#Local_News
Published _ 29 July 2022

 

တောင်ကိုရီးယားနိုင်ငံသို့ သုံးလအတွင်း မြန်မာအလုပ်သမား ၂၂၆၆ ဦးကို တရားဝင် စေလွှတ်ထားသည်ဟု ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။

 

မေလ ၃ ရက်မှ ဇူလိုင်လ ၂၈ ရက်အထိ မြန်မာအလုပ်သမား စုစုပေါင်း ၂၂၆၆ ဦး တရားဝင် စေလွှတ်ထားပြီး အဆိုပါ အလုပ်သမားများသည် Re-entry အလုပ်သမားများ အပါအဝင် ကုန်ထုတ်လုပ်ငန်း ၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် လုပ်ငန်းခွင်များ၌ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြောင်း သိရသည်။

 

တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား စေလွှတ်ခြင်းကို ကိုဗစ်ကပ်ရောဂါများကြောင့် ၂၀၂၀ ခုနှစ် ဇွန်လမှစ၍ ပိတ်ထားခဲ့ရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်စေလွှတ်ခဲ့သည်ဟု သိရသည်။

 

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများသည် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော Overseas Worker Identification Card- OWIC ကတ် ပါရှိမှသာလျှင် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်မည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

အလုပ်သမားဝန်ကြီးဌာနသည် ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် ( Overseas Worker Identification Card- OWIC ) ကို သက်တမ်း ၅ နှစ်ဖြင့် ထုတ်ပေးလျက်ရှိရာ သက်တမ်း ၅ နှစ်အတွင်း ခွင့်ဖြင့်ပြန်လာ၍ ပြန်လည်ထွက်ခွာမည်ဆိုပါက အဆိုပါ OWIC ကို ဆက်လက်ကိုင်ဆောင်၍ ပြည်ဝင်၊ ပြည်ထွက်များ အသုံးပြုနိုင်သည်ဟု သိရသည်။

 

ymg/NN
#Yangon_Media_Group