News
#Published_ 9 August 2023
#YMG #Yangon_Times
သထုံ-ရန်ကုန်လမ်းမကြီးတွင် ရေကြီးပြီး လမ်းပိုင်းပျက်စီးနေ
‘ သထုံ-ရန်ကုန်လမ်းမကြီး ကျုံအိတ်တံတားအကျော်ကနေ ဘီးလင်းသကြားစက်နားအထိ လမ်းပိုင်းထိခိုက်ပျက်စီးမှုတွေရှိနေပြီး ကတ္တရာလမ်းတွေပါ ပျက်စီးနေတဲ့အခြေအနေတွေရှိနေတယ်’’ (အကြင်နာတွဲလက်များလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦး)
Yangon_Time/tthl
#Local_News
#Published_ 9 August 2023
#YMG #Yangon_Times
Published_ 9 August 2023
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြဝတီ-ကော့ကရိတ် ဆက်သွယ်ထားသော အာရှလမ်းမကြီးတွင်မြေပြိုကျမှုဖြစ်စဉ်များဖြစ်ပွားနေခြင်းကြောင့် ယခင် ဒေါနတောင်တက်လမ်းဟောင်းကို ပြန်လည်အသုံးပြုနေရသည်ဟု ဒေသခံကုန်သည်တစ်ဦးက Yangon Times ကိုပြောသည်။
သို့သော် ကုန်တင်ကားကြီးများအားသွားလာခွင့်မပြုသေးဘဲ ကုန်တင်ကားငယ်များ၊ ခရီးသည်တင်ကားငယ်များနှင့်ဆိုင်ကယ်များသာသွားလာနေကြပြီး၊ မိုးရွာသွန်းမှုကြောင့် လမ်းချော်ခြင်း၊ ခရီးနှောင့်နှေးခြင်းများကြုံတွေ့နေရကြောင်း ဆိုသည်။
"ကားလေးတွေနဲ့ဆိုင်ကယ်တွေကိုတော့ စမ်းပြီးသွားခွင့်ပြုနေတယ်။တော်တော်ခက်ခက်ခဲခဲသွားနေရတယ်။ ပရိုဘောက်လို ကားလေးတွေတောင် အခြေအနေမကောင်းဘူး။ တော်တော်ဆိုးတယ်ပြောတယ်။ ဆိုင်ကယ်တောင် နှစ်ယောက်ကိုတစ်သိန်းလောက်တောင်းနေတယ်"ဟု ယင်းလမ်းပိုင်း သွားလာရေးအခြေအနေနှင့်ပတ်သက်၍ ရှင်းပြသည်။
ထို့အပြင် ထိုင်းနယ်စပ်မြို့တစ်ခုဖြစ်သည့် မြဝတီမြို့မှ ပို့ကုန်သွင်းကုန်တင်ပို့ရာတွင် အခက်အခဲဖြစ်နေသော ကုန်သည်များအတွက် ထိုင်းမြန်မာနယ်စပ် မည်သည့် ဂိတ်များကမဆို တင်ပို့ခွင့်ပြုမည့်အပြင် ပင်လယ်ရေကြောင်းကတဆင့် တင်ပို့ခြင်းကိုလည်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြဝတီကုန်သွယ်ရေးဇုန်က ထုတ်ပြန်ထားကြောင်း သိရသည်။
ယခု ဩဂုတ်ဆန်းပိုင်းကစ၍ ယနေ့အထိ ကရင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြစ်ရေ ချောင်းရေမြင့်တက်ခြင်းများဖြစ်ပေါ်ကာ မြေပြိုကျမှုနှင့် လူနေအိမ်များ ရေနစ်မြှပ်အချို့ဖြစ်ပွားနေခြင်းဖြစ်သည်။
ဓာတ်ပုံ CJ
Yangon Times/my
#Local_News
#YMG #Yangon_Times
Page 1242 of 2318