#LocalNews
Published_16 May 2022
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး ကျောက်လုံးတော်ကြီးအား ယနေ့ မေလ ၁၆ ရက် နံနက် ၂ နာရီခန့် မိုးကြိုးအနည်းခ(စက်ကွင်း) မိသွားကြောင်း စေတီတော် ဂေါပကအဖွဲ့က YMG ကို ပြောသည်။
"ဒီနေ့ မနက်ပိုင်းပေါ့။ ၂ နာရီလောက်က မိုးသည်းသည်းထန်ထန်ရွာတယ်။ အဲအချိန်မှာ မိုးကြိုးစက်ကွင်း မလွတ်တာပေါ့။ ရွှေသင်္ကန်းနည်းနည်း ကွာကျသွားတယ်။ ဂေါပကအဖွဲ့က အခု သွားပြီးတော့ စစ်ဆေးနေကြပြီ၊ ဘာမှတော့ အများကြီးမဖြစ်ဘူး"ဟု ဂေါပက အဖွဲ့ဝင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ခေလ ၁၅ ရက် ညပိုင်းကလည်း စမတောင်နှင့် ဝိဇ္ဇာတောင်ကြားရှိ လျှိုထဲသို့ မိုးကြိုးပစ်ချလိုက်သောကြောင့် စေတီတော်တွင် ကပ်လှူထားသည့် အလေးချိန် ၇၂ ကျပ်သားခန့်ရှိ ရွှေသင်္ကန်းအချို့ကွာကျခဲ့ကာ ကျိုက်ထီးရိုးဘုရားအဝင်အနီးရှိ ကျောက်သမံစေတီ အနီးခြေနင်းကျောက်ပြား အနည်းငယ်ပျက်စီးခဲ့သေးသည့် ဖြစ်စဉ်ရှိခဲ့ဖူးသည်။
"လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ပြီး မိုးကြိုးခတာ ဒါနဲ့ဆိုရင် နှစ်ကြိရှိပြီ။ မိုးကြိုးပစ်တာကြောင့် ကျောက်လုံးတော်ကြီး တုန်သွားတဲ့အတွက် ရွှေသရိုးဖတ်တွေ ကွာကျသွားတာပေါ့။ အများကြီး ဖြစ်တာမဟုတ်ဘူး။ ကျောက်လုံးတော်ကြီးပတ်လည်မှာ ကွာကျတဲ့ ရွှေသရိုးဖတ် ၄၀ ကျပ်သားလောက်ရတယ်လို့ ကြားပါတယ်။ အမှိုက်ရောရာ ရွှေမှုန်ရွှေစတွေက ၂၄ကျပ်သားလို့ သိရတယ်"ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။
ယင်းအပြင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၅ ရက်၊ ညနေ ၆ နာရီ ခွဲခန့်က ကျိုက်ထီးရိုးတောင်ပေါ် ရင်ပြင်တော်စခန်းရှိ မုဆိုးတောင်စေတီတော် မိုးကြိုးခမှုဖြစ်ပွားခဲ့သေးကြောင်း၊ ၂၀၁၅ ခုနှစ်တွင်လည်း စေတီတော်ကျောက်လုံးတော်ကြီး မိုးကြိုးကြောင့် ရွှေသင်္ကန်း ၇ ပိဿာကျော် ကွာကျခဲ့ဖူးကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 16 May 2022
မေ ၁၆ ရက် ဒီကနေ့မှစ၍ မြန်မာနိုင်ငံသားများဘဏ် (MCB)က အကောင့်ဟောင်းများမှ Online Booking ဖြင့် တိုကင်ရယူရန် မလိုတော့ဘဲ ငွေထုတ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။
တိုကင်ရယူရန်မလိုတော့ဘဲ ငွေထုတ်ယူနိုင်မယ့် အစီအစဉ်မှာ ၁ ပတ်လျှင် Personal Account တစ်ခုလျှင် ၃ သိန်းကျပ်၊ Company Account တစ်ခုလျှင် ၃၀ သိန်းဖြစ်ကြောင်း MCB က အသိပေးထားပါတယ်။
မေ ၁၆ ရက်မှ စတင်ကာ CBM Net ဖြင့် Account Transfer ပြုလုပ်သော အကောင့်များ မပါဝင်ကြောင်း သိရပြီး တိုကင်ရယူရန်မလိုတော့ဘဲ ငွေထုတ်ယူမှုကို ဖွင့်လှစ်ထားတဲ့ MCB ဘဏ်ခွဲတိုင်းမှာ ဆောင်ရွက်နိုင်တယ်လို ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 14 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က စာရေးဆရာအကြီးကိုကို (ကသာ) နှင့်အတူ
_ ဆရာအကြီးကိုကို (ကသာ) ရဲ့ ထွက်ရှိထားတဲ့ စာအုပ်များအကြောင်းနဲ့ စာရေးဆရာဖြစ်လာပုံများ။
_ ဆရာရဲ့ အကြီးကိုကို(ကသာ)စာကြည့်တိုက် များတည်ထောင်ဖြစ်ဖို့ပုံအကြောင်းများ။
_ ဆရာအကြီးကိုကို(ကသာ) ရဲ့ လစဉ် အမေကိုကန်တော့ဖြစ်တဲ့အကြောင်းများ" စတဲ့ စိတ်၀င်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 14 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က စာရေးဆရာအကြီးကိုကို (ကသာ) နှင့်အတူ
