#LocalNews
Published - 28 April 2022
IBEC ဆရာ တော်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နန့်စန်မြို့တွင်
ဗုဒ္ဓတက္ကသိုလ်တည်ထောင်သွားနိုင်ဖို့ စီစဥ်ဆောင်ရွက်နေတယ်လို့ IBEC သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ နန့်စန်ဒေသတွင် ဒေသခံဆရာတော်ဘုရားကြီးများ၏ ဩဝါဒ မြို့နယ်ခရိုင် ပြည်နယ် ဗဟိုဝန်ဆောင်အပါအဝင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ဘုရားကြီးများ ဦးထိပ်ထားပြီး နယ်ခံပရိယတ္တိ-ခေတ်ပညာတတ်မြောက်ကြသော သံဃာတော်များပူးပေါင်းပါဝင်လျှက် ဒကာ/ဒကာမများစုပေါင်းညီညာစွာဖြင့် မြတ်ဗုဒ္ဓသာသနာအရည်တည်တံ့စေရန် နန့်စန်ဗုဒ္ဓတက္ကသိုလ်(Nant San Buddhist University -NSBU)တည်ထောင်နိုင်ရန် ကြိုးစားဆောင်ရွက် နေတာဖြစ်တယ်လို့ IBEC ဆရာ တော်က မိန့်ကြားပါတယ်။
"ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ဖို့အတွက် သာသနာကိုချစ်မြတ်နိုးတဲ့ ဒကာကြီးဦးအောင်၀င်းသိန်းမှ ဒေါ်နန်းဝေဝေမိသားစုထံမှ မြေဧက (၁၀၀)အလှူခံပေးခဲ့ပါတယ်။ ဧပြီ ၂၅ ရက်နေ့မှာလည်း အလှူရှင်မိသားစုနဲ့အတူ နန့်စန်မြို့မှာရှိတဲ့ သာသနာမြေနေရာသို့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။"လို့ IBEC ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
အဆိုပါ စီမံကိန်းမြေနေရာကို သာသနာပြုမြေနေရာပြုလုပ်ရန် သံဃာ့အဖွဲ့အစည်း၏ စည်းမျဉ်းအရဆောင်ရွက်ရန်အချိန်ကာလ (၃)နှစ်ခန့်အချိန်ယူကြရမည်ဖြစ်ပြီး စီမံကိန်းကို(၁၀)နှစ်ခန့် အချိန်ယူဆောင်ရွက်ကြရမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ယခုတည်ဆောက်မည့် ဗုဒ္ဓတက္ကသိုလ်သည် တစ်ဦးတစ်ပါးပိုင်မဟုတ်ပဲ သာသနာတော်နှင့် နန့်စန်ဒေသ၏ သာသနာအမှတ်တံဆိပ်အဖြစ်ဆောင်ရွက်ကြရန် ပဏာမသဘောတူခဲ့ကြတယ်လို့လည်း IBEC သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရပါတယ်။
ဓါတ်ပုံ - IBEC သတင်းထုတ်ပြန်ရေးအဖွဲ့
ymg/kg
#Yangon_Media_Group
#Local_News
Published_ 28 April 2022
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) အောက်တိုဘာလမှ မတ်လအထိ ၆ လတာကာလအတွင်း ကုန်သွယ်မှုပို့ငွေ အမေရိကန်ဒေါ်လာ ၃၂၄ သန်း ရရှိခဲ့တယ်လို့ SAC မှ ထုတ်ပြန်ထားပါတယ်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု(ယာယီစာရင်းအရ) ပြည်ပပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၂၇၉ သန်းရှိခဲ့ပြီး၊ ပြည်ပသွင်းကုန်တန်ဖိုး ဒေါ်လာ ၇၉၅၅ သန်းရှိခဲ့ကာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၆၂၃၄ သန်းဖြစ်ပြီး၊ ကုန်သွယ်မှု ပို့ငွေ ၃၂၄ သန်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တွင် ဒေါ်လာ ၉၈ သန်းကျော်နှင့် သွင်းကုန်တွင် ဒေါ်လာ ၁၆၄ သန်းပိုမိုခဲ့ပြီး ကုန်သွယ်မှုပမာဏ ၂၆၃ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယခုနှစ်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ လယ်ယာထွက် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲမျိုးစုံ၊ ရေထွက် ငါး၊ ပုစွန်နှင့် အခြားရေထွက်များ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ စက်မှုကုန်ချောပစ္စည်း (ချုပ်ပြီးအထည်) တို့ ပိုမိုတင်ပို့နိုင်ခဲ့သဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် ယခင်နှစ်အလားတူကာလထက် ဒေါ်လာ သန်း ၁၆၀၀ ကျော် ပိုမိုရရှိခဲ့ပါတယ်။
