#Local_News
Published _13 August 2022
ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ်နှင့် တည်းခိုခန်း ၂၉၀ ကျော် ဖွင့်လှစ်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၇ ရက်မှစတင်၍ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲခြင်းများကို ခွင့်ပြုခဲ့ပြီး e-Visa (Tourist) ကို မေ ၂၀ ရက်မှ စတင်ခွင့်ပြုပေးခဲ့ ရာ လက်ရှိတွင် တစ်နေ့လျှင် နိုင်ငံတကာလေကြောင်းလိုင်း ၁၄ လိုင်းအထိ ပြန်လည်ပြေးဆွဲ ပေးနေပြီး နိုင်ငံတကာခရီးသွား များလည်း စတင်ဝင်ရောက်စ ပြုနေပြီဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် တရားဝင်လုပ်ငန်းလိုင်စင်ရယူ ဆောင်ရွက်ထားသည့် ဟိုတယ်နှင့်တည်းခိုခန်း ၄၉၃ လုံးရှိရာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်တွင် ဟိုတယ်နှင့် တည်းခိုခန်း ၂၉၆ လုံးအထိ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နေပြီဖြစ်သည်။
ထို့အတူ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၄ ရက်က မသန်စွမ်းခရီးသွားများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင် ပေးနိုင်ရေးအတွက် "မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းဖော်ဆောင် ခြင်းဆိုင်ရာ အထောက်အကူပြု ဝန်ဆောင်မှုသင်တန်း"များ ဖွင့်လှစ်ပို့ချပေးသည်။
ယခုအခါ ရန်ကုန်တိုင်း ဒေသကြီး၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ၊ တာဝန်ရှိသူများက ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_ 13 Aug 2022
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြိုနယ်တို တွင် ငွေကျပ် ၆ ဒသမ ၆၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၄ ဒသမ ၂ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၉ ရက် ညနေ ၅ နာရီခွဲတွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် ပူးပေါင်း စစ်ဆေးရေးစခန်းတွင် မန္တလေးမှ မိုးညှင်းဘက်သို့ အောင်ဆွေဦး မောင်းနှင်ပြီး မင်းမင်းသန်း လိုက်ပါလာသည့် FOTON ၆ ဘီးမော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ပါတယ်။
ထိုသို့ ရှာဖေွရာယာဉ်ပေါ်တွင် ပြောင်းဖူးစေ့အိတ်များအတွင်း ထည့်သွင်း သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၃ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၀ ကျော် သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်းဒေသကြီးမှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၀ ရက် နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲကျကျေးရွာ၊ ကျွဲကျချောင်းအနီး၌ မော်တော်ဆိုင်ကယ် ၃ စီးမှာ ဆာလာအိတ်များတင်ဆောင်ထားပြီး ရပ်တန့်ထားသည်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် ဖွင့်ဖောက် စစ်ဆေးခဲ့ပါတယ်။
အဆိုပါ ဆိုင်ကယ် ၃ စီးပေါ်တွင် တင်ဆောင်ထားသည့် ဆာလာအိတ် ၁၃ အိတ်အတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၆၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၄ ဒသမ ၂ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။
၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

ymg_mnn
#Yangon_Media_Group
#Local_News
Published - 12 August 2022
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးပုံမှန်အတိုင်း လည်ပတ်နေပေမယ့် ငွေဈေးအပြောင်းအလဲတွေကြောင့် ဈေးမငြိမ်ဘူးလို့ မူဆယ်ကုန်စည်ဒိုင်၊ ဆန်ကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_12 August 2022
လတ်တလောမှာ သောင်ရင်းမြစ်ရေတက်လာလို မြဝတီဘက်မှာ ရေတွေတက်နေပြီး မဲဆောက်ဘက်က ဆည်ရေလွှတ်မယ်ကြားနေရတဲ့အတွက် မြဝတီရှိ မြေနိမ့်ပိုင်းဒေသတွေ ရေလွှမ်းမိုးမှာ စိုးရိမ်နေရတယ်လို့ ကရင်ပြည်နယ်လူမှုကယ်ဆယ်ရေးအဖွဲ့၊ ဦးမောင် Rescue အဖွဲ့မှ ဦးမောင်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 12 August 2022
ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းကနေ ထုတ်ပြန်ထားတဲ့ ဈေးနှုန်းတွေထက် ပြင်ပဈေးကွက်မှာ ၂၅ သိန်းအထက် ရှိနေတယ်လို့ အရောင်းအဝယ်ပြုလုပ်နေတဲ့ ရွှေဈေးကွက်အတွင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 12 August 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ ဆက်တိုက်မြင့်တက်လာနေသလို မြို့နယ်အချို့မှာလည်း စက်သုံးဆီတွေပြတ်လပ်နေပြီး ဝယ်ယူရခက်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 12 August 2022
၁။ စက်သုံးဆီဈေးနှုန်းဆက်တိုက်မြင့်တက်လာ၊ မြို့နယ်အချို့စက်သုံးဆီ ပြတ်လပ်နေ၍ ဝယ်ယူရခက်နေ
၂။ ရွှေအသင်းမှ ထုတ်ပြန်သည့်ဈေးထက် ပြင်ပပေါက်ဈေးတွင် ရွှေဈေးကျပ်၂၅ သိန်း အထက်ရှိနေ
၃။ ကရင်ပြည်နယ်၊ မြဝတီဒေသတွင်ရေဘေးနှင့် သဘာဝဘေးအတွက်စိုးရိမ်နေရ
၄။ Forrest_Gump ဇာတ်ကားအား မွမ်းမံရိုက်ကူးထားသည့် ဘောလိဝုဒ်ဇာတ်ကားဖြင့် အိန္ဒိယရုပ်ရှင်လောက ပြန်လည်ဦးမော့လာရန်မျှော်လင့် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1968 of 2358