#LocalNews

Published - 16 Dec 2021

 

ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းက မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)ရဲ့ဝန်ထမ်း အမျိုးသားတစ်ဦးကို သေနတ်သမားတစ်ဦးက ပစ်ခတ်သွားတာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၄၀ မှာ ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ကြံခင်းစုရပ်ကွက် မေတ္တာလမ်းတွင်နေထိုင်သူ လေကြောင်းလိုင်းဝန်ထမ်းတစ်ဦးဖြစ်သူ ဦးသန်းဌေးအောင်ဟာ လက်ဖက်ရည်ဆိုင်မှ နေအိမ်သို့ပြန်လာစဉ် ကြံခင်းစုရပ်ကွက်၊ မေတ္တာလမ်း၊ ၎င်းရဲ့နေအိမ်ရှေ့လမ်းပေါ်မှာ အမည်မသိ အမျိုးသားတစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့သတင်းအရသိရပါတယ်။

 

အခင်းဖြစ်နေရာကို လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးရာမှာ LUGER NRC 9 MM ကျည်ခွံ ၁ ခုတွေ့ရှိခဲ့ပြီး အခင်းဖြစ်နေရာအား ဆက်လက်ရှင်းလင်းရာ ၁ဝ ပေခန့်အကွာ ၎င်းရဲ့နေအိမ်ခြံစည်းရိုးအစပ်မှာ ကီးပတ်ဖုန်းပါ လက်လုပ်ဗုံး ၁ လုံးတွေ့ရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေကရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။

#Yangon_Media_Group