ထို့ပြင် နိုင်ငံတော်ရဲ့ နိုင်ငံခြားငွေ လိုအပ်ချက်လျှော့ချနိုင်ရန် အရေးကြီးကုန်စည်မဟုတ်တဲ့ မော်တော်ယာဉ်ကဲ့သို့ ပစ္စည်းများတင်သွင်းမှုကို စိစစ်ကန့်သတ်ခြင်း၊ စားအုန်း ဆီကို ပြည်တွင်းဈေးကွက်စားသုံးမှု လိုအပ်ချက်နှင့်အညီ စိစစ်တင်သွင်းမှုပြုခဲ့တာကြောင့် ယခင်ထက် တန်ချိန်လျှော့ချတင်သွင်းနိုင်ခြင်း၊ ပြည်တွင်းမှာ ထုတ်လုပ်နိုင်မယ့် အစားထိုးကုန်စည်များကို ပြည်ပမှတင်သွင်းမှု စိစစ်လျှော့ချခြင်းတို ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
Published 28 April 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ မြန်မာနိုင်ငံသို့ အလုပ်သဘော အလည်အပတ်ရောက်ရှိနေတဲ့ Republic of Tatarstan တာဆာစတန်သမ္မတနိုင်ငံ သမ္မတ Mr. Rustam Nurgaliyevich Minnikhanov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကို နစကရုံး သံတမန်ဆောင်တွင် ဒီကနေ့ ဧပြီ(၂၈)ရက်နေ့မှာ တွေ့ဆုံတယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
တာတာစတန်သမ္မတနှင့် နစက ဥက္ကဋ္ဌတို့ဟာ မြန်မာနှင့် တာတာစတန်တို့အကြား စီးပွားရေးနှင့်ရင်းနှီးမြှပ်နှံမှု ပူးပေါင်း ဆောင်ရွက်နိုင်ရေး ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ သတင်းအရင်းအမြစ်များကဆိုပါတယ်။
တာတာစတန်သမ္မတဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဝန်ကြီးဌာနတွေက အကြီးအကဲတွေနှင့်တွေ့ဆုံဖို့ရှိပြီး တာတာစတန်နှင့် မြန်မာနိုင်ငံတို့မှ စီးပွားရေးအသိုက်အဝန်းတွေရဲ့ စီးပွားရေးဆွေးနွေးပွဲတွေကျင်းပသွားမယ်လို့ တာတာစတန်သမ္မတရုံံးက သတင်း ထုတ်ပြန်ပါတယ်။
တာတာစတန်သမ္မတနှင့အတူ စက်မှုနှင့်စီးပွားရေးဝန်ကြီး အဲလ်ဘတ်ကာရီမော့ဗ်၊ KAMAZ PJSC ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး ဆာဂျေးကိုဂိုဂင်၊ Kazan Helicopter Plant JSCရဲ့ အရောင်းဆိုင်ရာဒုတိယဦးဆောင်ညွှန်ကြားရေးမှူး ၊ Eidos-Medicine LLCရဲ့ အထွေထွေညွန်ကြားရေးမှူးနှင့် Kazan Fat Plant JSCနှင့် အခြားအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေလိုက်ပါလာတယ်လို့ တာတာစတန်သမ္မတရုံးသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
#DailyNews
Published -28 April 2022
၁။ နိုင်ငံခြားသားပြန်ဝင်နိုင်သည့် ကမ္ဘာ့အမွေအနှစ်ဒေသများတွင် လုံခြုံရေးစီမံချက်နှင့် ကိုဗစ်ကာကွယ်ရေးများ ကြိုတင်ပြင်ဆင်ထား
၂။ ပူတာအိုဒေသမှ စစ်ဘေးရှောင် ပြည်သူ ၂၀၀ ကျော်တို့ နေရပ်ပြန်ကြပြီ
၃။ မိုးလေဝသ သတင်း
၄။ နှစ်ပေါင်း(၄,၅၀၀)သက်တမ်းရှိ နတ်ဘုရားပုံကျောက်တုံးရုပ်ထု ဂါဇာကမ်းမြောင်တွင် တူးဖော်တွေ့ရှိ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 28 April 2022
Republic of the Tatastan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့်ကိုယ်စားလှယ်အဖွဲ့ အလုပ်သဘောခရီးဖြင့် နေပြည်တော်သို့ ဧပြီ ၂၇ ရက် ညပိုင်းတွင် ရောက်ရှိလာကြောင်း သတင်းရရှိပါတယ်။
Republic of the Tatastan သမ္မတနှင့်အဖွဲ့အား SAC နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Dr. Nikolay LISTOPADOV တို့က နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြ ပါတယ်။
Republic of the Tatastan သမ္မတနှင့်အဖွဲ့သည် မြန်မာနိုင်ငံရောက်ရှိစဉ် SAC တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
SAC ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် ဇွန် ၂၅ ရက် တွင် Republic of the Tatastan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် Kazan မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ဖူးကြောင်း သိရပါတယ်။ Mr. Rustam Nurgaliyevich Minnikhanov သည် မြန်မာနိုင်ငံသို ၂၀၁၃ ခုနှစ်တွင်လည်း လာရောက်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးခဲ့ဖူးသည်။
ymg-mnn
#Yangon_Media_Group.
