#Local_News
Published_2 August 2022
အော်ပရာစီ စီမံချက်လုပ်ဆောင်နေသော မလေးရှားတွင် မြန်မာအပါအဝင်နိုင်ငံခြားသားအချို့ ဖမ်းဆီးခံရကြောင်း မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး လုပ်ဆောင်နေသူများက သိရသည်။
အဆိုပါ စီမံချက်ကို မလေးရှားနိုင်ငံရှိ JIMWPKL ထိန်းသိမ်းရေးဌာနခွဲက ဇူလိုင်လ ၃၀ ရက်တွင် စတင်ခြင်းဖြစ်ပြီး တရားမဝင်နိုင်ငံခြားသားများအားစစ်ဆင်ရေးတစ်ရပ်အနေဖြင့် ရှာဖွေဖမ်းဆီးခဲ့ရာ လူ ၁၇၁ ဦးကို စစ်ဆေးမှုပြုလုပ်စဉ် ပြည်ပနိုင်ငံသား စုစုပေါင်း ၃၆ ဦးကို ပြစ်မှုကျူးလွန်မှုဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားများ အပါအဝင်နိုင်ငံခြားသားများအား မလေးရှားနိုင်ငံ ဥပဒေပုဒ်မ - ၁၅(၁)(ဂ) လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၉၅၉/၆၃ ပုဒ်မ - ၆(၁)(ဂ) လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၉၅၉/၆၃ ပုဒ်မများဖြင့် အရေးယူဆောင်ရွက်နေကြောင်း မလေးရှားအာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး လုပ်ဆောင်နေသူများက ပြောသည်။
အဆိုပါ အဖမ်းခံထားရသူ ၃၆ ဦးထဲတွင် အိန္ဒိယနိုင်ငံသား (၂၆)ဦး၊ အင်ဒိုနီးရှား(၃)ဦး၊ မြန်မာ(၃)ဦး၊ပါကစ္စတန် နိုင်ငံသား (၄) ဦးတို့ဖြစ်ကြောင်းသတင်းရရှိသည်။
"သူတို့က ဘာပြစ်မှုနဲ့ ဖမ်းခံရတယ်ဆိုတာတော့ မသိဘူး။ ပြစ်မှုတွေ ကျူးလွန်တာရှိတယ်ဆိုပြီးတော့ ပတ်ဝန်းကျင်က တိုင်တာတွေကြောင့် စစ်ဆေးတာကနေ အဖမ်းခံရတာ။ ကျွန်တော်တို့ နိုင်ငံသားတွေပါတာက ဘယ်သူဘယ်ဝါ မသိရသေးဘူး။ စုံစမ်းပြီးတော့ လိုအပ်တာတွေကို ကူညီသွားရမှာပေါ့"ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်နေသူတစ်ဦးကပြောသည်။


ymg/mt
#Yangon_Media_Group
#Local_News
Published _2 August 2022
စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဦးဆောင်၍ ဆန် ၁အိတ်လျင် ၃၅၀၀၀ ကျပ်မှ စ၍ရောင်းချပေးသွားမည် ဖြစ်ကြောင်း အဆိုပါအသင်းချုပ်မှ သိရသည်။
ယင်း ဆန်ရောင်းချခြင်း အစီအစဉ်အား ဩ ဂုတ်လ ၃ရက်မှ စတင်ကာ နေ့စဉ် နံနက် ၉နာရီမှ ညနေ ၃နာရီအတွင်း ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အစီအစဉ်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်စပါး ကုန်စည်ဒိုင်(ဝါးတန်း) နှင့် ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) တို့ ပူးပေါင်းကာ ဆောင်ရွက်ခြင်းဖြစ် ကြောင်းလည်း သိရသည်။
ယခုရောင်းချပေးမည့် အစီအစဉ်တွင် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ကြားပျံ၊ ရက် ၉၀ စသည့် ဆန်အမျိုးအစားများ ပါဝင်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ၁ အိတ်လျှင် ၃၅၀၀၀ ကျပ်မှ ၇၇၀၀၀ ကျပ်အထိ အ စားစားရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။
