#LocalNews

Published - 16 Dec 2021

ဒီဇင်ဘာ ၁၆ ရက် (ကြာသပတေးနေ့)တွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၂၉)မြို့နယ်၌ အချိန်ပိုင်း ယာယီလျှပ်စစ်ဓါတ်အားပြတ်တောက်မှု ဖြစ်ပေါ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက လျှပ်စစ်သုံးစွဲသူ မိဘပြည်သူများထံသို့ အသိပေးပန်ကြားထားပါတယ်။

 

ယင်းကဲ့သို့ ယာယီလျှပ်စစ်ဓါတ်အားပြတ်တောက်ရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းဖို့ ဖြစ်တယ်လို့ (YESC)က ဆိုပါတယ်။

 

ယာယီလျှပ်စစ်ဓါတ်အားပြတ်တောက်မည့် မြို့နယ်များအနေနဲ့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ဒဂုံမြို့သစ်(မြောက်ပိုင်း)၊သင်္ဃန်းကျွန်း၊မြောက်ဥက္ကလာပ၊ရွှေပေါက်က္ကံ၊ ကြည့်မြင်တိုင်၊လမ်းမတော်၊ အလုံ၊ လှိုင်၊ မရမ်းကုန်း၊ သန်လျင်၊ ကျောက်တန်း၊ခရမ်း၊ သုံးခွ၊ တံတား၊ ကော့မှူး၊ လှည်းကူး၊ဖောင်ကြီး၊ထောက်ကြန့်၊ မြောင်းတကာ၊ မှော်ဘီ၊မင်္ဂလာဒုံ၊ လှိုင်သာယာ(အရှေ့ပိုင်း)၊လှိုင်သာယာ(အနောက်ပိုင်း)၊ရွှေပြည်သာ၊ အင်းစိန်မြို့နယ်တို့ဖြစ်ပြီး နံနက် ၉ နာရီမှ စတင်၍ မွန်းတည့် ၁၂ နာရီအထိ အချိန် ၃ နာရီကြာ လျှပ်စစ်ဓါတ်အား ယာယီပြတ်တောက်မှာဖြစ်တယ်လို့ သိရပါတယ်။

 

သို့သော်လည်း အရေးကြီးနေရာများကိုတော့ ဓာတ်အားပြတ်တောက်မှုမရှိစေရေး အလေးထားစီစဉ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ထုတ်ပြန် ကြေညာထားပါတယ်။

ဓါတ်ပုံ - YESC

#Yangon_Media_Group