#LocalNews

Published - 16 Dec 2021

 

ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွင်းမှာ ကိုဗစ်ဖြစ်ပွားမှုနှုန်းတွေ ပြန်လည်လျော့ကျလာပြီး လတ်တလောတွင် ရောဂါဖြစ်ပွားမှုနှုန်းကို ထိန်းချုပ်ထားနိုင်ပြီဖြစ်လိုh စိုးရိမ်စရာအခြေအနေမှာ မရှိတော့ဘူးလို့ ပူတာအိုမြို့ ဒေသခံများထံမှ သိရပါတယ်။

 

ဒါ့အပြင် ပူတာအိုဒေသတွင် ကိုဗစ်ရောဂါကာကွယ်၊ထိန်းချုပ်ရေးနဲ့ ပတ်သက်သည့် လုပ်ငန်းစဥ်တွေကို ခရိုင်၊မြို့နယ်အဆင့် ကျန်းမာရေးဌာနများနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များက ပူးပေါင်၍ ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

 

"ကိုဗစ်က တော်တော် လေး လျော့လာတယ်။ ဖြစ်တော့ဖြစ်နေပေမယ့် အရမ်းမဆိုးတော့ဘူး။ အခုလည်း Positive တို့ ဘာတို့ပေါ်ပါတယ်၊ ဒါပေမဲ့ အရင်ကလောက် ရောဂါလက္ခဏာမပြင်းထန်ဘူး။ အရင်လတုန်းကဆိုရင် တော်တော်ဆိုးတာတွေရှိခဲ့တယ်၊ ရောဂါလက္ခဏာတွေလည်း ပြင်းထန်တယ်၊ အောက်ဆီဂျင်ကျတာလည်းရှိခဲ့တယ်၊ အခုက ရောဂါကိုထိန်းချုပ်ထားနိုင်ခဲ့ပါပြီ။ ဆိုးဆိုးရွားရွား လက္ခဏာပြတဲ့သူတွေလည်း မရှိတော့ပါဘူး။ တစ်ယောက်စ နှစ်ယောက်စလောက်ဘဲ ရောဂါတွေ့တော့ပါတယ်။"လို့ ပူတာအိုဒေသခံ တစ်ဦးဖြစ်သူ ကိုဆန်လုရမ်ဆိန်းက အခုလို ပြောပြခဲ့ပါတယ်။

 

ပြီးခဲ့တဲ့လပိုင်းတွေ အတွင်းက အဆိုပါ ပူတာအိုဒေသမှာ ရာသီတုပ် ကွေးဖျားနာလူနာတွေ များပြားလာခဲ့ခြင်းဖြစ်ပြီး ရာသီတုပ်ကွေးနှင့်တွဲ၍ ကိုဗစ် ၁၉ Positive လူနာအများအပြားကိုတွေ့ ရှိခဲ့ခြင်းဖြစ်သလို လူသေဆုံးမှုအချို့လည်း ရှိခဲ့တာပါ။

 

သို့သော်လည်း ယခုအချိန်ကာလမှာ ရောဂါဖြစ်ပွားမှုနှုန်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး ပူတာအိုမြို့ပေါ် ဆေးရုံတွင် ယခင်က ကိုဗစ် Positive လူနာ ၁၀၀ ကျော်အထိရှိခဲ့ရာမှ ယခုကာလမှာ တော့ လူနာအရေအတွက်က ၃၀ ဝန်းကျင်ခန့်သာ ကျန်ရှိတော့ကြောင်း သိရပါတယ်။

#Yangon_Media_Group