#Local_News
Published_ 28 April 2022
မြန်မာနိုင်ငံရှိ ကလေးငယ် ၇ သိန်းခန့်ဟာ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုများ မရရှိခဲ့တဲ့အတွက် ကလေးငယ်များမှာ ကာကွယ်ဆေးနဲ့ကာကွယ်နိုင်တဲ့ ရောဂါများ ဖြစ်ပွားနိုင်တဲ့အန္တရာယ်များ ကြုံတွေ့နိုင်တယ်လို့ ယူနီဆက်က ထုတ်ပြန်ပါတယ်။
အားလုံး အသက်ရှည်ရှည်နေထိုင်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုကို ဦးစားပေးဆောင်ရွက်ဖို့လိုအပ်တယ်လို့ ယူနီဆက်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကာကွယ်ဆေးနဲ့ ကာကွယ်နိုင်တဲ့ ရောဂါများဖြင့် ကလေးငယ်များ သေဆုံးရခြင်းကို ရပ်တန့်ဖို့အတွက် ကာကွယ်ဆေးက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။
မတ်လအတွင်းမှာ ယူနီဆက်က ရှမ်း၊ ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်းက ကလေးငယ်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်ဦးရေ ရှစ်ထောင်ကျော်အတွက် အသင့်စား ကုထုံးအစားအစာများ၊ အနုအာဟာရဓာတ်များနဲ့ ဗီတာမင်အေကဲ့သို့ မရှိမဖြစ်အရေးပါတဲ့ အာဟာရထောက်ပံ့ပစ္စည်းများကို ပံ့ပိုးပေးခဲ့ပါတယ်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ် တွေမှာ ပေါင်းစပ်အာဟာရစီမံချက်ကို ဆက်လက်အကောင်အထည်ဖော်လျှက်ရှိပြီး ကလေးငယ်နဲ့ အမျိုးသမီးဦးရေစုစုပေါင်း ၄၅,၀၀၀ ခန့်ကို ပြင်းထန်အာဟာရချို့တဲ့ ဝေဒနာစောင့်ကြည့်စစ်ဆေးခြင်းနဲ့ ကုသခြင်းများပြုလုပ်ပေးခဲ့ကာ အနုအာဟာရဖြည့်စွက်စာများလည်း ပံ့ပိုးပေးခဲ့ပါတယ်။
မတ်လအတွင်းမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ရှိ လူဦးရေ နှစ်သောင်းသုံးထောင်ကျော်ကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ပံ့ပိုးပေးခဲ့တယ်လို့ ယူနီဆက်က ဆိုပါတယ်။
ymg-mnn
#Yangon_Media_Group.
#Local_News
Published_ 28 April 2022
သီရိလင်္ကာနိုင်ငံမှ "အဘိဓဇမဟာရဋ္ဌဂုရု" ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး Most Venerable Aggamahapandita Dodampahala Chandrasiri Maha Thero ထံ ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ဧပြီ ၂၆ ရက် အင်္ဂါနေ့ နံနက် ၁၀ နာရီတွင် ဆရာတော်ကြီးသီတင်းသုံးရာ သီရိလင်္ကာနိုင်ငံ Gothama Thapowanaya Monestry၊ Kalapaluwawa ၊Mulleriyawa- New Town တွင် ကျင်းပခဲ့ပါတယ်။
ဘွဲ့တံဆိပ်ဆက်ကပ်လှူဒါန်းပွဲသို့ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟန်သူ နှင့် ဇနီး၊ မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုများ တက်ရောက်ခဲ့ကြပါတယ်။
မြန်မာသံအမတ်ကြီးက "အဘိဓဇမဟာရဋ္ဌဂုရု" ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်း ရတဲ့ အကြောင်းအရာကို ရှင်းလင်းပြောကြားပြီး ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင် တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ထို့နောက် "အဘိဓဇမဟာရဋ္ဌဂုရု" ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး Most Venerable Aggamahapandita Dodampahala Chandrasiri Maha Thero က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group.
