#LocalNews
Published_ 24 March 2023

မတ်လ၂၄ရက်နေ့ ရွှေအဖွင့်စျေးမှာ ၂၃သိန်း၄သောင်းကျော်ရည်ညွှန်းသတ်မှတ်ထားကြောင်းရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှသိရသည်။ကမ္ဘာ့ရွှေပေါက်စျေးမှာ တစ်အောင်စကို ၁၉၉၀ ဒေါ်လောက်ပေါက်စျေးရှိ​နေကြောင်း ကမ္ဘာ့ရွှေစျေးကွက်အတွင်းစုံစမ်းသိရှိရသည်။

ကမ္ဘာ့ရွှေစျေးမြင့်တက်နေသည့်အတွက် စျေးကွက်ထဲမှာစျေးနူန်းအပြောင်းအလဲများနေပြီး စျေးကစားသူတွေလည်းရှိနေကြောင်း ရန်ကုန်ရွှေအသင်းက သတိထုတ်ပြန်ထားပါသည်။ကမ္ဘာ့ရွှေစျေးနှင့် ပြည်တွင်းရွှေစျေး ချိတ်ဆက်မူမရှိသည့်အတွက် ရွှေစျေး အပြောင်းအလဲဖြစ်မည်ကို စိုးရိမ်စရာမလိုကြောင်း ရန်ကုန်ရွှေအသင်းကထုတ်ပြန်ထားသည်။

ပြည်တွင်းရွှေစျေးဟာ မတ်လ ဒုတိယအပတ်မှာ တည်ငြိမ်နေပေမယ့် တတိယအပတ်ထဲမှာ စျေးနူန်းအမြင့်ဘက်ရောက်ရှိလာပြီးသိန်း၃၀နီးပါးအထိပေါက်စျေးရှိနေသည်။
ymg/ynzw
#Yangon_Media_Group