#LocalNews
Published_ 24 March 2023
မတ်လ(၂၇)ရက်တွင်(၇၈)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနား နေပြည်တော်၌ကျင်းပမည်ဖြစ်၍ ရန်ကုန်-မန္တလေးလမ်းဟောင်းနေရာအချို့ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်၊၊

ရန်ကုန်-မန္တလေးလမ်းဟောင်း ပျဉ်းမနားမြို့နယ် ဘောဂသီရိမီးပွိုင့်မှ ဇေယျာသီရိမြို့နယ် သိုက်ချောင်း လမ်းဆုံမီးပွိုင့်အထိ မနက်(၅)နာရီမှ(၁၀)နာရီအထိ ခေတ္တလမ်းပိတ်/လမ်းလွှဲထားမည်ဖြစ်သည်ဟုဆိုသည်၊၊

မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် မတ်လ (၂၇)ရက်တွင် နေပြည်တော်ဇေယျာသီရိမြို့နယ် သိုက်ချောင်းလမ်းဆုံမီးပွိုင့်မှ နိဗ္ဗာန်လမ်း (မြို့ပတ်လမ်း)အတိုင်း ခွာညိုပန်းအဝိုင်းအထိ၊၎င်းမှ ရာဇသင်္ဂဟလမ်းအတိုင်းကုမုဒြာကြာပန်းအဝိုင်းအထိ ၊ရာဇဌာနီလမ်းအတိုင်း ပျဉ်းမနားမြို့နယ် ပန်းခင်းလမ်း မီးပွိုင့်-ဘောဂသီရိမီးပွိုင့်မှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းဟောင်းသို့မောင်းနှင်ပေးကြရန်
နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှသတိပေးနှိုးဆော်ထားကြောင်း သိရသည်၊၊

ymg/tthl
#Yangon_Media_Group