#LocalNews

Published - 16 Dec 2021


Western Union ငွေလွှဲထုတ်သူတွေအနေနဲ့ ၅ သိန်းနဲ့အထက် ထုတ်ယူပါက ငွေကျပ် တစ်သောင်းကျပ် CB Bankမှ အပိုဆောင်းထုတ်ပေးမယ်လို့ ကြေညာထားပါတယ်။

ငွေလွှဲသူ၊ ငွေထုတ်သူတွေအတွက် Cash back Promotion ကာလမှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ငွေထုတ်ပေးမယ်လို့ သိရပါတယ်။

စင်ကာပူ၊ မလေးရှားနဲ့  ထိုင်းနိုင်ငံတို့မှ ငွေလွှဲပေးပို့တဲ့ Western Union ငွေလွှဲထုတ်သူတွေအတွက် Promotion အစီအစဉ်အနေနဲ့ CB Bank တွင် ကျပ် ၅ သိန်းနဲ့အထက် ငွေလွှဲလာရောက်ထုတ်သူတွေကို လွှဲလိုက်တဲ့လွှဲငွေ ပမာဏအပြင် တစ်ရက်ကို ငွေသား 10,000 Ks ကျပ်တစ်သောင်းကို CB Bank မှ အပိုဆောင်း ထုတ်ပေးမှာ ဖြစ်ပါတယ်။

ငွေလွှဲသူ၊ ငွေထုတ်သူတို့ဟာ သတ်မှတ်ကာလအတွင်း ငွေလွှဲ၊ ငွေထုတ်ရမယ်လို့ CB bank က ကြေညာထားပါတယ်။

#YangonMediaGroup