#LocalNews

Published - 19 Dec 2021

 

ဂျာမနီနိုင်ငံက မြန်မာနိုင်ငံအတွင်းက စားနပ်ရိက္ခာလိုအပ်နေတဲ့ပြည်သူတွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာWFPကတဆင့် ၂၀၂၁ခုနှစ်အတွက် ယူရို ၃ သန်းထပ်တိုးထောက်ပံ့လိုက်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးကနေသိရပါတယ်။

 


ပဋိပက္ခများ၊ လူမျိုးစုများကြား ဖြစ်ပွားတဲ့ အကြမ်းဖက်မှုများနှင့် ရာသီဥတုဆိုင်ရာဘေးအန္တရာယ်များကြောင့် အသက်ရှင်နေထိုင်ရန် ခက်ခဲနေသူများအတွက် စားနပ်ရိက္ခာများကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ခြွင်းချက်မရှိ ထောက်ပံ့ပေးလျက်ရှိနေတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံရှိ WFP အနေနဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ စစ်ဘေးရှောင်ပြည်သူပေါင်း ၃၆၀,၀၀၀ အတွက် ကူညီထောက်ပံ့ပေးလျက်ရှိပြီး မြို့ပြနေပြည်သူများကြား စားနပ်ရိက္ခာမလုံလောက်သည့်ပြဿနာ ကြီးထွားလာမှုကို တုံ့ပြန်ရန်အတွက် WFP က မြန်မာနိုင်ငံရဲ့ အဓိကမြို့ပြဒေသများရှိ ပြည်သူပေါင်း ၂ သန်းအထိ ထောက်ပံ့ပေးနိုင်ရန် တိုးမြင့်ရည်မှန်းထားတာကြောင့် ဂျာမနီက မြန်မာနိုင်ငံရှိ WFP အတွက် ယူရို ၃ သန်း ထပ်မံပံ့ပိုးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

စာနာထောက်ထားခြင်း၊ ဘက်မလိုက်ခြင်း၊ သမာသမတ်ကျခြင်းနှင့် အမှီအခိုကင်း လွတ်လပ်ခြင်းဟူသည့် လူသားခြင်းစာနာထောက်ထားမှု သဘောတရားများအပေါ် အခြေခံထားကာ အခက်အခဲဘေးဒုက္ခကြုံတွေ့နေရတဲ့ ပြည်သူများကို ကူညီထောက်ပံ့ရန်မှာ ကမ္ဘာလုံးဆိုင်ရာ တာဝန်ဖြစ်သည်ဟု ဂျာမနီကယူဆပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုစနစ်ကို အားဖြည့်တင်းရန်နှင့် ပိုမိုတိုးတက်စေရန် တက်ကြွစွာ အားပေးထောက်ပံ့လျက်ရှိတယ်လို့ သံရုံးက ထုတ်ပြန်ထားပါတယ်။

#Yangon_Media_Group