#Local_News
Published - 16 August 2022
စက်သုံးဆီအရောင်းဆိုင်များမှ ရောင်းချမှုရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချသည့်ဆိုင်များတွေ့ရှိပါက တိုင်ကြားနိုင်ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဌာနက ကြေညာထားသည်။
ကော်မတီအနေဖြင့် စက်သုံးဆီများကို ၂၀၂၂ ခုနှစ် သြဂုတ်လ လကုန်ပိုင်းအထိ ပြည့်စုံလုံလောက်စွာ တင်သွင်းဖြန့်ဖြူးထားပြီးဖြစ်ကြောင်း၊ သို့သော် အချို့သော စက်သုံးဆီအရောင်းဆိုင်များသည် စက်သုံးဆီပြတ်လပ်သည် (သို့မဟုတ်) စက်သုံးဆီလက်ကျန်နည်းနေသည်ဟုပြောဆိုကာ ရောင်းချမှုရပ်တန့်ခြင်း၊ အကန့်အသတ်ဖြင့်ရောင်းချနေကြကြောင်း သိရသည်။
ယင်းကြောင့် ပြည်သူများအနေဖြင့် စက်သုံးဆီအရောင်းဆိုင်များမှ ရောင်းချမှုရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချသည့်ဆိုင်များတွေ့ရှိပါက သက်ဆိုင်ရာနယ်မြေဒေသအလိုက် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို ထုတ်ပြန်ထားသည်။
ပြည်တွင်း၌ စက်သုံးဆီဈေးမှာ အဆမတန်မြင့်တက်လျက်ရှိပြီး နိုင်ငံအနှံတွင်လည်း စက်သုံးဆီပြတ်လပ်၍ ဝယ်မရသူအများအပြားရှိနေကြောင်း သိရသည်။
လက်ရှိစက်သုံးဆီစျေးနှုန်းမှာ 92 တစ်လီတာ ၂၃၆၅ ကျပ်၊ 95 တစ်လီတာ ၂၄၄၅ ကျပ်၊ 97 တစ်လီတာ ၂၇၀၀ ကျပ်၊ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၇၈၀ ကျပ်ဖြစ်ပြီး ယခင်နေ့ထက် စျေးတက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_14 August 2022
မိုးရာသီကာလမှာ ရေဘေးနဲ့သဘာဝဘေးကြုံတွေ့နေရသူတွေကို ရှာဖွေကယ်ဆယ်ပေးဖို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ မြန်မာနိုင်ငံမီးသတ်အဖွဲ့ချုပ်၊ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 15 August 2022
မြန်မာနိုင်ငံ လူမှုဝန်ထမ်း ဦးစီးဌာနအနေနဲ့ သင်တန်းကာလသုံးလကြာမြင့်မယ့် အသက်မွေးဝမ်းကျောင်းပညာရပ် ၅မျိုးကို မသန်စွမ်းသူတွေအတွက် နေစားစရိတ်ငြိမ်း အခမဲ့စနစ်နဲ့ ရန်ကုန်မြို့မှာရှိတဲ့ မသန်စွမ်းသက်ကြီး သင်တန်းကျောင်းမှာ သင်ကြားပေးသွားတော့မှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 15 August 2022
ဗဟိုဘဏ်က ပြောင်းလဲသတ်မှတ်ပေးလိုက်တဲ့ ငွေလဲလှယ်နှုန်းဈေးကြောင့် ပြည်တွင်းပဲဈေး မြင့်တက်လာခဲ့သော်လည်း အရောင်းအဝယ် အေးနေတယ်လို့ ပဲကုန်သည်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_15 August 2022
ရန်ကုန်တိုင်းမှာတွေ့ရတဲ့ ပြည်တွင်းပြည်ပက ကိုဗစ်လူနာတွေကို ပြည်သူ့ဆေးရုံကြီး(၂)ရုံနဲ့ ရိုးမကိုဗစ်စင်တာကို နေ့စဉ်ပို့ဆောင်ပေးနေတယ်လို့ ရှင်သန်ရေးကူညီမှုအသင်း၊ ဥက္ကဌဦးထွန်းထွန်းဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 15 August 2022
၁။ ရန်ကုန်တိုင်းက ကိုဗစ်လူနာများကို ပြည်သူ့ဆေးရုံ(၂) ရုံနှင့် ရိုးမကိုဗစ်စင်တာကို နေ့စဉ်ပို့ဆောင်ပေးနေ
၂။ ပြောင်းလဲသတ်မှတ်လိုက်သည့် ငွေဈေးနှုန်းကြောင့် ပဲဈေးနှုန်းတက်လာ
၃။ မသန်စွမ်းသူများအတွက် အခမဲ့ အသက်မွေးဝမ်းကျောင်းပညာအတတ်သင် သင်တန်းကို လာမည့်စက်တင်ဘာလတွင် ဖွင့်လှစ်သွားမည်
၄။ မိုးခေါင်ရေရှားမှုကြောင့် မော်ရိုကိုစိုက်ပျိုးရေးကဏ္ဍကြပ်တည်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 15 August 2022
ယနေ့(ဩဂုတ်လ ၁၅ ကနေ ၂၁ ရက်နေ့အထိ) ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၄၁၄၀ ကျပ်ဖြစ်တယ်လို့ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက သတ်မှတ်ကြေညာထားပါတယ်။
#Yangon_Media_Group
Page 1963 of 2358