#LocalNews

Published - 19 Dec 2021

 

ဒီဇင်ဘာလ ၁၉ ရက် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် Hijet အမျိုးအစားယာဉ်တစ်စီး လမ်းလယ်ကျွန်းအား ဝင်တိုက်ပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအဖွဲ့ကနေ သိရပါတယ်။

 

ဖြစ်စဥ်မှာ ယနေ့ နံနက် ၁၁ နာရီခန့်က ကမာရွတ်မြို့နယ်၊ ပြည်လမ်းအတိုင်းမှ လှည်းတန်းဘက်သို့ မောင်းနှင်လာသော Hijet အမျိုးအစားယာဥ်မှာ စိုက်ပျိုးရေးမှတ်တိုင်အနီးတွင် လမ်းလယ်ကျွန်းအား ဝင်တိုက်ကာ တိမ်းမှောက်ခဲ့တယ်လို့ သိရပါတယ်။

 

"ဖြစ်တာကတော့ ၁၁ နာရီလောက်ကပဲ လမ်းလယ်ကျွန်းအကာအရံတွေကိုတိုက်မိပြီးမှောက်တာပဲ ကျွန်တော်တို့သွားကူတော့ ကားကတော့ထောင်ပြီးသွားပြီ ကားပေါ်မှာ လူနှစ်ယောက်ပါတယ်"လို့ အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

Photo အနာဂတ်အလင်းတန်းပရဟိတအဖွဲ့

#Yangon_Media_Group