_ ဆရာအကြီးကိုကို (ကသာ) ရဲ့ ထွက်ရှိထားတဲ့ စာအုပ်များအကြောင်းနဲ့ စာရေးဆရာဖြစ်လာပုံများ။
_ ဆရာရဲ့ အကြီးကိုကို(ကသာ)စာကြည့်တိုက် များတည်ထောင်ဖြစ်ဖို့ပုံအကြောင်းများ။
_ ဆရာအကြီးကိုကို(ကသာ) ရဲ့ လစဉ် အမေကိုကန်တော့ဖြစ်တဲ့အကြောင်းများ" စတဲ့ စိတ်၀င်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published - 15-5-2022
မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းက စင်ကာပူအမျိုးသမီးဘောလုံးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားသည်။
ယင်းကြောင့် ရမှတ် ၇ မှတ်ဖြင့် အကြို ဗိုလ်လုပွဲကို တက်ရောက်သွားပြီဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရာတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး နောက်တစ်ဆင့် တက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
ယနေ့ ညနေ ၆ နာရီ ခွဲ အချိန်တွင်ကစားမည့် ထိုင်းအသင်းနှင့် လာအိုအသင်းတို့၏ ရလဒ်ကိုလည်းစောင့်ကြည့်ရဦးမည်ဖြစ်သည်။
ymg-mt
#Yangon_Media_Group
#TV Yangon Times Mattersအစီအစဉ်
Published - 14 May 2022
အစီအစဉ်တင်ဆက်သူ ဆရာဟိန်းလတ်က စာရေးဆရာအကြီးကိုကို (ကသာ) နှင့်အတူ
_ ဆရာအကြီးကိုကို (ကသာ) ရဲ့ ထွက်ရှိထားတဲ့ စာအုပ်များအကြောင်းနဲ့ စာရေးဆရာဖြစ်လာပုံများ။
_ ဆရာရဲ့ အကြီးကိုကို(ကသာ)စာကြည့်တိုက် များတည်ထောင်ဖြစ်ဖို့ပုံအကြောင်းများ။
_ ဆရာအကြီးကိုကို(ကသာ) ရဲ့ လစဉ် အမေကိုကန်တော့ဖြစ်တဲ့အကြောင်းများ" စတဲ့ စိတ်၀င်စားဖွယ် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 15 May 2022
ကိုဗစ်-၁၉ ကပ်ရောဂါအလွန် နှစ်နိုင်ငံပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး H.E. Anutin Charnvirakul နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
မြန်မာ-ထိုင်း နယ်စပ်ဒေသကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သတင်းအချက်အလက်များဖလှယ်ရေး၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း အောက်ဆီဂျင် အခက်အခဲဖြစ်နေချိန်၌ နယ်စပ်ဒေသများမှတစ်ဆင့် Liquid Oxygen နှင့် Oxygen Tanks များ ရရှိရေးကူးညီဆောင်ရွက်ပေးခဲ့ခြင်းနှင့် မကြာသေးမီကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca (၁) သန်း Doses မြန်မာနိုင်ငံသို့လှူဒါန်းခဲ့မှုနှင့် RT PCR ဓါတ်ခွဲပစ္စည်းများ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ လှူဒါန်းပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံ၌ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး လုပ်ငန်းစဉ်များတွင် ပြည်သူများငွေကြေးကုန်ကျမှု သက်သာစေရေးအတွက် ထိုင်းနိုင်ငံ၏ အတွေ့အကြုံများကို လေ့လာနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ထို့ပြင် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုကိစ္စ၊ ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်မံလှူဒါန်းလို့သည့် ကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
Page 2131 of 2314