#Local_News
Published_14 July 2022
လာမယ့် နေကြာစိုက်ရာသီမှာ နေကြာစိုက်ပျိုးတဲ့ ဧကတိုးပြီးတော့ စိုက်ပျိုးသွားဖို့ ရှိနေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 14 July 2022
ကမ္ဘာ့ရွှေဈေးကျဆင်းနေပေမဲ့ ပြည်တွင်းရွှေဈေးနှုန်းဟာ ဓာတ်ဆီ၊ ဒီဇယ်ဈေးမြင့်တက်နေတဲ့အတွက် ဈေးအကျနှေးနေတာဖြစ်တယ်လို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 14 July 2022
၁။ ဓာတ်ဆီ၊ ဒီဇယ်ဈေးမြင့်တက်လာသည့်အတွက် ပြည်တွင်းရွှေဈေးအကျနှေးနေဟုဆို
၂။ ယခုနှစ်တွင် နေကြာစိုက်ပျိုးမှုတိုးမြှင့်မည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကေပေါ့ပ်လောက ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်ရန် ကမ္ဘာ့နေရာအနှံအပြားမှအရည်အသွေးရှိ လူငယ်များအား ရှာဖွေစုဆောင်းလျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_14 July 2022
မြန်မာနိုင်ငံတဝှမ်းတွင် ဇူလိုင်လ ၄ ရက်ထိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူ အသစ် ၇၆၉၄၀၀ ဦးအပါအဝင် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူဦးရေ ၁၁၁၆၀၀၀ ဦးခန့်ရှိပြီဖြစ်ကြောင်း UNHCR မှ ထုတ်ပြန်လိုက်သည်။
UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများက အရှေ့တောင်ပိုင်းဒေသရှိ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) တို့တွင် လူဦးရေ ၁၄၀၀၀ အတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေကူညီခဲ့ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် ကယားပြည်နယ်တို့ရှိလူဦးရေ ၈၅၀ ဦးထံ အမိုးအကာများဆောက်လုပ်ရန် CGI သွပ်ပြားများထောက်ပံ့ပေးအပ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ကယားပြည်နယ်တွင် မြေမြှုပ်မိုင်းနှင့်ပတ်သက်သည့်ဖြစ်စဉ်များကို သိရသည့်အတွက် UNHCR အနေဖြင့် UNICEF နှင့် ပူးပေါင်း၍ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒါဏ်ရာရရှိပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် အသိပညာပေးခြင်းကို တိုးမြှင့်လုပ်ဆောင်ရန်ရည်ရွယ်၍ နေရပ်စွန့်ခွာပြည်သူများအား မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်ပေါင်း ၇၅၀ ကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၆၃၀၀ ဦးထံ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ ဆက်လက်ဖြန့်ဝေလျက်ရှိကြောင်း၊ မုတ်သုံရာသီကာလဖြစ်သောကြောင့် နေရပ်စွန့်ခွာ စခန်းများနှင့်နေရပ်စွန့်ခွာနေရာများရှိ လူဦးရေပေါင်း ၁၉၇၅၀ ဦးခန့်အတွက်အရေးပေါ် နေအိမ်အမိုးအကာဆိုင်ရာများလည်း ထောက်ပံ့ကူညီမှုများရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် အမိုးအကာဆိုင်ရာဆက်စပ်ပစ္စည်းများကို AA နေရပ်စွန့်ခွာသူများနေထိုင်ရာစခန်းများရှိ လူဦးရေ ၅၀၀၀ ခန့်ထံ ဖြန့်ဝေရန်စီစဉ်လျက်ရှိကြောင်း၊ COVID-19 ရောဂါကာကွယ်တုံပြန်မှု အစီအစဉ်အရ UNHCR နှင့် မိတ်ဖက်အဖွဲအစည်းများက လူဦးရေ ၃ ၄၀၀ ဦးထံ PPE ဝတ်စုံများပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများရောက်ရှိနိုင်ရန်ကန့်သတ်ချက်များ ဆက်လက်ဖြစ်ပေါ် နေပြီး၊ အထူးသဖြင့်နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများနေထိုင်ရာနေရာများရှိ အိမ်ထောင်စု ၁၄၀၀ မှာ အခက်အခဲများ ဖြစ်ပေါ်နေကြောင်းလည်း သိရသည်။