#LocalNews
Published - 28 April 2022
ဒီကနေ့ ဧပြီ ၂၈ ရက်၊ နံနက် ၁၀ နာရီ ၅ မိနစ်အချိန်ခန့်က လှိုင်သာယာ စက်မှုဇုန် - ၂ အတွင်းရှိ ဖိနပ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုကို Level (2)ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
ယင်းမီးလောင်မှုဟာ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်- ၂ အတွင်းရှိ ဦးထွန်းညိုလမ်းနှင့် ဦးချိန်လမ်းထောင့်ရှိ ဖိနပ်စက်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုအကြောင်းအရင်းအသေးစိတ်ကို တော့ မသိရှိရသေးပါဘူး။
အဆိုပါ ဖိနပ်စက်ရုံမီးလောင်မှုကို နံနက် ၁၀ နာရီ ၃၆ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၅ မိနစ်အချိန်တွင် ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မီးသတ်တပ်ဖွဲ့က မီးလောင်မှုအကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ပြုလုပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့စက်ရုံဟာ နာမည်ကြီးဖိနပ်ထုတ်လုပ်တဲ့ စက်ရုံတစ်ရုံဖြစ်တယ်လို့လည်း
ကနဦး သတင်းရရှိပါတယ်။
Photo - CJ
ymg/kg
#Yangon_Media_Group
#LocalNews
Published -28Apr 2022
၂၀၂၂ခုနှစ်ဧပြီလ ၂၇ ရက်နေ့ ည ၆ နာရီခန့်က ထိုင်းနိုင်ငံတွင် ဂေါ်ဖီထုပ်ကားအတွင်း ပုန်းခိုလိုက်ပါလာတဲ့တရားမဝင် မြန်မာနိုင်ငံသား (၁၄) ဦးကို ထိုင်းရဲတပ်ဖွဲ့က တက်ခ်ခရိုင်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာ့အလုပ်သမားအရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်ဘက်မှ ဂေါ်ဖီထုပ်များသယ်လာတဲ့ ယာဥ်(၂)စီးကို စစ်ဆေးရာအတွင်းပိုင်းတွင် ပုန်းခိုလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား (၁၂) ဦးဆီကို ရှာဖွေတွေ့ရခြင်းဖြစ်ကာ တရားဝင် အထောက်အထားမပါတဲ့ မြန်မာနိုင်ငံသား အမျိုးသား (၆)ဦး၊ အမျိုးသမီး (၈)ဦးနဲ့အတူ မော်တော်ယာဉ်မောင်းလာသည့် ထိုင်းနိုင်ငံသား အမျိုးသား (၂) ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
ဧပြီလ ၂၇ ရက် နံနက် တစ်နာရီမထိုးမီအချိန်က ထိုင်းနိုင်ငံ ထစောင်ယန်ခရိုင်ခွဲ တတ်ခရိုင်တွင်း ကား ၂ စီး၊ ယာဉ်မောင်း ၂ ဦး အပါဝင် တရားမဝင် မြန်မာနိုင်ငံသား ၃၆ ဦး ဖမ်းဆီးရမိကြောင်း၊ယင်းတို့မှာပွဲစားခ ဘတ် ၂၃,၀၀၀ ပေးဆောင်၍ လာရောက်ခဲ့ကြသူများဖြစ်ကြောင်းနှင့် လက်ရှိတွင် ယင်းတို့ကို မဲ့မွေရဲစခန်းသို့ ဖမ်းဆီးပို့ဆောင်ထားကြောင်းလည်း သိရပါတယ်။
ဧပြီလ ၁၉ ရက်က ထိုင်းနိုင်ငံမဲ့တန်းမြို့နယ် ထစောင်ယန်ခရိုင်ခွဲတွင်း မြန်မာနိုင်ငံသား အမျိုးသား စုစုပေါင်း ၅၄ ဦး ၊ ဧပြီလ ၂၁ ရက်က တကိုခီးကျေးရွာ မဲ့ဥဆုမြို့နယ် ထာ့စောင်ယန်ခရိုင်တွင် ၄၆ ဦး၊ ဧပြီလ ၂၂ ရက်က တတ်ခရိုင် ထာ့စောင်ယန်ခရိုင်ခွဲတွင် ၃၄ ဦး၊ ဧပြီလ ၂၄ ရက်နှင့် ဧပြီလ ၂၅ ရက်က ကန်ကျနဘုရီပြည်နယ်အတွင်း နေရာ ၅ နေရာ၌ ၇၅ ဦး အသီးသီး ဖမ်းဆီးရမိခဲ့သေးကြောင်း သိရပါတယ်။
ymg/hm
#Yangon_Media_Group
Page 1971 of 2122