#Local_News
Published 6 July 2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကောက်စိုက်အဖွဲ့တင်ဆောင်လာသည့် ထော်လာဂျီနှင့်အိမ်စီးကားတစ်စီး မျက်နှာချင်းဆိုင်ဝင်တိုက်မိ၍ ထိခိုက်ဒဏ်ရာရရှိသူ (၁၁ )ဦးရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဖြစ်စဥ်မှာ ဇူလိုင်လ ၅ ရက် ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က ပေါင်မြို့နယ် ပန်းကုန်းကျေးရွာ အဝေးပြေးလမ်းမ မြဲသောက်ရေသန့်အနီးတွင် ကောက်စိုက်အဖွဲ့အား တင်ဆောင်လာပြီးပေါင်မြို့နယ်ဘက်မှထွက်ခွာလာသည့် ထော်လာဂျီနှင့် အိမ်စီးကားတို့ မျက်နှာချင်းဆိုင်ဝင်တိုက်၍ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ဟု သိရသည်။
"ကောက်စိုက်အဖွဲ့က ထိခိုက်ဒဏ်ရာရသူများတယ်လို့ သိရတယ်။ လူနာ ၁၁ ဦးလောက်ရှိပြီး လူနာတင်ကား ၄စီးနဲ့တင်သွားပါတယ်။ ၂ဦးက ဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်"ဟု ဒေသခံများထံကသိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများမှာပေါင်ဆေးရုံနှင့် ရင်းငြိမတိုက်နယ်ဆေးရုံတွင်ကုသခံရယူလျက်ရှိကြောင်း သိရသည်။
#Local_News #ထော်လာဂျီနှင့်အိမ်စီးကားတိုက်မိ
#Yangon_Times/BM
#Daily_News
Published_ 5 July 2023
၁။ မိုးရာသီဖြစ်သော်လည်းစီးပွားရေးကိစ္စဖြင့်လာရောက်သည့် တရုတ်ခရီးသွားဝင်ရောက်မှုတိုးနေ
၂။ ရွှေတိဂုံနယ်မြေစိမ်းလန်းစိုပြေစေရန် အပင်ပေါင်း (၃၀၀)ခန့်ထပ်မံစိုက်ပျိုး
၃။ အာဆီယံအမျိုးသမီး ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် မြန်မာဒိုင်လူကြီးလေးဦး တာဝန်ပေးအပ်ခံရ
၄။ တရုတ်နိုင်ငံမှ စွမ်းအင်သစ်ယာဉ်ထုတ်လုပ်မှု အစီးရေသန်း(၂၀)ပြည့်မြောက်ခဲ့ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
‘လက်ရှိအချိန်မှာတော့ အလှူငွေရံပုံငွေက ကျပ်သိန်း(၅၀၀)ကျော်ရရှိခဲ့ပြီဖြစ်ပေမယ့်လည်း အလှူငွေပမာဏမပြည့်သေးလိုအကူအညီထပ်မံအကူအညီတောင်းခံတာပါ’အကျဉ်းကျခံနေရသည့်
သင်္ဘောသားရန်နောင်ဖြိုး၏မိခင်
#Local_News
Published 5 July 2023
#အကျဉ်းကျခံနေသည့်မြန်မာသင်္ဘောသားနှစ်ဦး
#tthl #Yangon_Time #YMG
မြန်မာစာ (၇၆ )မှတ်၊ သင်္ချာ (၉၇)မှတ်၊ ဓာတုဗေဒ(၉၅)မှတ်၊ ရူပဗေဒ(၉၅)မှတ်၊ဇီဝဗေဒ(၉၈)မှတ်တို့ အသီးသီးရရှိ
#Local_News
Published 5 July 2023
#ငါးဘာသာဂုဏ်ထူးရှင်ကျောင်းသား
YMG/my #Yangon_Time #YMG
ဒိုင်ကြီးကြပ်အဖြစ် ဦးလှမင်း၊ ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဒေါ်ဇင်မာဦး၊ အကူဒိုင်လူကြီးများအဖြစ် ဒေါ်ဂေးပလောင်နဲ့ ဒေါ်ဝင့်ဝါထွန်းတို့ဖြစ်
#Local_News
Published 5 July 2023
#အာဆီယံအမျိုးသမီးယူ-၁၉
Ymg/myn #Yangon_Time #YMG
#Local_News
Published -5 July 2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်တောင်ကျေးရွာတွင် ထင်းတင်ကုန်တင်ကား ရထားလမ်းကူး မောင်းတံကို ဝင်တိုက်ပြီးခဲ့ပြီး ယာဉ်မောင်းဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဇူလိုင် ၅ ရက် နေ့လယ် ၁၂ နာရီအချိန်ဝန်းကျင်ခန့်တွင် မော်လမြိုင်ဘက်မှ သထုံဘက်သို့ မောင်းနှင်လာသည့် ထင်းတင်ကုန်တင်ကားသည် ရင်ငြိမ်းတောင်ကျေးရွာ ရထားလမ်းကူးတွင် အရှိန်မထိန်းနိုင်ဘဲ မောင်းတံကိုဝင်တိုက်ခဲ့ကြောင်းယာဉ်မောင်းဖြစ်သူမှာ ကားခေါင်းခန်းတွင် ညှပ်မိနေသောကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ကယ်ထုတ်ခဲ့ရပြီး ခြေထောက်နှစ်ဖက်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
"မောင်းတံကို အရှိန်မထိန်းနိုင်ဘဲ လမ်းဘယ်ဘက်အခြမ်းက အိမ်၂လုံးကြား ရောက်ရှိသွားပါတယ်။ ဘေးက အိမ်ကို ဝင်တိုက်ပြီးမှ ရပ်သွားတာ"ဟုဒေသခံတစ်ဦးက ဆိုသည်။
နေအိမ်တွင်နေထိုင်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။
#Local_News #ရထားလမ်းကူးမောင်းတံဝင်တိုက်မိ၍ ယာဉ်မောင်းဒဏ်ရာရ
#Yangon_Times/BM
‘ရွှေတိဂုံစေတီတော်နယ်မြေအတွင်း စိမ်းလန်းစိုပြေစေဖို့ အခုနှစ် ၂၀၂၃ ခုနှစ် မိုးရာသီကာလမှာ ကျွန်းပင်၊ပျဉ်းကတိုးပင်၊ ပျဉ်းမနားပင်၊ကံကော်ပင်၊ ထိုင်ဝမ်ဗန်ဒါပင်အပါအဝင် အပင်ပေါင်း(၃၀၀)ခန့် ထပ်မံစိုက်ပျိုးခဲ့တယ်။’ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့
#Local_News
Published 5 July 2023
#အပင်ပေါင်း(၃၀၀)ခန့်စိုက်ပျိုး
#tthl #Yangon_Time #YMG
Page 1098 of 2113