#LocalNews
Published -20 May 2022
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်တို့မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တဲ့အတွက်သစ်ပင်ကြီးများ လဲပြိုကျလို့ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးနဲ့ ရှင်းလင်းရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်၊၊
မိုးသည်းပြီးလေပြင်းတဲ့အတွက်မေလ ၂၀ ရက် နေ့လယ်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၃)ရပ်ကွက်၊ အောင်သပြေ(၂)လမ်းရှိ နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ပါတယ်၊၊
မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့ သိရပါတယ်၊၊
အလားတူမေလ(၂၀)ရက်မနက်ပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ဆေးရုံရပ်ကွက်ဖြတ်လမ်းတွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျတဲ့အတွက် ဝါးခယ်မမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်၊၊ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ဆိုပါတယ်၊၊
အလားတူမေလ(၂၀)ရက်နေ့လယ်ပိုင်းမှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ နတ်ကြီးချောင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ သစ်ပင်လဲကျလို့ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့တဲ့အတွက် ပေါင်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#MyanmarNews
Published 20 May 2022
မေလ(၁၈)ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ အသက်၉၁နှစ်အရွယ်ရှိ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဥက္ကဋ္ဌနှင့် ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေရဲ့ ဈာပနအခမ်းအနားကို ယနေ့ မေလ(၂၀)ရက် မွန်းလွဲ(၂)နာရီက ရွှေပြည်သာမြို့နယ် ကျူချောင်သုဿန်မှာ ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအောင်မင်းအပါအဝင် နိုင်ငံရေးသမားမိတ်ဆွေတွေ၊ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေ နှင့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်တွေနှင့် ဆွေမျိုးအသိုင်းအဝန်းတို့ ဦးသုဝေရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
#Yangon_Media_Group
#DailyNews
Published - 20 May 2022
၁။ ရန်ကုန်မြစ်ဝနှင့်မော်လမြိုင်အနီး ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းများဖြစ်ပေါ်မည်။
၂။ ရန်ကုန်-ပဲခူးယာဥ်လိုင်းသစ်ယာဥ်အစီးရေ တိုးချဲ့ပြေးဆွဲမည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ တစ်လတာအမှိုက်များအား ချိတ်ဆွဲဝတ်ဆင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အမေရိကန်တစ်ဦးလှုံ့ဆော်လှုပ်ရှားမှုပြုလုပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published_20 May 2022
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း(မုတ္တမပင်လယ်ကွေ့)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ပိုမိုအားကောင်းလာကာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း (မုတ္တမကမ်းလွန်အနီး)တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area)အဖြစ်သို ရောက်ရှိခဲ့ပြီး နောက်(၂၄)နာရီအတွင်းမော်လမြိုင်မြိုအနီးမှ ကုန်းတွင်းသိုဝင်ရောက်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။
အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်းခန့် ရှိနိုင်မည်ဖြစ်ကြောင်းနှင့် ယင်းလေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် မေလ ၂၁ ရက် ထိ ကြားကာလအတွင်း ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုတွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း သိရသည်။
ယင်းအပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကာ လှိင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
ymg/mt
#Yangon_Media_group
#LocalNews
Published -20 May 2022
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို ခရီးသွားမယ့်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက်အထားမှတ်တမ်းကို အာဆီယံနိုင်ငံများအချင်းချင်းကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ်မှာ စိစစ်အတည်ပြုနိုင်ပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပါတယ်၊၊
