#MyanmarNews
Published 28 June 2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ဝမ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား အမျိုးသမီး စုစုပေါင်း ( ၂၁၁)ဦးကို မြန်မာတာဝန်ရှိသူများက ယမန်နေ့ကလက်ခံခဲ့ကြပါတယ်။

အဆိုပါနေရပ်ပြန်များကို လာအိုနိုင်ငံ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးပြီးသူ( ၁၆၆ )ဦးအား ကျန်းမာရေးဝန်ထမ်းများက Taskit ဖြင့် စစ်ဆေးခဲ့ရာတွင် ရောဂါပိုးကူးစက်မှု မရှိကြောင်း သိရှိရသဖြင့် မိမိနေရပ်သို့ မော်တော်ယာဥ်ဖြင့်နေ့ချင်း ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း၊ကာကွယ်ဆေးထိုးလက်မှတ်မရှိသူ ( ၄၅) ဦးကို စံလင်းဖြိုး Quarantine Center တွင်( ၃)ရက်ထားရှိပြီး ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီးမှာသာ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ရွေ့ပြောင်းမြန်မာအလုပ်သမားများကို မြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများက လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နေရပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။
Ymg/ys-tcl
#Yangon_Media_Group
#Local_News
Published _ 28 June 2022
ပြည်တွင်း၌ လက်ကျန်သကြားနည်းလာခြင်းကြောင့် သကြားစက်ရုံကြီး အချို့တွင် သကြားရောင်းချမှုကို ထိန်းသိမ်းရောင်းချနေရသည့်အတွက် သကြားဈေး မြင့်တက်နေလျက်ရှိကြောင်း သိရသည်။
လက်ရှိ မိုးအဝင်ကာလတွင် သကြားဈေးကွက်နှစ်စဉ်အေးသည့် ရာသီဖြစ်သော်လည်း ဒေါ်လာဈေး မြင့်တက်နေသည့်အတွက် ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါကအတက်ဈေးတွင်ရှိနေခြင်းဖြစ်ကြောင်း ဈေးကွက်မှတစ်ဆင့် သိရသည်။
ပြီးခဲ့သည့်နှစ်များက သကြားဈေးသည် တစ်ပိဿာလျှင် အများဆုံး ၉၀၀ ခန့်သာရှိခဲ့သော်လည်း လက်ရှိတွင် သကြားတစ်ပိဿာလျှင် ၂၁၀၀ ကျပ်မှ ၂၁၅၀ ကျပ်ခန့်ထိ ရှိနေကြောင်း သိရသည်။
ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားဈေးကွက်အရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျှော့ချစိုက်ပျိုးခဲ့ခြင်းများရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ ဈေးကောင်းရနေသည့်အတွက် ကြံများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း ယင်းမှသိရသည်။
ယခုနှစ်တွင် သကြားတန်ချိန် သုံးသိန်းခုနစ်သောင်းကျော် ထွက်ရှိမည်ဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံသို့ သကြားကိုအရည်အဖြစ်တင်ပို့နေကြောင်း၊ ယခုနှစ်မှစ၍ ဗီယက်နမ်သို့ပင်လယ်ရေကြောင်းကတစ်ဆင့် တင်ပို့နေရကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 27 June 2022
ခေတ်လက်ရာဗုဒ္ဓဆင်းတုတော်များ၊ ရုပ်တုဆင်းခေတ်လက်ရာဗုဒ္ဓဆင်းတုတော်များ၊ ရုပ်တုဆင်း တုတော်များ အပါအဝင်မြန်မာမှုအနုပညာပစ္စည်းသစ်များကို သယ်ဆောင်လိုပါက ရှေးဟောင်းဝတ္ထုပစ္စည်းမဟုတ်ကြောင်း ထောက်ခံချက်လျှောက်ထားဖို့လိုတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 27 June 2022
မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ တစ်ထောင်နီးပါးခန့်ရှိပြီဖြစ်ပြီး သွေးလွန်တုပ်ကွေးကြောင့် လူနာတစ်ဦးသေဆုံးခဲ့တယ်လို့ မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_27 June 2022
MOU အလုပ်သမားများ ယနေ့ ဇွန်လ ၂၇ ရက်တွင် ထိုင်းနိုင်ငံသို့ ကော့သောင်း - ရနောင်း ရေလမ်းကြောင်းကတစ်ဆင့် အလုပ်သမားအရေအတွက် ၈၄ ဦး ထပ်မံသွားရောက်ကြကြောင်း သိရသည်။
ယင်းတို့မှာ ဘန်ကောက်မြို့မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ရန် ခေါ်ယူခြင်းခံထားရသူများဖြစ်ကြောင်း၊ မနက်ဖြန် ဇွန်လ ၂၈ ရက်တွင်လည်း အလုပ်သမား ၁၀၄ ဦး ထပ်မံစေလွှတ်ဖို့ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနက သိရသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ် MOU ဖြင့် ကော့သောင်းမြို့မ ဆိပ်ခံတံတားက ထိုင်းနိုင်ငံ ရနောင်းမြို့ဘက်ခြမ်းသို့ ပို့ဆောင်မှုမှာ ဇွန်လအတွင်း (၄)ကြိမ် ရှိပြီ ဖြစ်ကြောင်းနှင့် အလုပ်သမား ၃၀၀ ရှိပြီဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 27 June 2022
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အထူးပြပွဲအား ခင်းကျင်းပြသသွားမည်ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအား ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
ယင်းပြင်ဆင်မှုများကြောင့် ပြတိုက်ကို ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁၈ ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပြီးနောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)တို့ကို ယခင်နှစ်တွေနှင့်နည်းတူ အခမဲ့ ဝင်ရောက်လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်း ယင်းမှ အသိပေးကြေညာခဲ့သည်။
ymg/NN
#Yangon_Media_Group
Published 27 June 2022
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်ရာမှာ နစကနှင့်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ “ဝ” အထူးဒေသ(၂)ရဲ့ စစ်ဒေသ(၁၇၁) ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်ကပြောပါတယ်။မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမလုပ်ရင် ပြည်သူတွေ ပျက်စီးမယ်၊တိုင်းပြည်ပျက်စီလိမ့်မယ်လို့လည်း သူကပြောပါတယ်။ တာချီလိတ် ဒေသခံမီဒီယာဖြစ်တဲ့ တာချီလိတ်သတင်းမဏ္ဍိုင်က မေးမြန်းရာမှာ “ဝ” တပ်ဖွဲ့ ဒုတိယနိုင်ငံရေးမှူးက အဲသလို ပြောကြားခဲ့တာဖြစ်ပါတယ်။
တာချီလိတ်သတင်းမဏ္ဍိုင်က YMG ကိုပေးပို့တဲ့ ဦးညီကပ်နှင့် အင်တာဗျူးအပြည့်အစုံကိုဖော်ပြပေးလိုက်ပါတယ်။
Source YMG/တာချီလိတ်သတင်းမဏ္ဍိုင်
Page 1987 of 2271