ဂီတသမားများစုစည်းပြီးမြန်မာနိုင်ငံဂီတနေ့ကျင်းပ
‘မြန်မာနိုင်ငံ ဂီတနေ့အခမ်းအနားကို ကျင်းပလာတာဟာ အခုဆိုရင်(၁၀)နှစ်ရှိပြီ။ မိုခါမုန်တိုင်းဘေး သင့်သူတွေအတွက် အနုပညာအင်အားတွေစုစည်းပြီး ရံပုံငွေဖျော်ဖြေပွဲနဲ့ ရံပုံငွေဘောလုံးပွဲတွေကို ဦးစားပေးခဲ့လို့ မြန်မာနိုင်ငံဂီတနေ့ကို အကျဉ်းချုံးပြီးတော့ပဲ ကျင်းပဖြစ်ပါတယ်’ မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌဦးလွင်မြင့်
#Yangon_Time / tthl
#Local_News
#Published_ 27 June 2023
#မြန်မာနိုင်ငံဂီတနေ့ #အခမ်းအနားကျင်းပ
#YMG #Yangon_Time
ဂျပန်မှ ယန်း(၉)သိန်းဖိုးတန်ဖိုးရှိဆေးဝါးများလှူဒါန်း
‘သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်အတွက် ဆေးဝါးဆိုင်ရာထောက်ပံ့ပစ္စည်းတွေလှူဒါန်းတာ၊ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲနဲ့ပတ်သက်တဲ့ကျန်းမာရေးပညာပေးစာအုပ်တာတွေလှူဒါန်းပေးအပ်တာတွေဆောင်ရွက်ခဲ့’ (မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန)
ymg/tthl
#Local_News
#Published_ 27 June 2023
#သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် #ဂျပန်မှဆေးဝါးထောက်ပံ့
#YMG #Yangon_Time
Published_ 27 June 2023
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီးပေါ်တွင် ယနေ့ ဇွန် (၂၇) ရက် နံနက်ပိုင်းက လူငယ်အရွယ်အမျိုးသား၁ဦး ဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
ဇွန်လ၂၇ရက် နံနက်၅နာရီ၂၀မိနစ်က သာကေတမြို့နယ် ရှုခင်းသာ လမ်းမကြီး ခိုင်ရွှေဝါနှင့် ဓမ္မာရုံမှတ်တိုင်အနီးတွင် အသက်(၂၀)အရွယ်ဝန်းကျင်ခန့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာများဖြင့်လဲကျသေဆုံးနေကြောင်းသိရသည်။
" အသက်၂၀ ဝန်းကျင်လောက်ပဲရှိသေးမှာပါ။လဲကျသေဆုံးနေတဲ့ နေရာမှာ သွေးတွေ အများကြီးပဲ"ဟု လူမှုကူညီရေးအသင်းကဆိုသည်။
အဆိုပါအမျိုးသား၏ရုပ်အလောင်းကို အောင်နိုင်သူ လူမှုကူညီရေး အသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ပေးခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူသာကေတမြို့နယ်လူမှုကူညီရေးအသင်းကသိရသည်။
Yangon-Times/BM
#Local_News
#ဒဏ်ရာများဖြင့်လဲကျသေဆုံးနေသူး #အမျိုးသားငယ်၁ဦး
#YMG #Yangon_Time
#Daily_News
Published_ 26 June 2023
၁။ မြန်မာသင်္ဘောသားများ လုပ်ငန်းခွင်၌သေဆုံးပါက သတ်မှတ်လျော်ကြေးမရတာလို့ ဖြေရှင်းပေးရတဲ့ဖြစ်စဉ်များ များပြားနေ
၂။ ရန်ကုန်၊ရခိုင်နှင့် ဒေသအချို့ ၌ မိုးကြီး၊ရေလျှံမည်
၃။ ရန်ကုန်-ဒလ အိမ်ခြံမြေဈေးကွက် သုံးဆနီးပါးအထိ မြင့်တက်လာ
၄။ အင်ဒိုနီးရှားတွင် တစ်တော့တိုက်ရိုက် ထုတ်လွှင့်ရောင်းချခြင်းအတွက် ရင်းနှီးမြှုပ်နှံမှုများပြားလာ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
ပိတ်စဈေးလျှော့ပြီး မရောင်းပေး၍ သင်္ကန်းဈေးနှုန်းများတက်နေ
‘သင်္ကန်းတွေ ဈေးတက်နေပါတယ်။ အချို့ဆို မဝယ်နိုင်တော့ဘူး။ အရင်ဈေးနဲ့ပိတ်စတွေဝယ်ပြီး
သိုလှောင်ထားတဲ့သူတွေအနေနဲ့ ကုသိုလ်ယူတဲ့အနေနဲ့ ဝါတွင်းကာလမှာအရင်ဈေးအတိုင်းပဲ သင်္ကန်းတိုက်တွေကို
ပိတ်စတွေ ရောင်းချပေးစေချင်တယ်’ သင်္ကန်းတိုက်ပိုင်ရှင်လုပ်ငန်းရှင်
#ymg/tthl
#Local_News
#Published_ 26 June 2023
#Yangon_Time
စားအုန်းဆီလက္ကားစျေး တစ်ပိဿာကို ၄၀၁၀ကျပ် သတ်မှတ်ထားပြီး ဆီကုန်သည်အသင်းက ၄၂၀၀ကျပ်နဲ့ လူနေရပ်ကွက်များ၌ ရောင်းချပေးနေ
ဇွန်လ ၂၆ ဂျူလိူင် ၇ ရက်နေ့အထိ တစ်ပိဿာကို လက္ကားစျေး ၄၀၁၀ ကျပ် ရည်ညွှန်းသတ်မှတ်ထားကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ ထုတ်ပြန်ထားပါတယ်။
#Local_News
#Published_ 26 June 2023
#ymg /ynzw
#Yangon_Time
Published_ 26 June 2023
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခေတ်မီစက်ပစ္စည်းကိရိယာများတပ်ဆင်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်၊သယ်ဆောင်၊ ရောင်းဝယ်ခြင်းကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ဆောင်ရွက်သွားမည့်အကြောင်းကို ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ထံမှပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အကောက်ခွန်ဦးစီးဌာနတို့ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် နေသည်ဟုဆိုသည်။
နိုင်ငံတော်အနေနဲ့ အသစ်ပေါ်ပေါက်လာသည့်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများကို ဥပဒေနှင့် အညီအမိန့်ကြေညာစာထုတ်ပြန်ကာထိန်းချုပ်သွားမည်ဖြစ်သလို တိုးတက်ခေတ်မီသည့် မူးယစ်ဆေးဝါးရှာဖွေသည့်ကိရိယာများ၊မူးယစ်ဆေးဝါးမူခင်းဆိုင်ရာများကို ဖော်ထုတ်သည့်ပစ္စည်းကိရိယာများ၊နည်းပညာအသုံးပြုလျက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းခြင်းလုပ်ငန်းများကိုအားသွန်ခွန်စိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
#Tthl #Local News
#အသစ်ပေါ်လာသည့်မူးယစ်ဆေးဝါးများ #နည်းပညာများသုံးပြီးတားဆီးနှိမ်နင်းမည်
#YMG #Yangon_Time
Page 1041 of 2045