မြန်မာနိုင်ငံက ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ အီလက်ထရော်နစ်မှတ်တမ်းကို အာဆီယံက တရားဝင် အသိအမှတ်ပြုထားတာဖြစ်ပါတယ်၊၊
ဒါကြောင့်မိုလို့ မေလ(၁၅)ရက်မှ စတင်ကာ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေကို ခရီးသွားမယ့်သူတွေအတွက် ကာကွယ်ဆေးထိုးနှံပြီးကြောင်း အီလက်ထရောနစ်အထောက်အထားမှတ်တမ်း (COVID-19 Vaccination Electronic Certificate) ကိုအာဆီယံနိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုး မှတ်တမ်းများ အပြန်အလှန် အသိအမှတ်ပြုခြင်းစနစ် (ASEAN Covid-19 Vaccine Certificate Single Verification Portal) ဖြစ်တဲ့https://asean.healthverify.org မှတစ်ဆင့် စိစစ်အတည်ပြုခြင်းကို ဆောင်ရွက်နိုင်ပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်၊၊
ပြည်ပနိုင်ငံတွေကိုခရီးသွားမယ့်သူတွေကို ဧပြီလ (၇)ရက်ကစလို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အထောက်အထား (COVID-19 Vaccination Electronic Certificate) ထုတ်ပေးတာကို အွန်လိုင်းစနစ်နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့အင်တာနက် စာမျက်နှာဖြစ်တဲ့ https://c19vc.moh.gov.mm မှတစ်ဆင့် ဆောင်ရွက်ပေးနေတာဖြစ်ပြီး အခုချိန်မှာတော့ အာဆီယံနိုင်ငံများအချင်းချင်း ကာကွယ်ဆေးထိုးမှတ်တမ်းများ အပြန်အလှန်အသိအမှတ်ပြုခြင်းစနစ်မှာ စိစစ်အတည်ပြုနိုင်တဲ့အကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#MyanmarNews
Published 20 May 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်သည် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်ဆစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့ မေလ(၂၀)ရက် နံနက်ပိုင်းတွင် နေပြည်တော်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွေဆုံဆွေးနွေးမှုများ စတင်ခဲ့ကြောင်း သိရပါတယ်။အသေးစိတ်အချက်အလက်တွေကိုတော့ သတင်းထုတ်ပြန်ခြင်းမရှိပါဘူး။
#Yangon_Media_Group
#Local_News
Published_ 20 May 2022
ယခုပညာသင်နှစ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူအားလုံး၏ ၇၀ ရာခိုင်နှုန်းစာရင်းသွင်း တက်ရောက်လျက်ရှိကြောင်း နစကရဲ့ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ပါတယ်။
ကျန်ရှိသူများအနေဖြင့်လည်း မေ ၂၇ ရက်နောက်ဆုံးထား၍ သက်ဆိုင်ရာ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ ကျောင်းအပ်နှံ၍ ဆက်သွယ်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးတိုက်တွန်းထားပါတယ်။
ယခုပညာသင်နှစ်တွင် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူ ၂၉၂၄ ဦးနှင့် တိုင်းရင်းဆေးတက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိသူ ၁၇၅ ဦး၊ စုစုပေါင်း ၃၀၉၉ ဦးရှိကြောင်း သိရပါတယ်။
ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အနေဖြင့် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များမှ ယနေ့အထိ ဆေးပညာရှင်ဆရာဝန် ၄၇၃၁၃ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် ၅၄၂၇ ဦး၊ ဆေးဝါးပညာရှင် ၄၂၀၃ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင် ၄၅၀၁ ဦး၊ သူနာပြုသိပ္ပံဘွဲ့ရ ၉၄၅၄ ဦး၊ အခြေခံကျန်းမာရေးပညာရှင် ၂၃၅၆ ဦးနှင့် တိုင်းရင်းဆေးဆရာ ၁၄၆၈ ဦး တို့ကို မွေးထုတ်ပေးပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ် တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းများကို ၁၉၆၄ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ဒီပလိုမာ၊ မဟာသိပ္ပံနှင့် ပါရဂူ/ဆေးလက်တွေ့ ပါရဂူ ဘွဲ့လွန် သင်တန်း ၁၃၉ မျိုးကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါတယ်။
တက္ကသိုလ်များမှ Bachelor ဘွဲ့ရရှိပြီး သူများကို သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့လွန် သင်တန်းများဖြစ်ကြတဲ့ Master, Doctorate, Fellowship စသည့် ပြည်တွင်း၊ ပြည်ပသင်တန်းများကို တက်ရောက်ဆည်းပူးနိုင်အောင် စီစဉ်ပေးမှာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များရှိ နောက်ဆုံးနှစ် အမ်ဘီဘီအက်စ်နှင့် နောက်ဆုံးနှစ်ဘီ အက်စ်(နောက်ဆက်တွဲ) သင်တန်းစာမေးပွဲ အောင်မြင်သူများကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အလုပ်သင်ဆရာဝန်များအဖြစ် တာဝန်ချထားနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1780 of 1973