Published 27 April 2022
မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ဝတ္တုကံတော်အတွင်းမှာ တည်ဆောက်မယ့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိ ဝိသုံဂါမသိမ်တော် သီမာသမ္မုတိသိမ်သမုတ်ကံဆောင်ခြင်းအောင်ပွဲ မင်္ဂလာကုသိုလ်တော် အခမ်းအနားကို ဧပြီ ၂၇ ရက် မနက်ပိုင်းက အဆိုပါ မင်္ဂလာနေရာမှာ ကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ နေပြည်တော် ၊လယ်ဝေးမြို့ပေါက်မြိုင်ကျောင်းတိုက် ပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၊ တပ်ကုန်းမြို့ မဟာသီဟနာဒကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏ တို့အမှူးပြုတဲ့ သံဃာတော်(၅၄) ပါးကြွရောက်ချီးမြှင့်တော်မူကြောင်းသိရပါတယ်။
အဲဒီအပြင် SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကောင်စီဝင်တွေ၊ အစိုးရအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ကြပါ တယ်။
အခမ်းအနားမှာ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေး ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တဝိမလဗုဒ္ဓိ ပါဠိဆရာတော်ကြီးက ဝိသုံဂါမသိမ်တော်၏ ဘွဲ့တော်မည်ကို အဂ္ဂါဓိပတိ ဘွဲ့အမည် သမုတ်နိုင် ရန် လျှောက်ထားဩဝါဒခံယူခဲ့ပါတယ်။ အဲဒီအခါ ဆရာတော်များက သာဓုသုံးကြိမ်ခေါ်ဆိုပြီး သဘောဆန္ဒတူညီတော် မူကြပါတယ်။
အဲဒီနောက်အခမ်းအနားအပြီးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အလှူရှင်တွေက သံဃာတော်တွေကို လှူဖွယ်ပစ္စည်းတွေ လောင်းလှူခဲ့ကြတယ်လို့ သိရှိရပါတယ်။
#LocalNews
Published - 27 Aprb2022
ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်ကြောင့် ကာကွယ်ဆေးအကြိမ်ရည်အပြည့်မထိုးနှံရသေးသောမြန်မာသင်္ဘောသားများအနေဖြင့် ပြည်တွင်းပြန်လည်ဝင်ရောက်ရေးအခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_27 April 2022
ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်ဦးချစ်ခိုင် အထိန်းသိမ်းခံရပြီးနောက် MAB ဘဏ် ဥက္ကဌတာဝန်ကို ဇနီးဖြစ်သူ ဒေါ်ခင်စိုးဝေ တာဝန်ယူ၍ ယခင် Chief Business Officer ဦးကျော်နီခင်အနေဖြင့် ဘဏ်၏ CEO အဖြစ် ပြောင်းလဲတာဝန်ယူပြီဖြစ်ကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က YMG ကို ပြောသည်။
"အခုလက်ရှိဖြစ်တဲ့ ကိစ္စတွေက ဧဒင်အုပ်စုနဲ့ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ကိစ္စတွေဖြစ်တယ်။ဦးချစ်ခိုင်ရဲ့ မြန်မာ့ရှေ့ဆောင်ဘဏ်က အများပြည်သူရဲ့အပ်နှံငွေနဲ့ လုပ်ကိုင်နေတဲ့ဘဏ်လုပ်ငန်းဖြစ်တယ်။ ဒီနှစ်ခုက လုပ်ငန်းသဘောသဘာဝအရရော အုပ်ချုပ်မှုဖြစ်စဉ်ရောအရရော တစ်ခုနဲ့တစ်ခုက မပတ်သက်ဘူး။လုပ်ငန်းသဘောအရ မတူဘူး။ကျောက်မီးသွေးဝယ်ဖို့ စာချုပ်ချုပ်တဲ့အခါမှာ ကုမ္ပဏီရဲ့ MD က ဦးဝင်းခိုင်ဖြစ်တဲ့အတွက် ဒါကဆက်စပ်ပြီးတော့ စစ်ဆေးတာပေါ့နော်။ဒါက အခြေခံအကြောင်းတရားပေါ့။ဒီကိစ္စတွေက သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အကျိုးတူလုပ်ကြတဲ့ ကုမ္ပဏီပိုင်ရှင်တွေရဲ့ကိစ္စဖြစ်တယ်။ မြန်မာ့ရှေ့ဆောင်ဘဏ်က ပြည်သူလူထုအပ်နှံငွေနဲ့ ဆောင်ရွက်တဲ့လုပ်ငန်းဖြစ်လို့ လုပ်ငန်းသဘောအရ ငွေရေးကြေးရေးအရရော ပတ်သက်ဆက်နွယ်မှုမရှိပါဘူး။
ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ အခြားသင့်တော်တဲ့ဗဟိုဘဏ်ရဲ့စံနှုန်းနဲ့ ကိုက်ညီမယ့်သူကို ချက်ချင်းအစားထိုးဖွဲ့စည်းပေးခဲ့ပါတယ်။အဲ့အတွက် ဥက္ကဌကိုတော့ သူ့ဇနီး ဒေါ်ခင်စိုး ဝေ CEO ကိုတော့ ဦးဂျော်နီခင်ကို ဗဟိုဘဏ်အနေနဲ့ တာဝန်ပေးအစားထိုးခန့်အပ်ပြီးဖြစ်ပါတယ်။ မြန်မာ့ရှေ့ဆောင်ဘဏ်ဟာ ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းကမ်းဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်နေတဲ့ဘဏ်ဖြစ်နေသလို ဘဏ်ရဲ့ခိုင်မာမှုလုပ်ငန်း ဆောင်ရွက်နိုင်မှု တွေကိုလည်းပဲ စံသတ်မှတ်ထားတဲ့ အချိုးရာနှုန်းတွေနဲ့ကိုက်ညီမှုရှိတဲ့ ဘဏ်တစ်ဘဏ်ဖြစ်တယ်။ဒါကြောင့် စိုးရိမ်ပူပန်မှူမရှိဖို့ ပြောကြားလိုပါတယ်။ လက်ရှိမှာလည်း ဘဏ်ကိုလာတဲ့သူတွေအားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိပါတယ်"ဟု ယင်းကပြောသည်။
