#Local_News
Published_ 3 October 2022

 

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများ၌ အောက်တိုဘာလအတွင်း ကုန်သေတ္တာတင် သင်္ဘောလိုင်း ၁၃ ခုမှ ကုန်သေတ္တာတင်သင်္ဘောအစင်း ၅၀ ဆိုက်ကပ်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ရန်ကုန်မြို့ရှိဆိပ်ကမ်းများ၌ ပိုကုန်ကဏ္ဍတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လိုအပ်တဲ့စာရွက်စာတမ်းများဖြင့် ဆိုက်ကပ်ခွင့်ပြုကာ အကောက်ခွန်ဦးစီးဌာနမှ စစ်ဆေး ပြီး ကုန်ပစ္စည်းတင်ပို့မှုများ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

သွင်းကုန်များ ဆောင်ရွက်ရာတွင်လည်း သင်္ဘောမှချသည့် ကုန်သေတ္တာများအား ယာယီစုပုံ၍ ဝယ်ယူသူများကစာရွက်စာတမ်းများဖြင့် အခွန်အခပေးဆောင်ကာ ကုန်သေတ္တာများထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးထားကြောင်း သိရပါတယ်။

 

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရန်၊ ပို့ကုန်များတိုးမြှင့် တင်ပို့နိုင်ရန်နှင့် သွင်းကုန်များမြန်ဆန်စွာတင်သွင်းနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ရန်ကုန်ဆိပ်ကမ်းများတွင် ကုန်သေတ္တာ တင် သင်္ဘောလိုင်း ၁၄ လိုင်းမှ ကုန်သေတ္တာတင်သင်္ဘော ၅၅ စင်း ဆိုက်ကပ်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ထားပါတယ်။

 

#ygm_mnn
#Yangon_Media_Group