ရောင်းချပေးသွားမည့် ဈေးနှုန်းများမှာ ရက် ၉၀ ဆန် ၁ အိတ်လျှင် ၃၅၀၀၀ ကျပ်မှ ၃၇၀၀၀ ကျပ်၊ ကြားပျံဆန် ၁ အိတ်လျှင် ၅၅၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်၊ ဧရာဝတီ ပေါ်ဆန်း ၁ အိတ်လျှင် ၅၂၀၀၀ ကျပ်မှ ၅၅ ၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း ၁ အိတ်လျှင် ၇၅၀၀၀ ကျပ်မှ ၇၇၀၀၀ ကျပ်ဖြင့် ရောင်း ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိဈေးကွက်အတွင်း တန်းမြင့်ဆန်အဖြစ် သတ်မှတ်ထားသည့် ရွှေဘိုပေါ်ဆန်း တစ်အိပ်လျင် ၉၀၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး အခြားဆန်အမျိုးအစားများမှာလည်း ယခင်လဆန်းပိုင်းကနှင့်နှိင်းယှဉ်ပါက ၁အိတ်လျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်မှုများရှိခဲ့ကြောင်း ဆန်ဈေးကွက်အတွင်းမှ သိရသည်။
ရွှေဘိုပေါ်ဆန်း ဈေးနှုန်းမြင့်တက်ရခြင်းမှာ စစ်ကိုင်းတိုင်းအတွင်း နယ်မြေမတည်ငြိမ်မှုကြောင့် အပါအဝင်၊ ကုန်ထုတ်လုပ်မှု စရိတ်များ မြင့်တက်လာခြင်း၊ သွင်းအားစု ဈေးနှုန်းများ မြင့်တက်လာခြင်း၊ သယ်ယူခ စရိတ်များ မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ပြီး ဈေးနှုန်း ဆက်လက် မြင့်တက်နေဦးမည် ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ဆန်ရောင်းချမည့် အစီအစဉ်မှာ အခြေခံ ပြည်သူလူထုသို့ ရောင်းချပေးမည့် အစီအစဉ်ဖြစ်ပြီး တစ်အိမ်ထောင်လျင် ဆန် (၁) အိတ်နှုန်းသာ ရောင်းချပေးသွားမည်ဖြစ်ကာ ဆန်စပါး ကုန်စည်ဒိုင် (ဝါးတန်း)တည်ရှိရာ၊ ဝါးတန်းဆိပ်ကမ်းနယ်မြေတွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published -2 August 2022
ဩဂုတ်လ ၂ ရက်နေ့ နံနက် ၃နာရီခွဲကျော်အချိန်ခန့်ရှိ လူထုမိတ်ဆွေယာဉ်လိုင်းမှ YBS 94 ယာဉ်တစ်စီး ခိုးယူခံရမှုဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ အခိုးခံရသည့် YBS 94 ယာဉ်လိုင်းမှ ယာဉ်အမှတ် 2P-7221သည် ရွှေပြည်သာကွေ့ CNG ဆိုင်တွင် gas ဖြည့်ရန် ရောက်ရှိနေခဲ့ပြီး ယာဉ်မောင်းဖြစ်သူသည် ယာယီကားရပ်ခဲ့ကာ မိမိရှေ့ကားသို့ သွားရောက်မေးမြန်းနေစဉ် အမည်မသိသူတစ်ဦးမှ ယာဉ်အားမောင်းနှင်ကာ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း အဆိုပါယာဉ်လိုင်းမှ သိရသည်။
ယင်းအပြင် အခိုးခံလိုက်ရသည့် ယာဉ်ကို ဂျပန်လမ်းမှတ်တိုင်အနီး လမ်းပြောင်းပြန်အနေအထားဖြင့် ဓာတ်တိုင်များဝင်တိုက်ကာ ရပ်တန့်နေသည်ကိုတွေ့ရှိရပြီး ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းကူညီပေးမှုဖြင့် မော်တော်ယာဉ်အား မောင်းနှင်သွားသူကို ဖမ်းဆီးရမိကာ ရွာမယာဉ်မှုစစ်ရုံးတွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ယင်း ဖြစ်စဥ်ကြောင့် ကျားတစ်ဦး၊ မတစ်ဦး သေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
Photo - လူထုမိတ်ဆွေယာဉ်လိုင်း
ymg/sth
#Yangon_Media_Group
#Local_News
Published_2 August 2022
ပြင်ဦးလွင်တွင် ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်ပြည်သူ(၃၀၀၀)နီးပါးခန့်ရှိခဲ့ပြီး နေအိမ်အတွင်းရေများ ဝင်ရောက်ကာနေအိမ်ထိခိုက်ပျက်စီးခဲ့သူများ၊ စိုက်ခင်းများဆုံးရှုံးသူများ အနေဖြင့်ပြန်လည် ထူထောင်ရေးများ ပြန်လည်ဆောင်ရွက်နေသည်ဟု သန္တိသုခလူမှုကူညီရေးအသင်းဒုဥက္ကဌ ဦးလေးမြင့်အောင်က YMG ကိုပြောသည်၊၊