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လက်ရှိနေအိမ်အမိုးအကာများ ပြုပြင်ထိန်းသိမ်းရန်နှင့် မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးသွားသည့်နေအိမ်အမိုးအကာများပြန်လည်တည်ဆောက်ရန်အတွက် CGIသွပ်ပြား အချပ် ၂၇၀အား ပံ့ပိုးခဲ့သည့်အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နေရပ်စွန့်ခွာ ၁၀ ခုရှိ နေရပ်စွန့်ခွာ နေထိုင်နေရသူ ၃၂၇၅ ဦးကိုလည်း ဆိုလာမီးအိမ်များပေးခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_14July 2022
မြန်မာ့စာပေသမိုင်း၏ အထင်ကရ အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာကြီး မောင်သာနိုး၏ ဈာပနကို ယနေ့ ဇူလိုင်လ ၁၄ ရက်တွင်ရေဝေးသုဿာန်၌ ပြုလုပ်ပြီး မီးသင်္ဂြိုလ်ပြီးစီးခဲ့ပြီဖြစ်သည်။
ယင်း၏ ဈာပနသို့ စာပေလောကသားများက ဝမ်းနည်းကြောင်း ပန်းခြင်းများပေးပိုခြင်း၊လိုက်ပါပိုဆောင်ခြင်းများပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။
ဆရာကြီးသည် ကွယ်လွန်စဉ်တွင် အသက် ၈၈ နှစ်ရှိပြီဖြစ်ပြီး ဇူလိုင်လ ၁၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်အချိန်က ရွှေဂုံတိုင်(SSC) ဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
စာရေးဆရာကြီး မောင်သာနိုးသည် စစ်ကိုင်းဇာတိဖြစ်ပြီး မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် စာပေသင်ကြားကာ မြန်မာစာဖြင့် မဟာဝိဇ္ဇာဘွဲရခဲ့ကာ၁၉၆၈ ခုနှစ်တွင် ခေတ်ပေါ်နိုင်ငံတကာကဗျာများကို ဘာသာပြန်၍ ထင်းရှူးပင်ရိပ် အမည်ဖြင့် မြန်မာစာ ဖတ်ပရိတ်သတ်များအားမိတ်ဆက်ပေးခဲ့သူလည်းဖြစ်သည်။
"သိဒ္ဓတ္တ မာန်ဝင့် ခေါင်းကို အသာဆွဲချ ၊လည်ဝင်းဝင်းကို ပွတ်သပ်ပေးပြီး 'ငြိမ်း’ တော့၊ ကဏ္ဍကဖြူ ၊ ငြိမ် ၊ မြင်းသည်တော် စီးဖူးသမျှအဝေးဆုံးခရီးမှာ ငါ့ကို ခု သယ်ဆောင်တော့။ ကနေ့ည သစ္စာရှာဖို ငါ မြင်းစီးမယ်။ ရှာပုံတော် ဘယ်မှာ ဆုံးမယ် ငါ မသိဘူး။မတွေ့မချင်း လမ်း မဆုံးမှာ တစ်ခုပဲ ငါ သိရဲ့။ ဒီတော့၊ မြင်းကောင်း ။ ကနေ့ည စွမ်းစေ၊ ရဲစေ၊ဓားသွားတစ်ထောင်က လမ်းမပေး ဆိုစေဦးတော့၊ မတန့်လေနဲ့၊ ဘယ်တံတိုင်း ဘယ်ကျုံးကမှ ငါတို့ခရီးကို မတားစေနဲ့” ဟူသော စာပိုဒ်ပါ
ဆာအက်ဒွင်အန်းလ်ဒ် (Sir Edwin Arnold )၏ "အာရှတိုက်၏အလင်းရောင်" မဟာကဗျာမှာ ဆရာကြီး၏ ဘာသာပြန်လက်ကောင်းဖြစ်ကြောင်းနှင့် စာပေလောကအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း ကဗျာတစ်ပိုင်းတစ်စ ကောက်နှုတ်ကာ တိုးမြစ်စာအုပ်တိုက်က ဝမ်းနည်းစကားဆိုထားသည်။
ယင်းအပြင် ဆရာကြီး၏ ဘာသာပြန်ဆိုမှုတွင် တောမှော်ရုံလမ်း၊ ဗမာစာဗမာစကား၊ ထင်းရှုးပင်ရိပ်၊ အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ်၊ ဘာသာပြန်လက်တွေ့ (၁-၂)၊ ဟိုက္ကူကဗျာ ခရီးသည်၊ ဆိုဖီရဲ့ကမ္ဘာတို့မှာ အောင်မြင်ထင်ရှားကာ ဘာသာပြန်ကဗျာများသာမက ဘာသာဗေဒဆိုင်ရာများကို ရေးသားခဲ့ပြီး အင်္ဂလိပ်စာလေ့လာသည့် ကျောင်းသားများအတွက် ENGLISH THE EASY WAY၊ENGLISH GRAMMAM FOR ALL စာအုပ်များကို ရေးသားခဲ့သူဖြစ်သည်။