လက်ရှိတွင် မြန်မာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို ဓာတ်သတ္တုအခွန်ပေးသွင်းမှုလျော့နည်းသည့်ကိစ္စဖြင့် စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သိရသည်။
"သတ္တုတွင်းဝန်ကြီးဌာနက အရင်ဝန်ကြီးဟောင်း ဦးအုန်းဝင်းနဲ့အတူ အမှုဖွင့်တာမှာပါတယ်။။တီကျစ်ကျောက်မီးသွေးတူးဖော်တဲ့လုပ်ငန်းကနေပြီးတော့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဓာတ်သတ္တုခွန်တွေကို တရားစွဲဆိုခံထားရသူတွေနဲ့ ပေါင်းပြီးတော့လျော့နည်းပေးသွင်းခဲ့တယ်ဆိုတဲ့အတွက်ကြောင့် နိုင်ငံတော်နစ်နာတယ်ဆိုပြီး အမှုဖွင့်ထားတာရှိတယ်။ဒါနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတယ်"ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၎င်းမှာ Eden Group of Companies ၏ ဥက္ကဋ္ဌဖြစ်ကာ ဧဒင် ဦးချစ်ခိုင်ဟု လူသိများ ထင်ရှားသူ ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_27 April 2022
နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားရေးလုပ်ငန်းလိုင်စင်ရှိသူများက ပို့ကုန်တင်ပို့သည့်အထောက်အထားများအရ ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှ (၃) လအတွင်းရရှိသည့် ပို့ကုန်ငွေလက်ခံရရှိခြင်းရှိမရှိကို စိစစ်ရမည်ဟု ထုတ်ပြန်ထားသော်လည်း အပြည့်အ၀ ဝင်ရောက်လာခြင်းမရှိသောကြောင့် စိစစ်အရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်က သိရသည်။
"ပို့ကုန်ရငွေတွေကို ၃ လ အတွင်း ပြန်လည်ဝင်ရောက်ရမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာလက ထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် အပြည့်အ၀ မဝင်တာကြောင့် ဗဟိုဘဏ်က ကုမ္ပဏီတွေကိုစိစစ်ပြီး မပေးသွင်းတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေကို အရေးယူဖို့ စီစဉ်နေပါတယ်"ဟု ဗဟိုဘဏ်၏ အရာထမ်းတစ်ဦးက YMG ကို ပြောသည်။
ပြည်ပနိုင်ငံများသို့ သင်္ဘောဖြင့် ကုန်ပစ္စည်းတင်ပို့သည့်နေ့ကစ၍ သုံးလအတွင်း ပို့ကုန်ရငွေ လက်ခံရ၊မရ ကို စိစစ်နိုင်ရန် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ (က)အရ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်တွင် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
ယင်းသို့ လုပ်ဆောင်ရသည့်ရည်ရွယ်ချက်မှာ ဒေါ်လာဈေးဆက်လက်ကျဆင်းလာစေရန်နှင့်ဈေးတည်ငြိမ်စေရန်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များက သုံးသပ်ထားကြသည်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကုမ္ပဏီပေါ င်း (၆၆၃)ခု၏ ပို့ကုန်ရငွေတွေမှာ သတ်မှတ်ကာလအတွင်း မြန်မာနိုင်ငံဘဏ်ထဲသို့ပြန်ရောက်ရှိမလာသောကြာင့် စာရင်းလာရှင်းကြရန် အဆိုပါကုမ္ပဏီများကို ဗဟိုဘဏ်က အကြောင်းကြားထားခဲ့သေးသည်။
စာရင်းလာမရှင်းပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်သွင်းကုန် လုပ်ထုံးလုပ်နည်းများအရ ဖြစ်စေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရဖြစ်စေ အရေးယူမည်ဟု ဗဟိုဘဏ်က ကြေညာထားသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published-27 April 2022
အခြေခံစားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်နေတဲ့အတွက် စားသောက်ဆိုင်လုပ်ငန်းတွေအနေနဲ့ အချို့ဆိုင်တွေပြုတ်သွားတာ၊အချို့ဆိုင်ခွဲတွေကို ပိတ်လိုက်ရတာမျိုးတွေရှိတယ်လို့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ဗဟို)ဥက္ကဌ ဦးနေလင်းကပြောပါတယ်၊၊
#Yangon_Media_Group
Page 1972 of 2122