လတ်တလောတွင် ရေများပြန်ကျသွားပြီဖြစ်ပြီး ရေတွင်းရေကန်များပျက်စီးသွားသည့်အတွက် ရေဘေးသင့်ပြည်သူများအတွက် ရေသန့်နှင့် စားနပ်ရိက္ခာများလိုအပ်နေသည်ဟုဆိုသည်၊၊
"ရေဘေးသင့်ပြည်သူကတော့ (၂၀၀၀)ကျော်၊ (၃၀၀၀)နီးပါးရှိတယ်၊၊ ရေကတော့ပြန်ကျသွားပြီ၊၊ ပုံမှန်အနေအထားလောက်ပဲရှိတော့တယ်၊၊ ရေဝင်သွားတဲ့ အိမ်တွေကတော့ သူတို့အုတ်တံတိုင်းတွေပြိုတာ၊ ကားတွေရေမြုပ်သွားတာတို့၊ သူတို့ရဲ့အိုးအိမ်ပစ္စည်း၊ စိုက်ခင်းတွေဆုံးရှုံးသွားတာတို့ ဒါတွေကိုတော့ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေတာပေါ့၊၊
စိုက်ခင်းတွေ ပါသွားကြတယ်၊၊ ရေတက်နေချိန်ကတော့သူတို့ရွေ့ရပြောင်းရနဲ့ မနေ့ကတည်းက ကျွန်တော်တို့အသင်းအနေနဲ့ ထမင်းဗူးတစ်ထောင်ကျော်ဝေခဲ့တယ်၊၊ ရေတွင်းရေကန်တွေပျက်စီးသွားလို့ ရေသန့်နဲ့ ထမင်းဗူးတွေဝေခဲ့ပါတယ်၊၊ ဒီနေ့လည်း တစ်ထောင်ကျော်ဝေဖို့ရှိပါတယ်၊၊ ရေကြီးမှုကြောင့် သူတို့ရဲ့ ရေတွင်း၊ ရေကန်တွေပျက်သွားလို့ သောက်စရာရေတွေနဲ့ စားနပ်ရိက္ခာတွေလိုအပ်ပါတယ်"လို့ သန္တိသုခလူမှုကူညီရေးအသင်းဒုဥက္ကဌဦးလေးမြင့်အောင်က သြဂုတ်လ(၁)ရက်ညနေပိုင်းတွင်ပြောသည်၊၊
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်(၃၁)ရက်တွင်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး မြိုကိုအဓိက ဖြတ်စီးနေသည့်ဂဲလောင်ချောင်းဘေးရှိ ရပ်ကွက်စုစုပေါင်း(၄)၊(၅)ရပ်ကွက်လောက် ရေမြုပ်ခဲ့ကာလူနေအိမ်ပျက်စီးဆုံးရှုံးမှု ကျပ်သိန်း(၂၀၀)ကျော်နှင့် စိုက်ခင်းများပျက်စီးခဲ့ကြောင်းသိရသည်၊၊


ymg/tthl
#Yangon_Media_Group
#Local_News
Published _ 1 August 2022
ဆန်စပါးအထွက်နှုန်း တိုးတက်လာစေဖို့ လျာထားဆောင်ရွက်ချက်နဲ့အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခုနှစ် မိုးစပါး စိုက်ပျိုးရာသီမှာ ဧကပေါင်း ၁၁ သိန်းကျော်အထိ စိုက်ပျိုးနိုင်ဖို့ လျာထားပေမယ့် ဧက ၈၉၀၀၀၀ အထိသာ စိုက်ပျိုးနိုင်ခဲ့တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက သိရပါတယ်။
#Yangon_Media_Group
#Local_News
Published -1 August 2022
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းအချို့မှာ ယာဉ်စီးခနှုန်းထားတွေကို ခရီးစဉ်အကွာအဝေးပေါ်မူတည်ပြီး ၂၀၀ ကျပ်ကနေ ၄၀၀ ကျပ်အထိ ပြောင်းလဲကောက်ခံနေ ကာ ၅၀၀၊ ၁၀၀၀ ကောက်ခံပါကအရေးယူဆောင်ရွက်သွားမယ်လို့ YRTC ကနေ အခုလို သိရပါတယ်။
#Yangon_Media_Group
#Local_News
Published -1 August 2022
ရှားရှားပါးပါးဆေးဝါးကလွဲရင် အခြားဈေးကြီးတဲ့ဆေးဝါးတွေကအစ အခမဲ့ထုတ်ပေးနေပြီး HIV ဆေး၊ ဆေးယဉ်ပါးတီဗွီဆေး၊ ငှက်ဖျားဆေးတွေကို ဒေါ်လာသန်းပေါင်းများစွာ အကုန်ကျခံပြီး အခမဲ့ဆေးပေးထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
Page 1994 of 2358