#LocalNews

Published - 16 Dec 2021

ကုလသမဂ္ဂရဲ့ ပြီးခဲ့တဲ့နှစ် ကျား၊ မ မညီမျှမှုအညွှန်းကိန်းအရ မြန်မာနိုင်ငံ နိုင်ငံပေါင်း ၁၆၁ နိုင်ငံအနက် အဆင့် ၁၁၈ တွင် ရပ်တည်နေကြောင်း UK သံရုံးက ထုတ်ပြန်ထားပါတယ်။

အမျိုးသမီးများအနေနဲ့ ဓလေ့ထုံးတမ်း စံနှုန်းတွေအရ အမျိုးသမီးတွေဟာ မိသားစုကို ပြုစုစောင့်ရှောက်ဖို့ အိမ်တွင်းမှာသာ နေထိုင်ရလေ့ရှိကြပြီး ခေါင်းဆောင်မှုအခန်းကဏ္ဍကို ထမ်းဆောင်ဖို့ အမျိုးသားတွေထက် အခွင့်အလမ်းတွေ နည်းပါးကြပြီး ထိုဖြစ်စဉ်က လူသားအရင်းအမြစ်နဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အဟန့်အတားသာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အကြမ်းဖက်တာဟာ ကျား၊ မ မညီမျှခြင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး အကြမ်းဖက်မှုဟာ ကျား၊ မ ရေးရာ တရားသေ အယူအဆတွေမှ ပေါက်ပွားလာပြီး၊ လွှမ်းမိုးချုပ်ကိုင်လိုတဲ့ အမျိုးသားရဲ့ သဘောထားတွေ၊ လုပ်ပိုင်ခွင့်အာဏာ မညီမျှခြင်းနဲ့ အမျိုးသားနဲ့ အမျိုးသမီးတစ်ဦးချင်စီကြား အပါအဝင် အုပ်စုအဖွဲ့လိုက် ကြားအတွင်း ဆက်ဆံရေးမညီမျှတာတို့က တွန်းအားပေးနေတယ်လို့  သံရုံးက ဆိုပါတယ်။

ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ ဖြစ်စဉ်ဟာ အမျိုးသမီးများအနေနဲ့ နိုင်ငံရေးတွင် ကိုယ်စားပြု ပါဝင်ခွင့်ရရှိရေးနဲ့ အဆင့်မြင့်ပညာ သင်ကြားခွင့် (သို့မဟုတ်) အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရေး အစရှိတဲ့ ပြသနာများစွာကို ပိုမိုဆိုးရွားစေခဲ့တယ်လို့  မြန်မာနိုင်ငံဆိုင်ရာ  UK သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ကျား၊ မ တန်းတူညီမျှမှုနဲ့  ကျား၊ မ အခြေပြု အကြမ်းဖက်မှုတိုက်ဖျက်ဖို့ မြန်မာနိုင်ငံရှိ အမျိုးသမီးတွေ ဦးဆောင်တဲ့ အဖွဲ့အစည်းတွေကို ယူကေအစိုးရက ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ သိရပါတယ်။