၂၀၁၆ ခုနှစ် အမျိုးသားစာပေ တသက်တာဆုချီးမြှင့်ခံခဲ့ရပြီး မကွယ်လွန်မီ နောက်ပိုင်းနှစ်များတွင် ဆရာကြီးအနေဖြင့် မှီငြမ်းသည့် ပဠိနှင့် ပတ်သက်သော အဘိဓာန်များ၊ ဘာသာ ရေးစာအုပ်များကို သံဃာတို့အတွက် ပညာဒါနအဖြစ် လှူဒါန်းခဲ့ကြောင်း သိရသည်။


ymg/mt
#Yangon_Media_Group
#Local_News
Published _ 14 June 2022
ထိုင်းနိုင်ငံတွင် ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေ ၂၈ ဦးအထိ မြင့်တက်လာခဲ့ပြီး စင်ကာပူနိုင်ငံမှာ လည်း ၃ ဦးသေဆုံးခဲ့ကာ တစ်ရက်တည်း ကူးစက်သူ ဦးရေ တစ်သောင်းခွဲကျော်ထိရှိလာကြောင်း ဒေသတွင်းထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ဦးရေ ၂၈ ဦးအထိ မြင့်တက်လာပြီး အာဆီယံတွင် စင်ကာပူနိုင်ငံ၌ သေဆုံးသူ ဦးရေ ၃ ဦးရှိခဲ့ကြောင်း သိရသည်။
ထိုင်းမှာ ယမန်နေ့က သေဆုံးသူဦးရေဟာ ၂၅ ဦးဘဲ ရှိရာမှ ယနေ့ ဇူလိုင်လ ၁၄ ရက်မှာ သေဆုံးသူဦးရေ ၂၈ ဦးအထိ မြင့်တက်သွားပြီး ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံများမှာ ဗိုင်းရပ်စ်ပိုးတွေ့အတည်ပြုလူနာ နေ့စဥ် ထောင်ချီရှိနေကြောင်း သိရသည်။
ဗိုင်းရပ်စ်ကူးစက်မှုဟာ ပြီးခဲ့သည့် ရက်များနှင့်နှိင်းယှဥ်လျင် နှစ်နိုင်ငံလုံး၌ ကူးစက်နှုန်းသိသိသာသာ မြင့်တက်လာပြီး မြန်မာနိုင်ငံ၌ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်အတည် ပြုလူနာသစ် ဦးရေ ၁၃ ဦးရှိကြောင်း ကျန်း မာရေး၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရက်စ်မျိုးကွဲ အိုမီခရွန်ရဲ့ မျိုးဇီဗကွဲဖြစ်တဲ့ BA.4 နဲ့ BA.5 တိုကို ပြည်ပမှ ပြန်လာသူများတွင် တွေ့ရှိထားကြောင်းလည်း ယင်းဌာနမှ ထုတ်ပြန်ထားရှိသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 14 July 2022
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း၌ မြို့နယ် (၇)မြို့နယ်ရှိ ရေသုံးစွဲသူများအနေဖြင့် ရေခွန်ပေးဆောင်ရမည့် အခွန်အခကို အွန်လိုင်းမှတဆင့် ပေးဆောင်နိုင် ပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ မြို့နယ်များမှာ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များ ပါဝင်ကြောင်း သိရသည်။
အွန်လိုင်းမှတဆင့် ရေသုံးစွဲသူပြည်သူများအနေဖြင့် ရေဖိုးရေခပြေစာများအား My City Application ကိုအသုံးပြု၍ AYA Pay, CB Pay, KBZ Pay, UAB Bank-Sai Sai Pay, AGD Bank-One Pay, Wave Money, Mytel, OK$ တို့မှ ပေးဆောင်နိုင်ကြောင်း ဖော်ပြထားသည်။
ရန်ကုန်မြို့သို့ လှော်ကား၊ ဖူးကြီး၊ ဂျိုးဖြူ ရေလှောင်ကန်၊ ငမိုးရိပ်ဆည်၊ လဂွန်းပြင် ဆည်နှင့် မြေအောက်ရေ ပေးဝေရေးစခန်းများမှ နေ့စဉ် ရေဂါလန် သန်း ၂၂ဝ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ယင်းအပြင်တိုးတက်လာသည့် လူဦးရေနှင့်ကိုက်ညီမှုရှိစေရန်အတွက်လည်း ရေပေးဝေရေးစီမံကိန်းများကို တိုးချဲ့လုပ်ဆောင်လျက်ရှိရာ Downtown Area အပြင် မြို့နယ် ၁၄ မြို့နယ်ကိုပါ ရေအပြည့်အဝပေးဝေသွားနိုင်မည့် ကုက္ကိုဝရေပေးဝေရေးစီမံကိန်းကို JICA ODA Loan ဖြင့် အကောင်အထည်ဖော်နေပြီး လာမည့် ၂ဝ၂၅ ခုနှစ်တွင် စီမံကိန်းပြီးစီးရန်ရည်ရွယ်ထားကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1990 of 2314